ဘူးသီးနုနုနှင့် ငါးရံ့

0
17493

လေးဆယ်ကျပ်သားခန့်ရှိသော ငါးရံ့ တစ်ကောင်ကို အကြေးသင်ပါ။ အချွဲများ ကုန်အောင်ပွတ်ပါ။ ငါးကိုအကွင်းလိုက် ခုတ်ဖြတ်ပါ။ ရေစင်စင်ဆေးပါ။ ဘူးသီးနုနုကို အခွံမခွာဘဲ တုံးပါ။ စပါးလင်ကို ပါးပါးလှီးပြီးထောင်းပါ။ ဂျင်း၊ ကြက်သွန်ဖြူ၊နီ၊ ငရုပ်သီး ရောထောင်းပါ။ ရောထောင်းထားသော ငရုပ်ကြက်သွန်များနှင့် ဘူ

းသီး၊ ငါးအားလုံးကို ရောလုံးပါ။ ဆား၊ ဆနွင်း၊ မျှင်ငပိ၊ ဆီများကိုလည်း ရောနယ်ပါ။ ဓါးပြားရိုက်ထားသော စပါးလင်ကိုလည်းထည့်ပါ။ ရေကို လက်ဆေးရုံလောက်သာထည့်ပါ။ မီးဖိုပေါ်တင်ပြီး ချက်လို့ရပါပြီ။ ဟင်းဆူပြီးလျှင် အပေါ့ အငန်မြည်းပြီး ဘူးသီးမနူးတနူးအချိန်တွင် နံနံ ပင်အုပ်ပြီး သုံးဆောင်လို့ရပါပြီ။ ထိုဟင်းကို မော်လမြိုင်ငါးချဉ်သုပ်ဟင်းရန်နှင့် တွဲဖက် ပါက ပိုပြီး ထမင်းကိုမြိန်စေပါသည်။
ပါဝင်သောပစ္စည်းများ။
၁။ လေးဆယ်သားခန့်ရှိသောငါးရံ့တစ်ကောင်။
၂။ ဘူးသီးနုနုတခြမ်း။
၃။ ဆား၊ဆနွင်း။
၄။ မျှင်ငပိ။
၅။ ဂျင်း၊စပါးလင်။
၆။ ကြက်သွန်နီဖြူ။
၇။ ဆီနှင့်နံနံပင်တို့ဖြစ်ပါသည်။

%e1%80%9f%e1%80%84%e1%80%b9%e1%80%b8%e1%80%95%e1%80%b6%e1%80%af

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.