လူသတ်မှုဖြင့်အရေးယူခံထားရသည့် ရဲ ၇ယောက်အမှုအား နိုဝင်ဘာ ၂၃ ရက်နေ့တွင် အမိန့်ချမည်

0
12005

သထုံမြို့နယ် ချမ်းမြေ့တည်းခိုခန်းမန် နေဂျာ ကိုကျော်သက်အောင် အား အမှုတစ်ခုဖြင့်ဖမ်းဆီးထားစဉ် သထုံခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲအုပ်လှိုင်ဝင်းထွန်းပါ
ရဲတပ်ဖွဲ့ ဝင် ၇ ယောက်က သထုံမြို့မရဲစခန်းအချုပိ ခန်းမှထုတ်ယူပြီး စစ်ဆေးစဉ် ကိုကျော်သက်အောင်၏ နံရိုး ၃ချောင်းကျိုးပြီးအသည်း စုတ်ပြတ်ဒဏ်

ရာများဖြင့် သေဆုံးသွားခြင်း ကြောင့် ရဲတပ်ဖွဲ့ဝင် ၇ ယောက်ကို လူသတ်မှုဖြင့် တရားစွဲဆိုထားသည့်အမှုအား နိုဝင်ဘာ ၂၃ ရက်နေ့တွင် အပြီးသတ်အ
မိန့်ချမှတ်သွားရန် ချိန်းဆိုထားသည်။

သထုံခရိုင်တရားရုံးတွင် ရုံးချိန်းပေါင်း ၃၀ ချိန်းဆိုစစ်ဆေးခဲ့ပြီး နောက် နိုဝင်ဘာ ၁၅ ရက်နေ့က အပြီးသတ်လျောက်လဲချက်အား နှစ်ဘက် 

ကြားနာပြီးခရိုင်တရားသူကြီးမှ ယခုကဲ့သို့ အမိန့်ချမှတ်မည့်နေ့ ရက်ကို ချိန်းဆိုလိုက်ခြင်းဖြစ်သည်။ “တရားခံတွေဘက်က ရှေ့နေတွေက သူတို့ရဲ့အမှု
သည်တွေက အခင်းဖြစ်စဉ်မှာ သူတို့အခင်းဖြစ်နေရာမှာမရှိကြဘူး တရားလိုဘက်က သက်သေခံဥပဒေအရသက်သေခိုင်ခိုင်လုံလုံမပြနိုင်ဘူဆိုပြီး လွှတ်ပေး
ဖို့လျောက်လဲချက်ပေးကြတယ် ကျွန်တော့်ဘက်ကတော့ သူတိုရဲစခန်းအချုပ်ထဲကနေ ကိုကျော်သက်အောင်ကို ထုတ်ယူသွားတာ ရဲစခန်း မှတ်ပုံတင် ၄
မှာဖော်ပြထားတယ် သူတို့စစ်ဆေးပြီးညနေပိုင်းကျတော့ ကိုကျော်သက်အောင်ရဲ့ အလောင်းကို ဆေးရုံပို့ခဲ့တာထင်ရှားနေကြောင်း ကိုကျော်သက်အောင်
သေဆုံးမှုက အဲဒီရဲ ၇ ယောက်ရဲ့ ပယောဂ ကြောင့်သေတာထင်ရှားနေကြောင်းလျောက်လဲချက်ပေးထားပါတယ် “ဟု အဆိုပါအမှုကို တရားလိုဘက်မှ လိုက်
လိုက်ပါနေသူ ခရိုင်ဥပဒေအရာရှိဦးတင်မောင်က သံလွင်တိုင်းမ်သို့ပြောသည်။
%e1%80%92%e1%80%af%e1%80%9b%e1%80%b2%e1%80%99%e1%80%bd%e1%80%b4%e1%80%b8-%e1%81%80%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%ad%e1%80%94%e1%80%b9-%e1%80%b1%e1%80%95%e1%80%ab%e1%80%84%e1%80%b9
ယခုနှစ်မတ်လ၂၁ ရက်နေ့က သထုံခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲအုပ်လှိုင်ဝင်းထွန်း ၊ဝင်းညွန့်၊ စိုးအောင်၊ ဉာဏ်စိုး၊ကိုကိုဆွေ ၊အောင်ကိုလတ်၊နှင့် သထုံမြို့
မရဲစခန်းမှ တပ်ကြပ်တင်ထွေးတို့မှ ကိုကျော်သက်အောင်ကို သေသည်အထိ ပြုလုပ်စစ်ဆေးခဲ့ခြင်း နှင့်ပတ်သက်ပြီးဒုရဲမှုး ထွန်းသိန်းကတရားလိုပြုလုပ်ကာ
လူသတ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်စစ်ဆေးခဲ့ပြီး သထုံခရိုင်တရားရုံးသို့စွဲဆိုတင်ပို့ခဲ့သဖြင့် ခရိုင်တရားသူကြီးဒေါ်ဖြူဖြူသွယ်၏ ရု့းတွင် ၂၀၁၆ ခုနှစ်ရာဇဝတ်
ကြီးမှုအမှတ် ၁၆ ဖြင့်တရားလိုနှင့်လိုပြသက်သေများကိုစစ်ဆေးခဲ့သည်၊ အမှုအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရတရားခံ ၇ ယောက်လုံးကိုစ ွဲချက်
တင်ခဲ့သည်၊ တရားခံများဘက်မှစွဲချက်အား မွန်ပြည်နယ်တရားလွှတ်တော်သို့ အယူခံမှုတင်သွင်းခဲ့သော်လည်းပလပ်ခြင်းခံလိုက်ရသည်ဟုသိရသည်၊

အမှုအားစွဲချက်တင်ပြီးနောက်တရားခံနှင့် ခံပြသက်သေများအား ဆက်လက်စစ်ဆေးခဲ့သည်၊ ရုံးချိန်း စုစုပေါင်း ၃၀ ပြည့်သည့့်နိုဝင်ဘာ၁၅ ရက်နေ့

တွင် ယခုကဲ့သို့အပြီးသတ်လျောက်လဲချက်အား နှတ်ဘက်အကျိုးဆောင်များက အသီးသီးလျောက်လဲချက်ပေးခဲ့ ကြခြင်းဖြစ်သည့်အပြင် နိုဝင်ဘာ၂၃ ရက်နေ့
တွင် အပြီးသတ်အမိန့်ချမှတ်ရန် သထုံခရိုင်တရားသူ ကြီးဒေါ်ဖြူဖြူသွယ် ကချိန်းဆိုထားခဲ့ခြင်းဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.