တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်သူများအတွက် ဘာတွေအကြံပြုချင်သလဲ

0
22417
၂၀၁၇ ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မြန်မာနိုင်ငံလုံးတွင် ဖြေဆိုရ တော့မည် ဖြစ်ပါသည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုရရှိရေးအတွက် မိဘတိုင်းက အထူးဂရုပြုကြရာ တက္ကသိုလ်ဝင် တန်းစာမေးပွဲအောင်မြင်ရေးအတွက် ယခုလို <!--more-->

အနီးကပ်လေ့လာကျက်မှတ်နေရသည့် ကာလတွင် ကျောင်း သား/သူများအတွက် အကြံပြုထားသည်များကို ဖော်ပြလိုက်ရပါသည်။
image1
ဒေါ်သောင်းရီ၊ မှိန်ဂနိမ်းကျေးရွာ
မုဒုံမြို့နယ်

တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုကြမယ့် သားငယ်၊ သမီးငယ်တွေကလည်း မိမိပင်ကိုယ်အသိစိတ်ဓာတ်တွေနဲ့ ကြိုးစားအားထုတ်မှုတော့ရှိစေချင်တယ်။ ငွေဆိုတာ အရွယ်သုံးပါးစလုံးရှာဖွေနိင်ကောင်းရဲ့ဆိုပေမဲ့ လည်း ပညာဆိုတာ အချိန်ရှိခိုက်လုံ့လစိုက်မှသင့်ပေမယ်။ ဒါကြောင့်လဲ မိမိဘဝပန်းတိုင်၊ မိဘတွေရဲ့အဖြစ်ချင်ဆုံး၊ အမြင်ချင်ဆုံးပုံရိပ်လွှာဖြစ်တဲ့ ဒီစာမေးပွဲကိုမဆုတ်မနစ်သော စိတ်ဓာတ်ဖြင့် ဝင်ရောက်ဖြေဆိုနိင်ကြဖို့ အကြုံပြုလိုတယ်။ ပြီးတော့နောက်အကြံပြုချင်တာက စာမေးပွဲမတိုင်မှီ ကာလနဲ့စာဖြေကာလတွေမှာ ရပ်ရွာ ထဲမှာ လော်စပီကာနှင့် အသံချဲ့စက်အသံတွေက သူတို့လေးတွေကို စိတ်အနှောက်အယှက်အဖြစ်စေဆုံးပဲ။ ဒါကိုလည်း တာဝန်ရှိတဲ့သူတွေကကြပ်မတ်ဆောင်ရွက်ပေးဖို့လိုတယ်။
image3
ဦးအောင်စိုး၊ ကျုရှင်ဆရာ
သံဖြူဇရပ်မြို့

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူများအတွက် အကြံပြုချင်တာက ကျန်းမာရေးဂရုစိုက်ဖို့ အထူး လိုအပ်တယ်။ ကိုယ့်ဝန်ကိုယ့်အားကိုညှိတတ်ဖို့လိုတယ်။ အချိန်တွေ အလဟသအကုန်မခံဖို့ ကိုယ်ပိုင်မယ် ဆုံးဖြတ်ထားတဲ့ အပိုင်းကို ပိုင်နိုင်အောင် ကြိုးစားဖို့ လိုတယ်။ စာကျက်နေရာမှန်ဖို့ ကိုယ်လုပ်တဲ့ အလုပ် စိတ် ကူးတိုင်းဟာ စာမေးပွဲအတွက် အထောက်အပံ့ဖြစ်စေရမယ်။
image5
ဦးကျော်မြင့်
(မော်လမြိုင်)

ကလေးတွေကို ဒီအချိန်မှာစိတ်မလေဘဲ စာမေးပွဲကိုကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်ဖို့အတွက် အာရုံစိုက်စေချင်တယ်။ ဖြေဆိုရမယ့်ကျောင်းတွေမှာလည်း ကလေးတွေရဲ့ကျန်းမာရေးအတွက် အချိန်မှီ ကုသပေးနိုင်မယ့် ဆေးဌာနတွေထားပေးချင်တယ်။ စာမေးပွဲသွားဖြေရတဲ့အခါ လမ်းမှာ ယာဉ်အန္တရာယ် ကင်း ရှင်းစေဖို့အတွက် တာဝန်ရှိသူတွေကို ဆောင်ရွက်စေချင်တယ်။ ပြီးတော့ ရပ်ကွက်ထဲမှာလည်း အသံချဲ့စက် တွေနဲ့ ဆူညံမှု မရှိရအောင်လုပ်ထားစေချင်တယ်။
image7
ဒေါ်မြင့်မြင့်ခင်
(မော်လမြိုင်)

ကလေးတွေအနေနဲ့ အခြားကိစ္စတွေမှာအာရုံမထားဘဲ စာကိုပဲ စိတ်ထဲထည့်ထားပါ။ အားနည်းတယ်လို့ ထင်ရတဲ့ ဘာသာတွေကိုပိုပြီးကျက်မှတ်ပါ။ ကလေးတွေလည်း ကျန်းမာရေးကိုအထူးဂရုစိုက်ပါ။ ရပ်ကွက်ထဲမှာ လည်း အသံချဲ့စက်နဲ့ လော်စပီကာအသံတွေကို စားမေးပွဲမဖြေခင်နဲ့ ဖြေနေဆဲကာလအတွင်း မဖွင့်ရအောင် တာဝန်ရှိသူတွေကို ဆောင်ရွက်စေချင်တယ်။
image9
မရတနာဦး၊
၂၀၁၆ပညာသင်နှစ်၊ (၂)ဘာသာဂုဏ်ထူးရှင်၊ မုဒုံမြို့

ဒီချိန်ကာလက တက္ကသိုလ်ဝင်တန်းဖြေဆိုကြမယ့် ကျောင်းသား/သူတွေအနေနဲ့ အသင့်အနေအထား ဖြစ်နေရမယ်။ ပွဲမဝင်ခင်အပြင်က ကျင်းပဆိုသလိုပြန်လှန်လေ့ကျင်၊ မှတ်သား၊ ဖြေဆိုခြင်းတွေနဲ့ အပတ်တကုတ်ကြိုးစားနေရမယ်။ တက္ကသိုလ်ဝင်စားမေးပွဲဆိုတာ ဘယ်မေးခွန်းပဲ လာလာအသင့်ဖြစ်နေသူအတွက်အောင်မြင်ခြင်းက မလွဲမသွေရှိနေမှာပါ။ ပြီးတော့အနီးကပ်မေးခွန်းတွေကို မယုံကြည်ကြဖို့လည်းလိုတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တော့ စိတ်၊ကျန်းမာရေးကောင်းမွန်မှုကိုလည်း ဂရုစိုက်ဖို့လည်းလိုအပ်တယ်။ မိဘတွေကလည်း မိမိသားသမီးတွေကို အောင်မြင်ဖို့ရာအတွက် ဖိအားပေးမှုထက် ဒီချိန်ကာလမှာစိတ်ငြိုငြင်မှုမရှိအောင်ထားရှိဖို့လည်းလိုတယ်။ မြို့၊ရပ်၊ရွာအုပ်ချုပ်ရေးအပိုင်းကလည်း အနှောင့်အယှက်ဖြစ်စေတဲ့အသံချဲ့စက်သံတွေ၊ ဆူညံသံတွေကိုလည်း ထိထိရောက်ရောက်ဟန့်တားနိင်စွမ်းရှိဖို့လည်းလိုတယ်။
image11
ဦးဘရှင်း၊ အုပ်ချုုပ်ရေးမှူး၊ မိုးနိုင်းရပ်ကွက်
ပေါင်မြို့

နှစ်ပိုင်းရှိတယ်။ မိဘရဲ့အပိုင်းနဲ့ ကလေးတွေအပိုင်း ဖြစ်တယ်။ ကလေးတွေအနေနဲ့က အပျော်အပါး ကိစ္စတွေကို ရပ်ထားပါ။ ကိုယ်မှီတဲ့ဘာသာကို ဖိဖိစီးစီးကျက်မှတ်ပါ။ နားမလည်ရင် မိမိရဲ့ဆရာ/ ဆရာမတွေကို တိုင်ပင်ထားသင့်တယ်။ အကြံဉာဏ်တွေယူသင့်တယ်။ စာမေးပွဲကို ဖိအားတစ်ခုအနေနဲ့ သဘောမထားပဲ။ ပေါ့ ပေါ့ပါးပါးဖြေနိုင်အောင် စိတ်ထဲမှာ ရှင်းနေအောင်ထားထားသင့်ပြီ။ အပြင်က အပေါင်းအသင်းတွေကို ခေတ္တမေ့ ထားပါ။ ဖေ့ဘုတ်နဲ့ ဖုန်းသုံးတာရပ်ထားပါလို့ အကြံပြုချင်တယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို စိတ်ချမ်း သာအောင် ဖန်တီးပေးထားပါ။ ကိုယ့်ကလေးရဲ့အားနည်းချက်ကိုသိအောင်လုပ်ပြီး အချိန်မီကုစားနိုင်အောင် စီစဉ်ပေးထားစေချင်တယ်။
image13
ဦးသက်နိုင်ဦး လက်ထောက်ညွှန်ကြားရေးမှုး သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး
သထုံမြို့

အချိန်ကပ်နေပြီ။ တစ်လခွဲလောက်ပဲလိုတော့တာဆိုတော့ ကိုယ့်အားနည်းချက်ကို ကိုယ်အသိဆုံးဖြစ် တာမို့ အားနည်းတဲ့ဘာသာမို့ ဆိုပြီးပစ်မထားနဲ့။ အဲဒါကို ပိုပြီးလေ့လာကျက်မှတ်ပါ။ ဘယ်လိုကုစားရမလဲဆို တာနားမလည်ရင် ဆရာဆရာမတွေကို ပွင့်လင်းစွာတိုင်ပင်ကြပါ။ အားအနည်းဆုံးဘာသာကို ပိုပြီးအချိန်ပေး ကျက်မှတ်ပါ။ ဂုဏ်ထူးရဖို့ လောဘကြီးပြီးအလှမ်းကျယ်တာမျိုးထက် ဉာဏ်ရယ် လုံ့လရယ် မျှတအောင် လုပ် ကြပါ။ မိဘတွေကလည်း ဒီအချိန်မှာ ကိုယ့်သားသမီးနဲ့ သူငယ်ချင်းလိုလုပ်ပြီး တိုင်ပင်ဖေါ်အဖြစ်နေပေးပါ။ အခြေအနေကိုသိအောင်လုပ်ထားပါ။ သူ့အားနည်းချက်ကိုဘယ်လိုကုစားမလဲဆိုတဲ့ ဆရာဆရာမတွေနဲ့
ချိတ်ဆက်ပံ့ပိုးမှုတွေလုပ်ပေးပါလို့အကြံပေးချင်ပါတယ်။
image15
မဖွေးဖွေးဆုပိုင်အောင် (၂၀၁၃ ပညာသင်နှစ်၊ ၄ ဘာသာဂုဏ်ထူးရှင်၊ ရန်ကြီးအောင်ရပ်ကွက်၊ ရေးမြို့)

အဓိကကကတော့ တစ်နေ့စာတစ်နေ့ပုံမှန်လေ့လာပြီးတော့ ဆရာ/မတွေပြောတဲ့စကားတွေကို နာယူ မှတ်သားရပါမယ်။ နောက်ပြီးတော့ ကျန်းမာရေးကိုလဲ ဂရုစိုက်ရပါမယ်၊ မေးခွန်းဟောင်းတွေကို စနစ်တကျနဲ့
လေ့ကျင့်ပေးရပါမယ်။ ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလိုပေါ့၊ စာမေးပွဲနီးလာပြီးဆိုလဲ စိတ်ဖိစီးမှုမဖြစ်စေပဲနဲ့ စိတ်အေးအေးနဲ့ ပုံမှန်လေးကြိုးစားသွားရင် ရည်မှန်းထားသလို ဖြစ်လာမှာပါ။ အားလုံး ထူးချွန်စွာနဲ့ဖြေနိုင်ပါစေ။
image17
ဒေါ်ခိုင်ခိုင်မိုး (အားကစားမှူး၊ ရေးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန)

တက္ကသိုလ်ဝင်စာမေးပွဲဖြေမယ့်ကျောင်းသူကျောင်းသားတွေအနေနဲ့ အဓိက ကျန်းမာရေးကို ဂရုစိုက် ရပါမယ်။ အပျော်အပါးတွေ လျှော့ရပါတော့မယ်။ သင်ခန်းစာတွေကို ဂရုတစိုက်နဲ့ သေချာစွာ လေ့လာနေရပါ တော့မယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေ ကောင်းမွန်အောင် လုပ်ထားရပါတော့မယ်။ ဆရာ၊ ဆရာမ တွေရဲ့ ညွှန်ပြသင်ကြားမှုတွေနဲ့အတူ ကြိုးစားသွားစေချင်ပါတယ်။ ဒါဆိုရင် သူတို့လေးတွေလိုချင်တဲ့ အောင်မြင် မှုပန်းတိုင်က မဝေးပါဘူးလို့ ပြောချင်ပါတယ်။
image19
မအိမ်စည်မင်းသိန်း (၂၀၁၆ ခုနှစ် ခြောက်ဘာသာဂုဏ်ထူးရှင်၊ အ.ထ.က (၈) မော်လမြိုင်)

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးဖြေတဲ့အခါ ကျရင် ညပိုင်း နှစ်နာရီ ၊ သုံးနာရီ ညဉ့်နက်တဲ့ အထိ စာမလုပ်ပဲနဲ့ အဲ့ဒီနေ့မှာ အိပ်ရေး၀၀ အိပ်စေချင်တယ်။ အိပ်ရေးပျက်ရင်စာတွေ မေ့တတ်ပါတယ်။ ဖြေ မယ့်နေ့မှာ ကြည့်ဖို့အတွက် အခုကတည်းက Note ထုတ်ထားစေချင်တယ်။ Spot တွေဘာတွေလည်း မလိုက် ပါနဲ့။ သူများပြောတာတွေလည်း မယုံပါနဲ့။ မွန်ပြည်နယ်က ညီငယ်ညီမငယ်တွေကို ညီမတို့ ရန်ကုန်ဆေး တက္ကသိုလ်(၂) က ကြိုဆိုနေပါတယ်။
image21
မောင်ဒီပါမင်းထက် (၂၀၁၆ခုနှစ် ဘာသာစုံ ဂုဏ်ထူးရှင်၊ မော်လမြိုင်(ပညာမြေ) ကိုယ်ပိုင်အထက်တန်းကျောင်း)

စာကျက်မယ်ဆိုရင်တော့ အားလေးတစ်ခုထည့်ပြီးကျက်စေချင်ပါတယ်။ ဥပမာ ငါ့အတွက်၊ ငါ့မိဘ အတွက်ပေါ့။ အမှတ်ပေးစည်းမျဉ်းတွေကိုလည်း လေ့လာပါ။ မေးခွန်းဟောင်းတွေကို သေချာလေ့ကျင့်ပါ။ Definition တွေကို သေချာ ကျက်စေချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.