ငါးဆုပ်လယ်သူမချက်

0
18049

သံလွင်တိုင်းမ်စာဖတ်ပရိတ်သတ်များအတွက် အထူးကဏ္ဍတစ်ရပ်အဖြစ် မွန်ရိုးရာစားသောက်ဖွယ် ရာများ ကဏ္ဍကို ဖွင့်လှစ်ထားပါသည်။ ယခုတစ်ပတ်အတွက် အလှည့်ကျလာတဲ့ မွန်ရိုးရာစားဖွယ်ကတော့ ငါးဆုပ်လယ်သူမချက်ပဲ ဖြစ်ပါတယ်။

မိုးလယ်မိုးနှောင်းတွင် မွန်ဒေသ၌ ရှိသော လယ်မြေချောင်းအတွင်း ငါးစင်ရိုင်းသားများ(သို့) ငါးဘတ် သားလေးများသည် လယ်ထဲတွင်ရှိသော လယ်သမားများက နည်းအမျိုးမျိုးနှင့် ဖမ်းဆီးကြသည်။ ရရှိလာသော ငါးများကို ငါးဆုပ်လုပ် ချက်စားကြသည်။ ငါးစင်ရိုင်းသား(သို့) ငါးဘတ်သားကို ခေါင်းဖြတ်ပြီး စင်ကြယ်အောင် ဆေးကြောပါ။ ထို့ နောက် ၎င်းငါးကို စင်းတုံးပေါ်တွင်စင်းပါ။ ကြေညက်သည် အထိစင်းပါ။ ဂျင်း၊ စပါးလင်၊ ကြက်သွန်ဖြူ၊နီကို ညက်အောင်ထောင်းပါ။ ညက်သော်စင်းထားသောငါးကို ဆား၊ ဆနွင်း၊ မျှင်ငပိ၊ လှော်ညက် အောင်ထောင်းထားသော ဆန်မူန့်များကို အားလုံးရောထောင်းပါ။ အားလုံးသမအောင်ထောင်းပါ။ ထောင်းထား သော ငါးကိုအလုံးများဖြစ်အောင်လုံးထားပါ။ ဟင်းချက်ရန် ကြက်သွန်နီဖြူ၊ ငရုပ်သီးထောင်းများကို ထောင်းပါ။ ထောင်းထားသော ငရုပ်ကြက်သွန်များကို မန်ကျီးမှည့်ရည်နှင့်အတူ အိုးထဲတွင်ထည့်ပါ။ ဆားဆနွင်း မျှင်ငပိများ နှင့်ဟင်းရည်စပ်ပါ။ ဆီကိုသင့်သလောက် ပြီးထည့်ပါ။ ဖိုပေါ်တင်ချက်ပါ။ ဟင်းရည်ဆူလျှင် လုံးထားသော ငါးဆုပ်ကိုထည့်ပါ။ ငါးဆုပ်များကျက်လောက်သည့်အချိန်တွင် အပေါ့အငန်မြည်း တံငါငရုပ်(သို့)ရှမ်းနံနံအုပ် သုံးဆောင်နိုင်ပါပြီ။

ပါဝင်သောပစ္စည်းများ

၁။ ငါးစင်းရိုင်းသား (သို့) ငါးဘတ်သားလေး။
၂။ ဂျင်း၊စပါးလင်။
၃။ ကြက်သွန်ဖြူ၊နီ။
၄။ ဆား၊ဆနွင်း။
၅။ မျှင်ငပိ။
၆။ မန်းကျီးမှည့်။
၇။ လှော်ညက်အောင်ထောင်းထားသောဆန်မူန့်။
၈။ ငရုပ်သီး။ ဆီ။
၉။ နံနံပင်(သို့)ရုမ်းနံနံ။
mon-food-thanlwintimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.