သတင်း

အမှုသည်တွေရဲ့ စိတ်ဖိစီးမှုလျော့ပါးစေဖို့ ထိုင်းရဲစခန်းတစ်ခုမှာ အခမဲ့အနှိပ်ဝန် ဆောင်မှုပေးနေ

ဘန်ကောက်၊ မတ်(၂၈) ထိုင်းနိုင်ငံရဲစခန်းတစ်ခုမှာ အမှုဖွင့်တိုင်ကြားဖို့အတွက် လာရောက်တဲ့ ဧည့်သည်တွေကို စိတ်ဖိအား လျော့ပါး သက်သာစေဖို့ ရဲအရာရှိတစ်ဦးမှ အခမဲ့ နှိပ်နယ်ပေးနေပုံကို ဒေသတွင်း မီဒီယာတစ်ခုမှာ ဖော်ပြထားပြီး အဲဒီ ရဲအရာရှိဟာ ထရန်ခရိုင်ဒေသန္တရ၊ မြို့တော်ရှိ နောင်ထရွတ် ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၅၈ နှစ်အရွယ် ထိုင်းရဲအရာရှိ ပက်ကရွန်ကစ်ဟာ ထိုင်းအနှိပ်ဆရာအဖြစ်…

ဘာလီမှာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲမှုကို အစ္စရေးကန့်ကွက်နေတာကြောင့် ရွှေ့ဆိုင်း

ဘာလီ – မတ်(၂၈) အင်ဒိုနီးရှားမှာ လာမယ့် သီသတင်းပတ်အတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲမှာ ဘာလီအုပ်ချုပ်ရေးမှူးက အစ္စရေးအသင်းကို လက်ခံကျင်းပဖို့ ငြင်းဆိုပြီးနောက် ရွေ့ဆိုင်လိုက်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ရိုက်တာကိုပြောပါတယ်။ မတ်လ(၂၄) ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ မဲခွဲပွဲကို ဖျက်သိမ်းလိုက်တယ်လို့ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် (PPSI) ကဆိုခဲ့ပြီး…

စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေကို တားမြစ်ဖို့ ဂျပန်ဝန်ကြီးချုပ် တောင်းဆို

တိုကျို – မတ်(၂၈) ဂျပန်စစ်တပ်အတွင်းမှာ ပုံမှန်အလေ့အထလိုဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ကျူးလွန်မှု တွေကို အမျိုးသမီး စစ်သည်တစ်ဦးက အများပြည်သူသိအောင်ထုတ်ဖော်လိုက်ပြီးနောက် ဝန်ကြီးချုပ် ဖုမီအိုကီရှီဒါက နိုင်ငံရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေမှာ အခုလိုဖြစ်စဉ်တွေကို တားမြစ် ထားသင့်တယ်လို့ ပြောပါတယ်။ ဒီအကြမ်းဖျက်မှုတွေဟာ လူသားအခြေပြု အဖွဲ့အစည်း ဖြစ်တဲ့ နိုင်ငံကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်နိုင်တယ်လို့ မတ်လ(၂၆) ရက်နေ့က အမျိုးသား ကာကွယ်ရေး…

တမူးမြို့နယ်မှာ စစ်ကောင်စီက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး

တမူး – မတ်(၂၇) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း တမူး – အောင်ဇေယျလမ်းပိုင်းမှာရှိတဲ့ ကွန်းတောင် ရွာသစ်ကို စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ (၂၃) ရက်နဲ့ (၂၄) ရက်နေ့တွေမှာတော့ လေကြောင်းတိုက်ခိုက်မှု တွေလာရောက် လုပ်ဆောင်ခဲ့ပြီးနောက် (၂၅) ရက်နေ့နဲ့ (၂၆) ရက်နေ့တွေမှာ ကွန်းတောင်ရွာသစ်ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။…

စစ်ခေါင်းဆောင်ရဲ့ ခေါင်းပြတ်ပုံစံ အစီရင်ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု

ရန်ကုန် – မတ်(၂၇) ခေတ်ကိုပြောင်းချင် ခေါင်းကိုပစ် ဆိုတဲ့ ယတြာနဲ့ လက်နက်မဲ့ ပြည်သူတွေကို ရက်စက်စွာ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ ခေါင်းပြတ်ပုံသဏ္ဍာန် အစီရင်ပစ္စည်းကို တက်ကျွမ်း နားလည်တဲ့ ပညာသည်တွေရဲ့ အကူအညီနဲ့ YRF ကပြုလုပ်ခဲ့ပါတယ်။ ဒီအစီအရင်ဟာ စစ်ကောင်စီတပ်သားတွေ နေပြည်တော်မှာလုပ်နေတဲ့ သူတို့ရဲ့ တပ်မတော်နေ့ အခမ်းအနားနဲ့ စစ်တပ်ကျဆုံး နေဝင်ချိန်ကို ရည်ရွယ်ကာ ပြုလုပ်ခဲ့ကြတာပါ။…

စစ်ကောင်စီထံ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်ရှိလာ

နေပြည်တော်၊ မတ်(၂၆) စစ်ကောင်စီကျင်းပဖို့ ကြိုးပမ်းနေတဲ့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ထံ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်ရှိလာပြီလို့ ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ပါတယ် ။ပါတီမှတ်ပုံတင် ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုတဲ့ ရှမ်းပြည်ကိုးကန့်ဒီမို ကရက်တစ်ပါတီ၊ နာဂအမျိုးသားပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည် ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ ”ဝ”အမျိုးသားပါတီနဲ့…

ပုလောမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ

ပုလော၊ မတ်(၂၆) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ မတ်လ (၂၅)ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီတိုက်ပွဲဟာ မတ် ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ ပုလောကုန်းကျေးရွာကို ကား ၃ စီးနဲ့ အင်အားလာဖြည့်တဲ့ စစ်ကောင်စီတပ်အင်အား…