Viber ထဲက မှားပြီးဖျက်လိုက်မိတဲ့ message တွေကို ပြန်လိုချင်တယ်ဆိုရင်

0
19365

Viber မှာ ကိုယ့်ရဲ့ချစ်သူဆီကဖြစ်ဖြစ် အရေးကြီးတဲ့အလုပ်ကိစ္စတွေပဲဖြစ်ဖြစ် ပို့ထားတဲ့စာတွေကို မှားပြီးဖျက်လိုက်မိပြီဆိုရင်တော့ အဲ့ဒီ message တွေ ပြန်ယူတဲ့နည်းလေးကို သံလွင်တိုင်းမ်က ဖော်ပြပေးလိုက်ပါတယ်။

တင်ဆက်သူ-TU Arkar Min

ပထမဦးဆုံးအနေနဲ့ Es Explorer ဆိုတဲ့ Software လေးကို ဒေါင်းလုတ် လုပ်ထားလိုက်ပါ။

Browser ထဲမှာ https://goo.gl/p1aWwg

This slideshow requires JavaScript.

ဆိုပြီးရိုက်ထည့်ပြီး ဒေါင်းယူကာ install လုပ်ထားလိုက်ပါ။

ပြီးရင်တော့ Viber ထဲဝင်ပြီး ဘယ်ဘက်ထိပ်က အကြောင်း(၃) ကြောင်းကို နှိပ်ပါ။ Setting ထဲဝင်ပြီး E mail message history ကိုနှိပ်ပါ။

အောက်ဘက်မှာ G mail ဆိုတာကို ဆက်ဝင်ပါ။ ကိုယ်ပို့ချင်တဲ့ g mail လိပ်စာ ကိုထည့်ပါ။ ပြီးရင် ပို့လိုက်တဲ့ G mail ဆီကိုသွားပါ။

Viber message.zip ဘေးနားမှာ မြှားလေးကိုနှိပ်ပြီး ဒေါင်းယူလိုက်ပါ။

ပြီးရင်တော့ စောစော က install ထားတဲ့ ES Explorer ထဲက Download ဖိုင်ကို ဝင်ပါ။ Viber Message ဆိုတာတွေ့ပါပြီ။နှိပ်လိုက်တာနဲ့ Archive preview နဲ့ ES Zip Viewer တွေ့တဲ့အခါ ES Zip Viewer ကိုရွေးပေးလိုက်ပါ။

ပြီးရင် ကိုယ်ဖျက်လိုက်တာက စာသားဆိုရင် Text ၊ အသံဆိုရင် Audio စသဖြင့် ကိုယ်ဖျက်လိုက်တာကို ရွေးချယ်ပေးလိုက်ပါ။

ဒီမှာတော့ စာသားတွေ ဖျက်လိုက်မိလို့ Text ကိုရွေးလိုက်ပါတယ်။ပြီးရင် တစ်ယောက်ချင်းစီရဲ့ စာသားဖိုင်တွေ ပေါ်လာပါလိမ့်မယ်။နှိပ်လိုက်ပါ။ Browser ၊ ES Note Editor ၊ WPS Office(Kingsoft) တွေပေါ်လာတဲ့အခါ WPS Office ကိုရွေးပေးလိုက်ပါ။ဒီမှာတော့ WPS ဆော့ဝဲ ရှိနေလို့ အဲ့ဒါကိုရွေးပေးလိုက်တာပါ။မရှိရင်တော့ ES Note Editor ကိုနှိပ်လည်းရပါတယ်။

ကဲ သံလွင်တိုင်းမ်ရဲ့ စာဖတ်ပရိတ်သတ်များ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ဒီအကြောင်းနဲ့ပတ်သတ်ပြီးတော့ သိချင်တာရှိရင်လည်း Than Lwin Times ရဲ့ Facebook Page မှာ မေးမြန်းနိုင်ပါတယ်။နောက်တစ်ပတ်မှာလည်း ဘယ်လိုအကြောင်းအရာတွေကို တင်ဆက်ပေးသွားမလဲဆိုတာ ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။အဆင်ပြေကြပါစေဗျာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.