ပြည်နယ်လွှတ်တော်များ အားကောင်းစေရေး

0
23255
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး အောက်တိုဘာ(၃) ရက်နေ့တွင် ထပ်မံ ကျင်းပပြုလုပ်တော့မည်။ ကာလအတန်ကြာမကျင်းပခဲ့သော မွန်ပြည်နယ်လွှတ်တော် ပြန်လည်စတင် မည်ဖြစ်သောကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တင်ပြပြောဆိုဆွေးနွေးစရာများ ပြည့်နှက်နေ မည်ဟု ထင်မြင်ရပါသည်။<!--more-->



ဒီမိုကရေစီခေတ်တွင် လွှတ်တော်အဆောက်အအုံနှင့် လုပ်ငန်းများအားကောင်းလာရေးသည် အင်မ တန်အရေးကြီးပါသည်။ အစိုးရကို ထိန်းကျောင်းရေး၊ ဥပဒေပြင်ဆင်ရေး၊ ဥပဒေသုံးသပ်ရေး၊ ဥပဒေပြုလုပ်ရေး များသည် လွှတ်တော်များမှ တဆင့်သာလျှင် သွားမှ၊ လွှတ်တော်လုပ်ဆောင်မှသာလျှင် ဒီမိုကရေစီအခြေခံများ ကောင်းမွန်စွာရှင်သန်လည်ပတ်နိုင်မည်ဖြစ်ပါသည်။

ဆိုရလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပေါ်ပေါက်လာသော ပြည်နယ်အဆင့်လွှတ်တော်များ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင်မှာ အင်မတန်နည်းပါးပါသည်။ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စု လွှတ်တော်နှင့် တပ်မတော်တို့၏ လုပ်ငန်းဆောင်ရွက်မှုများအကြား အတော်လေးရုန်းကန်ရသည်။ သို့သော် လည်း ပြည်နယ်လွှတ်တော်များ၏ အခန်းကဏ္ဍမှာ ရှေ့သို့ချီမည့် ခွပ်ဒေါင်းအလားပမာ အသင့်ဖြစ်နေသော်ပြီ ဟု ယူဆရသည်။ 

ထိုနေရာမှာ အရေးကြီးသည်မှာ လွှတ်တော်အင်စတီကျူးရှင်း၏ အလုပ်လုပ်နိုင်မှုနှင့် လွှတ်တော်ကိုယ် စားလှယ်များ၏ အရည်အသွေးပင်ဖြစ်သည်။ 

လွှတ်တော်အင်စတီကျူးရှင်း၏ အလုပ်လုပ်နိုင်မှုအဆင်ပြေရေးဆိုသည်မှာ လွှတ်တော်စနစ်က မည်သည်အထိ ပံ့ပိုးနိုင်မှုနှင့် လွှတ်တော်၏ လုပ်ခွင်က အရေးကြီးပါသည်။ ရေးရာကော်မတီများ၏ ကောင်းမွန် စွာအလုပ်လုပ်နိုင်မှု၊ နည်းပညာပိုင်းဆိုင်ရာ အပြည့်အစုံပံ့ပိုးနိုင်မှု၊ ရန်ပုံငွေတောင်းတင်းစွာရရှိမှုအပြင် အရည် အသွေးပြည့်မှီသော ဝန်ထမ်းများဖြင့် လည်ပတ်မှုများက လွှတ်တော်အင်စတီကျူးရှင်း၏ အလုပ်လုပ်နိုင်မှု ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးခြင်းစီ၏ နိုင်ငံရေး နှင့် ပြည်သူ့ရေးရာမူဝါဒကို နားလည်သိရှိမှု၊ သုတေသနအားကောင်းမှု၊ ဥပဒေများ ခြုံငုံနိုင်မှုနှင့် ကောင်းမွန် သော ပံ့ပိုးနိုင်သည့် အဖွဲ့ရှိမှုများဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးများပင်ဖြစ်သည်။

logo-osx
ပြည်နယ်တွင်းရှိ ပြည်သူ့ဘဝတိုးတက်မြင့်မားရေး၊ တရားဥပဒေစိုးမိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးများအတွက် ပြည်နယ်လွှတ်တော်များ၏ အလုပ်လုပ်နိုင်မှုမှာ တိုက်ရိုက်အချိုးကျနေသည်ဖြစ်ရာ လွှတ်တော်များ၏ အားကောင်းစေရေးမှာ အဓိကအရေးပါနေလျက်ရှိသည်။

အဆုံးသတ်ဖြင့်ဆိုလျှင် ပြည်နယ်လွှတ်တော်များအားကောင်းရှင်သန်ရေးမှာ လက်ရှိ လွှတ်တော်များ အဓိကကျသည်ဖြစ်ပြီး နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့များနှင့် အကျိုးစီးပွားဆိုင်ရာအဖွဲ့ များ၏ ပံ့ပိုးမှုမှာလည်း အဓိကကျပါကြောင်းနှင့် လွှတ်တော်အားကောင်းစေရေးအတွက် ကြိုးစားသွားကြပါ ကြောင်း တိုက်တွန်းအပ်ပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.