ကျိူက်မရောမြို့နယ်တွင် ဖခင်အရင်းမှ သမီးဖြစ်သူအား အဓမ္မပြုကျင့်မှုဖြစ်ပွား

0
19164

ကျိူက်မရော၊ နိုဝင်ဘာ ၁၇

ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာအုပ်စု အပေါ်ရွာဘေးမဲ့တောရကျောင်းအနီး ရာဘာခြံတွင် ဖခင်အရင်းမှ သမီးဖြစ်သူအား အဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ကျိုက်မရော ရဲစခန်းထံမှ သိရသည်။<!--more-->



အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်ခံရသူ မ-------- ၏ မိခင်ဖြစ်သူမှ နိုဝင်ဘာလ (၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် ကျိုက်မရောရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့သည်။

ဖြစ်စဉ်မှာ ကလိုင်းကနိုင်ရွာ ဘေးမဲ့တောရကျောင်းအနီး ဦးဖိုးသောင်းပိုင်ဆိုင်သော ရာဘာခြံ တွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် တာကုန်းကျေးရွာမှ မိသားစုဖြစ်သော ဦးပွင့်ဦး၏ ဇနီးနှင့် သား၊ သမီးတို့ (၄)ဦးမှ အလုပ်လုပ်ကိုင်ရင်း လွန်ခဲ့သော(၆)နှစ်ခန့်ကလည်းက နေထိုင်လျက်ရှိကြောင်း ဒေသခံများပြောကြားချက်အရသိရသည်။

မိခင်ဖြစ်သူ၏ တိုင်ကြားချက်အရ လွန်ခဲ့သော နိုဝင်ဘာလ(၁၅)ရက်နေ့က သားဖြစ်သူအား ရှင်ပြုပေးရန် ကျိုက်မရောမြို့နယ် ဘုရားကြီးရှိ စုပေါင်းရှင်ပြုပွဲသို့ သားဖြစ်သူနှင့်အတူသွားရောက်စဉ် နေအိမ်၌ အိပ်ပျော်နေသော သမီးဖြစ်သူ မ———–(၁၅)နှစ်အား ဖခင်ဖြစ်သူ ဦးပွင့်ဦးမှ မိမိဖျားနာ နေသဖြင့် လာရောက်နှိပ်နယ်ပေးရန် ခေါ်ယူခဲ့ပြီးနောက် အဓမ္မပြုကျင့်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ယင်းနောက်တွင် သမီးဖြစ်သူ၏ ပြောပြချက်ဖြင့် ယင်း၏ အမျိုးသားဖြစ်သူ ဦးပွင့်ဦး (၄၀)နှစ် အား အရေးယူပေးပါရန် ကျိုက်မရောမြို့နယ် ရဲစခန်းသို့ လာရောက်အမှုဖွင့်တိုင်ကြားခဲ့ပြီး ကျိုက်မ ရောမြို့နယ် ရဲစခန်းမှ ၆/၂၀၁၆၊ (ပ)၁၂၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ(၃၇၆) အရ အမှုဖွင့်၍ တိုင်ကြား ခံရသူ ဦးပွင့်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
15056327_204327826680863_7572685943153931385_n
သတင်းနှင့် ဓါတ်ပုံ – ကိုထူး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.