ဝါရှင်တန်၊ စက်တင်ဘာ ၁၅

အီရန်ကို တိုက်ခိုက်နေရတဲ့ စစ်ပွဲကြောင့် အမေရိကန်အနေနဲ့ ခဲယမ်းမီးကျောက်တွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရကြောင်း ကာကွယ်ရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးရေးမှူးချုပ်က စက်တင်ဘာ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။

သမ္မတ ဒေါ်နယ် ထရန့်က ကျည် အပြည့်ရှိတယ်ဆိုတဲ့ ပြောဆိုမှုနဲ့ သူ့ရဲ့ ပြောဆိုချက်က ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။

လွှတ်တော်သို့ ပထမဆုံးအဖြစ် ပထမဆုံး မဖြစ်မနေ တင်ပြရတဲ့ အလားတူ အစီရင်ခံချက်အနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက်နဲ့ ဇွန် ၃၀ ရက်ကြား အီရန် စစ်ဆင်ရေးကြောင့် ခဲယမ်းမီးကျောက်တွေအတွက် အသုံးပြုငွေ ကန်ဒေါ် လာ ၂၂ ဒသမ ၃ သန်း အပါအဝင် ကန်ဒေါ်လာ ၃၃ ဒသမ ၄ ဘီလီယံ ကုန်ကျခဲ့ပြီ ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးမှူးက ဖော်ပြထားပါတယ်။

အီရန် စစ်ဆင်ရေးကြောင့် ခဲယမ်းမီးကျောက်အတွက် အသုံးစရိတ် ဗျူဟာအရ လျော့ကျနေပြီး လက်နက်ခဲယမ်း ထုတ်လုပ်လုပ်မှု နယ်ပယ်အနေနဲ့ ပြန်လည် ထောက်ပံ့ရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ အဲဒီ အစီရင်ခံချက်မှာ ဖော်ပြထားပါတယ်။

အီရန် စစ်ဆင်ရေး အမည်ကို အမျက်ဒေါသ စွန့်စားခန်း စစ်ဆင်ရေးလို့ နာမည် ပေးထားပြီး အီရန်ရဲ့ စစ်ရေးအင်အားကို ဖျက်ဆီးရေး အစ္စရေးနဲ့အတူ ပူးတွဲ ပြုလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ခဲယမ်းမီးကျောက် ပြတ်လပ်မှု ထုတ်လုပ်မှု ကြန့်ကြာမှုတွေကြောင့် အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ဝယ်ယူမှု လုပ်ငန်းစဉ်တွေ ထုတ်လုပ်မှု အချိန်ဇယားတွေအတိုင်း လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

ခဲယမ်းမီးကျောက် ထုတ်လုပ်မှု တိုးချဲ့သွားမယ်လို့ ပင်တဂွန်က ပြောထားပေမယ့် သိသာတဲ့အချိန် အတိုင်းအတာ တစ်ခု ယူရမှာ ဖြစ်ပါတယ်။

အမေရိကန်မှာ လက်နက်ခဲယမ်း ပြတ်လပ်နေတာကြောင့် ယူကရိန်းနဲ့ ထိုင်ဝမ်လို အစိုးရတွေကို စိုးရိမ်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။

အဲဒီနိုင်ငံနဲ့ ဒေသတွေဟာ ပိုပြီးကြီးမား ပိုပြီး ရန်လိုတဲ့ အိမ်နီးချင်းတွေကို တားဆီးဖို့ ဒါမှမဟုတ် တိုက်ခိုက်ဖို့ အမေရိကန် လက်နက်ခဲယမ်းတွေကို အားကိုးနေရတာ ဖြစ်ပါတယ်။

ယူကရိန်းအနေနဲ့ အမေရိကန် ထုတ် Patriot လေကြောင်းရန် ကာကွယ်ရေးစနစ် ဒုံးကျည်တွေ အရေးတကြီး လိုအပ်နေပြီး ရုရှားရဲ့ တိုက်ခိုက်မှုတွေကလည်း ပိုများလာနေပါတယ်။

ထိုင်ဝမ်ကလည်း သူတို့ ကိုယ်တိုင် အုပ်ချုပ်နေတဲ့ ဒေသကို တရုတ်ရန်က ကာကွယ်ရေး အမေရိကန်နဲ့ လက်နက် ဝယ်ယူရေး သဘောတူညီမှုတွေကို အမှီပြုနေရတာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲ ခြောက်လကျော် ကြာလာချိန် လက်နက်ခဲယမ်း ပြတ်လပ်မှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ထရန့်က အကြိမ်ကြိမ် ပယ်ချထားပြီး အမေရိကန်မှာ လက်နက်ခဲယမ်း အကန့်အသတ်မဲ့ ရှိတယ်လို့ မကြာသေးခင်က ပြောကြားထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.