ကလေးတွေကို ငဲ့ညှာပေးပါ

0
22166
အရွယ်အရောက်သေးသည့် ကလေးမုဒိမ်းမှုသတင်း အယ်ဒီတာ့စားပွဲသို့ အပတ်စဉ်တစ်ပုဒ်(သို့)နှစ်ပုဒ် ရောက်ရောက်လာသည်။ စိတ်မကောင်းစွာဖတ်ရ၊ တည်းဖြတ်ရသည်။ အများအားဖြင့် ကျူးလွန်ခံရသူများ အတွက် ယူကျုံးမရဖြစ်မိသည်။<!--more-->



မွန်ပြည်နယ်ရှိ မြို့နယ်တိုင်းလိုလိုကလေးမုဒိမ်းမှုများဖြစ်ပေါ်လျက်ရှိသည်။ အသက်(၄)နှစ်မှ (၁၃)နှစ် အရွယ် အမျိုးသမီးငယ်များ ပုံစံအမျိုးမျိုးဖြင့် အဓမ္မပြုကျင့်ခြင်းခံနေရသည်။ အချို့ကား အိမ်တွင်နေရင်း၊ အချို့ ကားလမ်းသွားရင်း၊ အချို့ကားလှည့်ဖျားခေါ်ဆောင်သွားခြင်း၊ အချို့ကား အကြမ်းဖက်ကြံစည်ခြင်းများဖြင့် စုံလင်လှသည်။ ဆိုရင်လျှင် မိမိတို့ လူ့အသိုင်းအဝိုင်းသည် အကျင့်စာရိတ္တပျက်စီးမှု အနှုတ်လက္ခဏာပြနေပြီ လားဟုဆိုရတော့မည်ဖြစ်သည်။

ဆိုရလျှင် အရွယ်မရောက်သေးသူများ အဓမ္မပြုကျင့်ခံရမှု ဘာကြောင့်များပြားလာသလဲ။ ခွဲခြမ်းစိတ်ဖြာ သုံးသပ်မိသည်များမှာ (၁) ကလေးများသည် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအားနည်းမှုများအတွက် ကျုးလွန်ခံရခြင်း (၂) ကလေးများသည် ကာယအားဖြင့် တုန့်ပြန် ရင်ဆိုင်နိုင်ရန် ခက်ခဲခြင်းတို့ကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ ရှိပြီး ကျူးလွန်သူများမှာ (၁) ဆင်းရဲမွဲတေမှုမြင့်မားခြင်း (၂) စိတ်ပိုင်းဆိုင်ရာဖိစီးမှုများပြားခြင်း (၃) စဉ်းစားဆင် ခြင်နိုင်မှုအားနည်းခြင်း (၄) ပတ်ဝန်းကျင်လှုံ့ဆော်မှုအားကောင်းခြင်း (၅) စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိခြင်း (၆) ဥပဒေစိုးမိုးမှုများ လျော့လျဲခြင်းများကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

လေ့လာတွေ့ရှိချက်အရ ကျူးလွန်ခံရသူများသည် တစ်ကြိမ်တည်းကျူးလွန်ခံရပြီးနောက် တိုင်ပင်ပြော ကြားခဲ့ခြင်းမရှိပဲ အကြိမ်ကြိမ်ကျူးလွန်ခံရပြီးမှ ယင်းနောက် ကျူးလွန်ခံရပြီး ရက်ပေါင်းများစွာကြာမှ ဖွင့်ဟပြော ဆိုမှုများရှိလာသည်ကိုတွေ့ရှိရသည်။ အဆိုပါအချက်မှာ ပတ်ဝန်းကျင်၏ဖိအားဒဏ်ကြောင့်ဟု တွေ့ရှိရပြီး ကျူး လွန်ခြင်းခံရသူသည် အကျင့်ပျက်စာရင်းသွတ်သွင်းခြင်းခံရလိုက်ခြင်းတို့ကြောင့် လွယ်လွယ်နှင့် ဖွင့်ဟခြင်းမရှိ သည်ကို တွေ့ရသည်။ ထို့အပြင် ကျူးလွန်ခံရသူအများစုမှာ လူ့အသိုင်းအဝိုင်း၏ ပြင်ပသို့ရောက်ရှိသွားပြီး ဘ၀ ဖြတ်သန်းမှုများတွင် ခက်ခဲမှုများကြုံတွေ့ရပြီး အနည်းစုကာသာလျှင် လွတ်မြောက်အောင် ကြိုးစားကြသည်ကို တွေ့ရသည်။

မည်သို့ပင်ဆိုစေကာမူ လုံခြုံမှုရှိသော လူမှုအသိုင်းအဝိုင်း၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာဖောက်ဖျက် ကျူးလွန်ခြင်းမခံရသော လူမှုအသိုင်းအဝိုင်းနှင့် ဆန့်ကျင်ဘက်အခြေအနေသို့ရောက်ရှိနေသည်ကို အတိ အလင်း တွေ့ရမည်ဖြစ်ပါသည်။

တိုက်တွန်းလိုသည်မှာ - သက်ငယ်မုဒိမ်းမှုများအတွက် တရားဥပဒေအရ ကြီးလေးသောပြစ်ဒဏ်ချမှတ် ပြီး တရားဥပဒေစိုးမိုးမှု၏ စံနမူနာကောင်းများရရှိရေး ဆောင်ရွက်သင့်ကြောင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင် ရာ လုပ်ဆောင်သူများကို တိုက်တွန်းလိုသည်။ ကျူးလွန်ခံရသူများကိုလည်း လုံလောက်သော နှစ်သိမ့်ဆွေးနွေး မှုကောင်းမွန်စွာပြုလုပ်ပေးရန် နီးစပ်သော မိသားစု၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို တိုက်တွန်းလိုသည်။ 

logo-osx
နှစ်ပေါင်းများစွာ ပဋိပက္ခတွင်း နေထိုင်ကြီးပြင်ရသူများအဖို့ စိတ်ပိုင်း၊ ရုပ်ပိုင်းချွတ်ယွင်းမှုရှိသည်မှာ မှန် သော်လည်း အရွယ်မရောက်သေးသူကလေးသူငယ်များအား အဓမ္မပြုကျင့်ရန် ကြံစည်ခြင်း၊ လုပ်ဆောင်ခြင်း များသည် အင်မတန်အကြီးတန်သော လုပ်ရပ်ဖြစ်သဖြင့် ကောင်းမွန်မျှတပြီး လုံခြုံသောလူမှုအသိုင်းအဝိုင်းဖြစ် စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းသွားကြရန်နှင့် အရွယ်မရောက်သေးသည့် ကလေးသူငယ်များ၏ အနာဂတ်ကို လေးစားသောအားဖြင့် ငဲ့ညှာသွားရန် နှိုးဆော်လိုက်ရပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.