ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေးတွေကို ပိုသဘောကျတယ်ဆိုတဲ့ မော်ဒယ်ပိုင်တံခွန်နဲ့ တွေ့ဆုံခြင်း

0
11605

တင်ဆက်သူ – TU Arkar Min

မေး – အစ်ကို့ရဲ့မိသားစုနဲ့ အနုပညာလောကထဲ ဝင်ရောက်ဖြစ်ခဲ့ပုံလေးပြောပြပါ။

ဖြေ – မိသားစု (၈)ယောက်ရှိတယ်။ အစ်ကို(၁)ယောက် အစ်မ(၂)ယောက် ညီလေး(၂)ယောက် ရှိတယ်။ လွန်ခဲ့တဲ့ (၄)နှစ်လောက်က စလုပ်တာပေါ့နော်။ ကိုယ့်

မိဘတွေကဝါသနာပါတယ်။ ဒီ အလုပ်ကိုလုပ်စေချင်တယ်။ ကိုယ်ဝါသနာပါတာကတော့ ပန်းချီဆွဲတာတို့ တယောထိုးတာတို့ပါ။ အနုပညာပိုးတော့ရှိပါတယ်။ ကိုယ်တို့နေတဲ့နေရာက ခမောက်ကျင်းမြို့ဆိုတာ ကော့သောင်း ဘက်ကနေ (၃၃)မိုင်ဆက်သွားရတယ်။ အရမ်းခေါင်ပါးတဲ့မြို့မှာ ကြီးပြင်းလာရတဲ့အတွက် မော်ဒယ်လ်တို့ မင်းသားတို့ဆိုတာ အိပ်မက်မက်ဖို့နေနေသာသာ စိတ်ကူးထဲမှာတောင် မရှိဘူး။ အဖေအမေရဲ့ ဆန္ဒအရမ်းပြင်းပြနေလို့ ကျွန်တော်ယုံကြည်မှုနဲ့ ကြိုးစားကြည့်တယ်။ အခုဆို ကျွန်တော်ဒီအလုပ်မှာပျော်တယ်။ ကျွန်တော်လေးလေးနက်နက် လုပ်လို့ ကျွန်တော့်ကို နေရာ လေးတစ်နေရာ ပေးတယ်လို့ ထင်ပါတယ်။

မေး-ပိုင်တံခွန်ဆိုပြီးတော့ ဘယ်အချိန်မှာ ပရိတ်သတ်တွေ စပြီးသတိထားမိခဲ့တာလဲ။

ဖြေ-ဒီအလုပ်လုပ်ပြီး တစ်နှစ်လောက်အကြာမှာ အားပေးတဲ့သူတွေတော့ ရှိလာပါပြီ။ နောက်ပိုင်းမှ ကြော်ငြာလေးတွေရိုက်လာတယ်။ မဂ္ဂဇင်းတွေရိုက်လာတဲ့အတွက် ပရိတ်သတ်တွေပိုသတိထား မိလာကြတယ်။ အကယ်ဒမီဗန်းကိုင်(ရွှေကြို)လုပ်မှ အရင်ကထက်ပိုပြီး သတိထားမိလာကြတယ် လို့ထင်တယ်။

မေး-ရွှေကြိုလုပ်တဲ့ သူတွေက အနုပညာလောကထဲ စဝင်ဖို့ အတွက်အခွင့်အရေးတစ်ခုလို့ ပြောလို့ရမလား။

ဖြေ-ရွှေကြိုက လုပ်တဲ့သူတွေ အများကြီးရှိသလို အောင်မြင်လာတဲ့သူတွေလည်းရှိတယ်။ ပရိတ်သတ်သတိမထားမိတဲ့သူတွေလည်းရှိတယ်။ အဓိကကတော့ အရင်က လူ(၁၀) ယောက်သိရင် ရွှေကြိုလုပ်လိုက်တော့ လူအယောက်(၁၀၀) သိလာတယ် ဒီသဘောပါပဲ။

မေး-အစ်ကို့ရဲ့လက်ဦးဆရာတွေလည်းပြောပြပေးပါ။

ဖြေ-ဆရာ ကျော်ကိုကိုေ၀ က ကျွန်တော်မော်ဒယ်သင်တန်းတက်တဲ့အချိန်မှာ သူက သင်ပေးတယ် ဆရာဂျွန်လွင်တို့လည်း ကျွန်တော့ဆရာတွေပါပဲ။ ပိုင်တံခွန်ဆိုပြီး ရပ်တည်နိုင်အောင်ပံ့ပိုးပေးခဲ့တဲ့ ဆရာကတော့ ကိုချစ်ထိုက်ပေါ့နော်။

မေး-ဒီအလုပ်လုပ်ပြီးဆိုတော့ ဘာတွေက ကိုယ့်အတွက် အခက်ခဲဖြစ်စေလဲ။

ဖြေ-မော်ဒယ်လ်လုပ်တာ ရှက်တာ ကြောက်တာတော့ ဟိုးအရင်ကတည်းက မရှိခဲ့ဘူး။ စကားပြောတာ နည်းနည်းတော့ အားနည်းတယ်။ အခုမှသာ သူများနားလည်အောင် ပြောလာနိုင်တာ အရင်ကဆို ကျွန်တော့ စကားဆို ဘယ်သူမှ နားမလည်ဘူး။ တိုင်းရင်းသားမဟုတ်ပေမယ့် ကော့သောင်း ထားဝယ်တို့ မြိတ်တို့မှာ နေတာများပြီး စကားဝဲသွားတာ အခုချိန်မှာ ကြိုးစားပြုပြင်နေတဲ့အတွက် အားနည်းချက်ရယ်လို့တော့မသတ်မှတ်တော့ဘူး။

မေး-အနုပညာအလုပ်တွေလုပ်ရင်းနဲ့အမှတ်တရတွေရှိရင်လည်းပြောပြပေးပါ။

ဖြေ-အမှတ်တရတွေကတော့အများကြီးပါပဲ။ ကျွန်တော်မန္တလေးကိုရိုက်ကူးရေးသွားတာ ည (၉) နာရီကားနဲ့ပေါ့။ ကားပေါ်မှာ အချဉ်အစပ်တွေ အများကြီးစားပြီးတော့ တစ်ညလုံးအိပ်မပျော်ဘဲ ဟိုကိုရောက်တဲ့အချိန် အဝတ်အစားလဲနေစဉ်မှာ Toilet သွားချင်လို့ သွားတာ အထဲရောက်တော့ ဗိုက်အောက်ပျောက်သွားလို့ Toilet ထဲ မဝင်ဘဲ အဲ့ဒီအရှေ့မှာပဲ အိပ်ပျော်သွားတယ်(ရယ်လျက်)

မေး-လက်ရှိအနုပညာလှုပ်ရှားမှုတွေကရော။

ဖြေ-PMG သောက်ရေသန့် ကြော်ငြာတွေ ရိုက်နေတယ်။ Asus ကြော်ငြာလေး လုပ်ထားပေးတယ်။ ဆေးကြော်ငြာတွေ Calendar နဲ့ MTV တွေ ရိုက်ပေးထားတယ်။ ဘန်ကောက်က ကားCompany တစ်ခုကလည်း ကမ်းလှမ်းထားတယ်။ ဗီယက်နမ်မှာလည်း စားသောက်ကုန် ကြော်ငြာတွေရိုက်ဖို့ ရှိတယ်။ မလေးရှားကိုလည်းသွားဖို့စီစဉ်နေပါတယ်။

မေး-သံမဏိဖဲမွေ့ယာမှာ သရုပ်ဆောင်ဖြစ်ခဲ့ပုံလေးလည်းပြောပြပေးပါ။

ဖြေ-ဒီကားက ကျွန်တော့ သူငယ်ချင်းတစ်ယောက်က အကူအညီတောင်းလို့ ရိုက်ပေးတဲ့သဘောပါ လိင်တူ ဇာတ်ကားတော့ မဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ပုံစံမျိုးပါပဲ မော်လ်ဒယ် စလုပ်တဲ့အချိန် လွန်ခဲ့တဲ့(၂) နှစ်လောက်ကရိုက်ခဲ့တာဆိုတော့ လိုအပ်ချက်တွေအများကြီးရှိလို့ နားလည်ပေးကြပါလို့။

မေး-အခု ၁၈ Plus ဇာတ်ကားတွေလည်း ရိုက်ကူးကြတော့မယ်ဆိုတော့ အစ်ကို့အမြင်လေးလည်း ပြောပြပါ။

ဖြေ-ဒါကတော့ သူဘယ်လိုရိုက်ကူးမလဲပေါ့။ သူလုပ်ပြီးမှ သူ့ကို ဝေဖန်တာလုပ်သင့်တယ်။ သူဘယ် လိုချပြမှန်းမသိဘဲ ဝေဖန်နေတာမျိုးတော့ မလုပ်သင့်ပါဘူး။

မေး-စိတ်ဓာတ်ကျတဲ့အချိန်တွေဆို ဘယ်လိုဖြတ်ကျော်လေ့ရှိလဲ။

ဖြေ-ကျွန်တော် ဘုရားတရားတွေပဲ လုပ်ဖြစ်ပါတယ်။ အရမ်းကြီး စိတ်ဓာတ်မကျဖူးပါဘူး။ အဲ့လိုဖြစ်ခဲ့ ရင်လည်း တရားထိုင်ပါတယ်။

မေး-အစ်ကိုကြိုက်တဲ့ အစားအသောက်တွေနဲ့ အသုံးအဆောင်တွေလည်းပြောပြပေးပါ။

ဖြေ-အသုံးအဆောင်ဆိုရင်တော့ ထွေထွေထူးထူးတော့မရှိပါဘူး။ ဒါပေမယ့် ကိုယ့်မှာ ပန်းချီကားလေး တစ်ချက်ရှိတယ်။ ကိုယ့်ပစ္စည်းဖြစ်လို့လားမသိဘူး အရမ်းတန်ဖိုးထားတယ် အစားအသောက်ကတော့ အကုန်လုံးကိုကြိုက်ပါတယ်(ရယ်လျက်)။ အကြိုက်ဆုံးဆိုရင်တော့ ငပိကိုကြိုက်တယ်။ မုန့်ဟင်းခါးတို့ အချဉ်အစပ်တို့ကြိုက်တယ်။

မေး-အိမ်ထောင်ဘက်ရွေးချယ်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုမိန်းကလေးမျိုးကို သဘောကျတတ်လဲ။
model-pai-ta-kon
ဖြေ-မိန်းကလေးတစ်ယောက်က ချမ်းသာဖို့မလိုဘူး။ ကိုယ့်ဘဝကို တကယ်ရပ်တည်နိုင်တဲ့သူ ထက်မြက်ပြီးတော့ ကိုယ့်အားကိုယ်ကိုးနိုင်ရမယ် ကိုယ့်အပေါ်လည်းနားလည်မှု အပြည့်ပေးနိုင်ရ မယ် မိန်းမပီသပြီးတော့ ကြိုးစားနေတဲ့သူဖြစ်ရမယ်။ အဲ့လိုမိန်းကလေးမျိုးဆို သဘောကျပါတယ်။

မေး-အစ်ကို့လို ကြိုးစားနေသူတွေနဲ့ အစ်ကိုရဲ့ ပရိတ်သတ်တွေအတွက် စကားလက်ဆောင်လေး ပါးပေးပါ။

ဖြေ-စာအုပ်တစ်အုပ်ထဲက စာကြောင်းလေးတစ်ကြောင်းရှိတယ်။ လူနှစ်ယောက်လမ်းလျှောက်လာတဲ့ အချိန်မှာ တစ်ယောက်က ပိုက်ဆံ တစ်ထောင်တန်တစ်ရွက် ပြုတ်ကျသွားလို့ ပြန်ကောက်တဲ့အချိန် မှာ နောက်တစ်ယောက်ကပြောတယ် မင်းဒီပိုက်ဆံတစ်ထောင်ကိုကျတော့ ပြန်ကောက်နိုင်ပြီးတော့ မင်းရဲ့ သိက္ခာကို ဘာလို့ ပြန်မဆည်နိုင်တာလဲတဲ့။ ဒါကြောင့် ကျွန်တော့ပရိတ်သတ်တွေကို ပြောချင် တယ်။ ကိုယ်ကျရှုံးတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ထူပါ။ ပြန်ကောက်ပါ။ အရှုံးမပေးပါနဲ့လို့ ပြောချင်ပါတယ်

သံလွင်တိုင်းမ် ရဲ့ စာဖတ်ပရိတ်သတ်များခင်ဗျာ။ မော်လ်ဒယ်ပိုင်တံခွန်ရဲ့ ဘဝဖြတ်သန်းမှုလေးတွေနဲ့ သူ့ အကြောင်းတွေကို သူ့ရဲ့မွေးနေ့မှာသိလိုက်ရတဲ့ အတွက်ကျေနပ်နှစ်သက် ကြလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ နောက်တစ်ပတ်မှာလည်း ဘယ်အနုပညာရှင်တွေရဲ့ အကြောင်းတွေကို ဖော်ပြပေး သွားဦးမလဲဆိုတာ ဆက်လက်စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.