မွန်ပုံင်(ပိန်း)ခဍတ်

0
16805

သံလွင်တိုင်းမ်စာဖတ်ပရိတ်သတ်များအတွက် အထူးကဏ္ဍတစ်ရပ်အဖြစ် မွန်ရိုးရာစားသောက်ဖွယ်ရာများ ကဏ္ဍကို ဖွင့်လှစ်ထားပါသည်။ ယခုတစ်ပတ်အတွက် အလှည့်ကျလာတဲ့ မွန်ရိုးရာစားဖွယ်ကတော့ မွန်ပုံင်ခဍတ် ပဲဖြစ်ပါတယ်။

ပုံင်ခဍတ်သည် မွန်ရိုးရာဆန်ပြုတ်တမျိုးပင် ဖြစ်သည်။ ထိုပုံင်ခဍတ်ကို ချက်ရ သည့် အကြောင်းမှာ ဇင်းကျိုက်၊ ပေါင်နယ်ဘက်မှ မွန်လူမျိူးတို့သည် အမျိုးသမီးများ မီးနေသည့် ပထမဆုံးနေ့တွင် ချက်ကြသည့် ဆန်ပြုတ်ပင်ဖြစ်သည်။ ချက်ရသည့် အကြောင်းရင်းမှာ မွန်လူမျိုးများသည် ကလေးမီးဖွားသည့်အခါ ပင်ပန်းနေသည့် ကလေးမိခင်ကို နားနားနေနေဖြစ်စေရန် ရှေးအခါက ကလေးမိခင်ကို မိခင်နို့ပေးမ တိုက်ပဲ နားစေသည်။ ကလေးကို နို့တိုက်ရန် ကျေးရွာအတွင်းရပ်ကွက်အတွင်းရှိ နို့ တိုက် ကလေးမိခင်ရှိသော သားသည်များက စုကာမွေးကင်းစကလေးကို စုပေါင်း၍ တယောက်တလှည့် နို့တိုက်ကြသောအလေ့ရှိကြသည်။ ထိုနို့လာ တိုက်သော အမျိုး သမီးများသည် ထိုမီးနေသည့် အိမ်တွင်အိပ်ကြသည်။ လာအိပ်သော သားသည်များ အဆာပြေ စားသုံးပြီး အာဟာရလည်းဖြစ်သော ပုံင်ခဍတ်ကို ကြိုကျွေးခြင်းဖြစ်သည်။

ဆန်ကို ဆန်ပြုတ် ပြုတ်ပြီး စေးပြစ်လာသောအခါ သကြား၊ ဆား၊ အုန်းသီးခြစ် အဆံများထည့်စားကြခြင်းပင်ဖြစ်သည်။ ထိုပုံင်ခဍတ်ကို ရှေ့ခုနှစ်အိမ် နောက်ခုနှစ် အိမ်ကို ပို့ကြရပါသည်။
mon-foods
ပါဝင်သောပစ္စည်းများ။

၁။ ဆန်

၂။ သကြား

၃။ ဆားအနည်းငယ်

၄။ အုန်းသီးတို့ဖြစ်ပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.