မွန်ပြည်နယ်အစိုးရ

ဥပဒေများအပေါ် အစိုးရရဲ့ အကောင်အထည်ဖော်မှုကို အားမရဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ပြော

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၃) မွန်ပြည်နယ်လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဥပဒေတွေအပေါ် အစိုးရရဲ့ အကောင်အထည်ဖော်မှုကို အားမရဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်း (၅)နှစ်နီးပါးမှာ ဥပဒေအချို့ကို အသစ်ရေးဆွဲထားသလို ပြင်ဆင်ဖြည့်စွက်ထားတဲ့ ဥပဒေတွေလည်း ရှိနေပါတယ်။ အဲ့ဒီထဲမှာ စည်ပင်သာယာရေးဥပဒေကို ၂၀၁၇ ခုနှစ်မှာ မွန်ပြည်နယ်လွှတ်တော်က အတည်ပြု ပြဌာန်းခဲ့ပေမယ့် မွန်ပြည်နယ်အစိုးရကတော့…

သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ဇတ်တိုက်လေ့ကျင့်မှုတွေ ပြုလုပ်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်းတွေ တောင်းဆို

မော်လမြိုင် ၊ ဇူလိုင် ၂၃ ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ ရေလွှမ်းမိုးမှု အပါအဝင် သဘာဝဘေးအန္တာရယ်တွေ ဖြစ်လာရင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်နိုင်အောင် အစိုးရအနေနဲ့ ဇတ်တိုက်လေ့ကျင့်မှုတွေ ပြုလုပ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။ မွန်ပြည်နယ်ဟာ နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံတာတွေနဲ့ လေဘေးအန္တာရယ်တွေကို ရင်ဆိုင်ရလေ့ ရှိပါတယ်။ အခုလို ကူးစက်ရောဂါဖြစ်နေချိန်မှာ သဘာဝဘေးအန္တာရယ်တွေဖြစ်လာရင် ကြိုတင်မပြင်ဆင်ထားတဲ့အတွက် စီမံခန့်ခွဲမှု ပြသနာတွေ…

အစိုးရစီမံကိန်းတွေကို မြို့နယ်အဆင့်ကနေ တင်ဒါခေါ်ယူနိုင်တဲ့ စနစ် အကောင်အထည်ဖော်ပေးရန် လိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ် ဝေဖန်

ရေး ၊ ဇူလိုင် (၁၉) အစိုးရအဖွဲ့ရဲ့စီမံကိန်းလုပ်ငန်းတွေကို ပြည်နယ်အဆင့်ကနေ တင်ဒါခေါ်ယူမယ့်အစား မြို့နယ်အဆင့်ကနေ တင်ဒါခေါ်ယူနိုင်တဲ့ စနစ်တစ်ခုကို အကောင်အထည်ဖော်ပေးဖို့ လိုအပ်နေတယ်လို့ ရေးမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ မြို့နယ်တွေမှာ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ပြည်နယ်အဆင့်ကနေ တင်ဒါခေါ်ယူပြီး ဆောင်ရွက်တဲ့အခါ မြေပြင်မှာ လုပ်ငန်းမပြီးစီးတာတွေနဲ့ အရည်အသွေးမပြည့်မီတာတွေကို ပြည်နယ်တာဝန်ရှိသူတွေက ထိရောက်စွာ မစစ်ဆေးနိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မြို့နယ်အလိုက်…

မွန်ပြည်နယ်အစိုးရအနေဖြင့် ကိုယ့်အုပ်ချုပ်ရေးမဏ္ဍိုင်ကို နိုင်နိုင်နင်းနင်းလုပ်ဖို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြော

မော်လမြိုင်၊ စက်တင်ဘာ (၁၉) မွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ပြည်နယ်လွှတ်တော်ကို လာရောက်လွှမ်းမိုးတာမျိုးမလုပ်ဘဲ ကိုယ့်အုပ်ချုပ်ရေးပိုင်းကိုသာ နိုင်နိုင်နင်းနင်းအုပ်ချုပ်ဖို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။ “ အုပ်ချုပ်ရေးပိုင်းက ဝန်ကြီးချုပ်က အုပ်ချုပ်ရေးမဏ္ဍိုင်ကို ကြီးကြပ်ရမယ့်အစား လွှတ်တော်ကို လာဟန့်တားနေတယ် “ လို့ လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောဆိုခဲ့သည်။ (၁၄)ကြိမ်မြောက်လွှတ်တော်အစည်းအဝေး ++++++++++++++++++++++++++++ မွန်ပြည်နယ်လွှတ်တော်၏ (၁၄)ကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးကို စက်တင်ဘာလ (၁၉)ရက်နေ့က…

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခြောက်လတာအစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လိုသုံးသပ်သလဲ

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လ)အထိ ခြောက်လတာ အစီရင်ခံစာကို မွန်ပြည်နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဒေါ်ခိုင်ခိုင်လဲ့နှင့် ဦးအောင်ကျော်သူက ယခုလို သုံးသပ်ထားသည်။ ဒေါ်ခိုင်ခိုင်လဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ သထုံမြို့နယ် “မြေပြင်မှာလုပ်တာနဲ့ လိုင်စင်ရဖို့လျှောက်တာတွေကတခြားစီဖြစ်နေတယ်။ ဒါတွေကိုမသိဘူးလားမေးရင်သိတယ်။ အရေးယူလားဆိုရင် အရေးမယူဘူး။ အစိုးရရဲ့အစီရင်ခံစာမှာပါတာနဲ့ မြေပြင်အနေအထားကတခြားစီပဲ။ အထွေထွေအုပ်ချုပ်ရေးဌာနက အစိုးရဆီတင်ပြတာတစ်မျိုးလား မြေပြင်မှာလုပ်နေတာကတစ်မျိုးလား ဒါတွေဟာအစိုးရသိဖို့ကောင်းတယ်။ အစီရင်ခံစာဆိုတာက လွှတ်တော်ကိုတင်တယ်ဆိုတာ ပြည်သူလူထုတွေကိုတင်ပြတာ…

မွန်ပြည်နယ်၏ ကိုးကွယ်ရာဘာသာအလိုက်ရာခိုင်နှုန်းဖော်ပြချက်

ကိုကား - ၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သော ပြည်သူ့အင်အားဦးစီးဌာန၏ အစီရင်ခံစာမှ ကိုးကားဖော်ပြပါသည်။

မွန်ပြည်နယ်အစိုးရ၏ ရက်(၁၀၀)အတွင်းမှ ထင်ထင်ရှားရှားသတင်းများ

(သံလွင်တိုင်းမ်ဂျာနယ်မှ မွန်ပြည်နယ်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း ထင်ထင်ရှားရှားရှိခဲ့သည့် သံလွင်တိုင်းမ်ဂျာနယ်မှ ဖော်ပြခဲ့သော သတင်းများအနက်မှ အချို့ကို ပြန်လည်ကောက်နုတ်ဖော်ပြအပ်ပါ သည်။)

မော်လမြိုင်မြို့၊ ကမ်းနားလမ်းအပိုင်း(၆) စီမံကိန်းလုပ်ငန်းလေ့လာသုံးသပ်မှု အစီရင်ခံလွှာ

ကမ်းနားလမ်းအပိုင်း(၆) စီမံကိန်းပြန်လည်လေ့လာစီစစ်ရေးအဖွဲ့၊ မွန်ပြည်နယ်လွှတ်တော် (၂၅.၆.၂၀၁၆) နိဒါန်း မွန်ပြည်နယ်အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အပိုဒ်(၂၅၁)အရ၊ မော်လမြိုင်မြို့၊ တိုးချဲ့ ကမ်းနား လမ်းအဆင့်(၆)စီမံကိန်းလုပ်ငန်းပိုင်းနှင့်စပ်လျဉ်းပြီး ပထမအကြိမ်၊ မွန်ပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် တင်ပြခဲ့ပါသည်။ အဆိုပါတင်ပြချက်အပေါ် ပြည်နယ်လွှတ်တော် ကိုယ်