GMail Password မေ့သွားခဲ့လျှင်

0
17788

တင်ဆက်သူ-TU Arkar Min

G mail တွေလျှောက်တာများလို့ပဲဖြစ်ဖြစ်၊ မေ့လွယ်လို့ပဲဖြစ်ဖြစ် password တွေမေ့သွားတဲ့အခါ password လေးပြောင်းပေးပြီး အဲ့ဒီ gmail ကို ပြန်ယူလို့ရပါတယ်။ သံလွင်တိုင်းမ်ရဲ့ စာဖတ်ပရိတ် သတ်တွေရဲ့ gmail တွေကလည်း လုပ်ငန်းခွင်မှာ အရေးကြီးတဲ့ gmail Account တွေ ဖြစ်ကောင်း ဖြစ်ကြပါလိမ့်မယ်။

G mail password မေ့ပြီဆိုရင် ပထမဦးဆုံး Browser ထဲမှာ forgot google password ဆိုပြီး ရိုက်ထည့်လိုက်တာနဲ့ change or reset your Google Account password-Gmail Help ဆိုပြီး ပေါ်လာပါလိမ့်မယ်။အဲ့ဒါလေးကိုနှိပ်ပြီး Forgot password ဆိုတာဆက်နှိပ်ပေးပါ။ trouble signing in ဆိုတာတွေ့ရင် ဆက်နှိပ်ပေးပါ။ gmail ဖြည့်ဖို့ box လေးကျလာပြီဆိုရင် ကိုယ် password မေ့နေ တဲ့ gmail account ကိုဖြည့်ပါ။Password တောင်းပါလိမ့်မယ်။ ကိုယ်က password မေ့နေတဲ့အတွက် ဘာပဲဖြစ်ဖြစ်ဖြည့်ပေးလိုက်ပါ။

Send Again ဆိုတာလေးတွေ့ရင် နှိပ်လိုက်တာနဲ့ Unlock ဖြစ်သွားပါပြီ။ Yes Or No လို့မေးလာခဲ့ ရင် Yes လို့နှိပ်ပေးလိုက်ပါ။ ဒါဆိုရင် ကျလာတဲ့ Box နှစ်ခုမှာ ကိုယ်ပေးချင်တဲ့ password အသစ်ကို ပေးလို့ရပါပြီ။ ပြီးရင်တော့ကိုယ့်မှာ တစ်ခြား gmail အကောင့်တွေရှိနေရင်တော့ Recovery နေရာမှာ ထည့်ပါ။ မရှိလည်း Skip ကို နှိပ်ပါ။ Continue ဆက်နှိပ်ပါ။ အဆင်ပြေပါပြီ။ အသေးစိတ်ရှင်းပြပေး ထားပါတယ်။ ပုံမှာလည်းကြည့်ရှုနိုင်ပါတယ်။ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ် ပတ်မှာလည်း ဘယ်လိုအကြောင်းအရာတွေကို တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက် စောင့် မျှော်ဖတ်ရှုနိုင်ပါတယ်။

This slideshow requires JavaScript.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.