အသက်ကိုးနှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်မှုဖြစ်ပွား

0
20952

သံဖြူဇရပ်၊ နိုဝင်ဘာ ၁၀

သံဖြူဇရပ်မြို့နယ်၊ ဝဲသွန်ချောင်ကျေးရွာတွင် ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးအား သားမယားပြုကျင့် မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့နယ် ဝဲရက်ကျေးရွာအုပ်စု ဝယ်သွန်ချောင်ကျေးရွာနေ ဒေါ်……….၏ မြေးဖြစ် သူဒုတိယတန်းကျောင်းသူအား နေအိမ်၏ဘုရားခန်းရှေ့တွင် အိပ်ယာဝင်ခိုင်းခဲ့ပြီးနောက် ၎င်းတို့လင်မယား နှစ်ဦးမှာ နေအိမ်အိမ်အိပ်ခန်းအတွင်းတွင် အိပ်ယာဝင်ခဲ့ကြောင်း။ နိုဝင်ဘာ(၃)ရက်နေ့ နံနက်(၄)နာရီ အချိန်ခန့် တွင် မ………၏အိပ်ယာအတွင်းသို့ တစ်ရွာထဲနေသူ စိုက်ချမ်း(၁၈)နှစ်(ဘ)ဦးဘုတ် မွန်/ဗုဒ္ဓ ပန်းရံလုပ်၊ ဝဲသွန် ချောင်ကျေးရွာနေသူရောက်ရှိလာပြီး မ……..အား သားမယားပြုကျင့်နေစဉ် လန့်နိုးခဲ့၍ အော်လိုက်ရာမှ စိုက်ချမ်းမှာ နေအိမ်အောက်သို့ဆင်းပြေးသွားခဲ့ကြောင်း ပြောပြသိရှိရသဖြင့် တစ်ရွာတည်နေသမီးဖြစ်သူ မ……..အား သွားရောက်ပြောပြခဲ့ပြီး ၂၀၁၆ခုနှစ် နိုဝင်ဘာလ(၆)ရက်နေ့တွင် သံဖြူဇရပ်မြို့မရဲစခန်းသို့ သွား ရောက်တိုင်တန်းခဲ့ပြီး သံဖြူဇရပ်မြို့မရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်ကျော်ကျော်ဇင်နှင့်အဖွဲ့သည် သက်သေများနှင့် အတူ စိုက်ချမ်း၏နေအိမ်သို့သွားရောက်ရှာဖွေရာ စိုက်ချမ်းအားတွေ့ရှိရသဖြင့် ရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင် လာခဲ့ပြီး သားမယားဖြင့်ပြုကျင့်သူစိုက်ချမ်းနှင့်ပြုကျင့်ခံရသူမ…..တို့အား စစ်ဆေးချက်ရယူနိုင်ရေးအတွက် မူခင်းဆေးစာရေးသား၍ သံဖြူဇရပ်ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ သားမယားပြုကျင့်ခဲ့သူစိုက်ချမ်းအပေါ် အရေးယူပေးပါရန် ပြုကျင့်ခံရသူ မ……..၏ အဒေါ်ဖြစ်သူမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် သံဖြူဇရပ်မြို့မရဲစခန်း (ပ)၁၆၂/၂၀၁၆ ရာဇသတ် ကြီးပုဒ်မ ၃၇၆အမှုကြီး အမှတ်စဉ် ၄/၂၀၁၆ဖြင့် အမူဖွင့်လှစ်ပြီး ဒုရဲမှူးသိန်းနိုင်မှ အမှုစစ်အဖြစ် စစ်ဆေးဆောင် ရွက်လျှက်ရှိကြောင်းသိရသည်။

သတင်း – ကျဲရော့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.