မွန်ပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီ ၁ နေရာသာ နိုင်

0
16977

မွန်ပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လုံးဝအနိုင်ရမည်ဟု ပါတီဥက္ကဌ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအုန်းမြင့်က မျှော်မှန်းကြေညာထားသော်လည်း ရွေးကောက်ပွဲရလဒ်အရ တပြည်နယ်လုံးတွင် ၁ နေရာသာ အနိုင်ရရှိခဲ့သည်။
မုဒုံမြို့နယ် ပြည်နယ်မဲဆန္ဒအမှတ် (၁) တွင် ဝင်ပြိုင်ခဲ့သည့် လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်သည် ရွေးကောက်ပွဲ မကျင်းပမီ နိုဝင်ဘာ ၆ ရက်နေ့ နောက်ဆုံးမဲဆွယ်ပွဲတွင် မွန်ပြည်နယ်တွင် ၎င်းတို့ပါတီအနေဖြင့် လုံးဝအနိုင်ရမည်ဟု ပြောကြားထားခဲ့သည်။
ပြည်နယ်တစ်ခုလုံးတွင် မဲဆန္ဒနယ် ၄၅ နေရာ ဝင်ရောက်အရွေးခံခဲ့သည့် ကြံ့ခိုင်းရေးပါတီသည် ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ပြိုင်ခဲ့သည့် မင်းအောင်မွန် တစ်ဦးသာ အနိုင်ရရှိခဲ့သည်ဟု ခရိုင်ကော်မရှင်၏ ရလဒ်အရ သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က မွန်ပြည်နယ်တွင် ကိုယ်စားလှယ် ၄၅ နေရာစလုံး ဝင်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော် ၈ နေရာ၊ ပြည်သူ့လွှတ်တော် ၅ နေရာ၊ ပြည်နယ်လွှတ်တော် ၁၁ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၃ နေရာ စုစုပေါင်း ၂၆ နေရာ ဖြင့် အနိုင်ရရှိထားသည့် ပါတီဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲမှာတော့ မြို့နယ်ကော်မရှင်တို့၏ ထုတ်ပြန်ချက် ရလဒ်များအရ မွန်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ် ၄၀ နေရာဖြင့် အနိုင်ရရှိခဲ့သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.