စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေကို တားမြစ်ဖို့ ဂျပန်ဝန်ကြီးချုပ် တောင်းဆို

0
5370

တိုကျို – မတ်(၂၈) 

ဂျပန်စစ်တပ်အတွင်းမှာ ပုံမှန်အလေ့အထလိုဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ကျူးလွန်မှု တွေကို အမျိုးသမီး စစ်သည်တစ်ဦးက အများပြည်သူသိအောင်ထုတ်ဖော်လိုက်ပြီးနောက် ဝန်ကြီးချုပ် ဖုမီအိုကီရှီဒါက နိုင်ငံရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေမှာ အခုလိုဖြစ်စဉ်တွေကို တားမြစ် ထားသင့်တယ်လို့ ပြောပါတယ်။ 

ဒီအကြမ်းဖျက်မှုတွေဟာ လူသားအခြေပြု အဖွဲ့အစည်း ဖြစ်တဲ့ နိုင်ငံကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်နိုင်တယ်လို့ မတ်လ(၂၆) ရက်နေ့က အမျိုးသား ကာကွယ်ရေး အေဂျင်စီရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဆိုထားပြီး ဒီအခြေအနေကို သေချာစေဖို့ SDF က အဓိကနေရာကနေ ပါဝင်စေချင်တယ်လို့ပြောခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်က အသက်(၂၃) နှစ်အရွယ် အမျိုးသမီး ရီနာဂိုနွိုင်ဟာ စစ်တပ်ထဲ စတင်ဝင်ရောက်ပြီးနောက် သူမကို အမျိုးသားတွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြပြီး အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အခိုင်အမာပြောဆိုချက်တွေနဲ့အတူ ပြည်သူလူထုကို ချပြခဲ့ထား တယ်လို့ ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းမှာ ပြောထားပါတယ်။  

ကာကွယ်ရေးသင်တန်းကျောင်းက အမျိုးသားတွေကို သူမကို အပြင်းထန်ဆုံးသော လိင်ပိုင်း ဆိုင်ရာ နှောက်ယှက်မှုတွေကျူးလွန်ခဲ့ကြသလို ဖိအားပေးစေခိုင်းတာတွေအထိရှိခဲ့တယ်လို့ သိရပါတယ်။ 

နေ့စဉ်ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနဲ့ အပြင်းထန်ဆုံးသော လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ထည့်သွင်းထားတဲ့ သူ့ရဲ့ အစီရင်ခံစာကို စစ်တပ်က ရှောင်လွှဲတဲ့ အဖြေတွေ နဲ့ဆွေးနွေးခဲ့တာတွေရှိခဲ့သလို ကိုယ်တွယ်ဖြေရှင်းဖို့ ငြင်းဆိုခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လမှာ တော့ မစ္စဂနွိုင်ဟာ SDF ကို စွန့်ခွာခဲ့ပါတော့တယ်။ 

ဒီဖြစ်စဉ်ဂျပန်နိုင်ငံတဝှမ်း ပျံ့နှံ့သွားပြီးနောက် အမျိုးသားစစ်မှုထမ်း (၅) ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဂုဏ်သရေမဲ့စွာ ရာထူးက စွန့်ခွာခိုင်းခဲ့ပြီး သူမအကူအညီတောင်းခံမှုကို မျက်ကွယ်ပြုတဲ့ နောက်ထပ်အရာရှိ(၄) ဦးကိုလည်း ရာထူးဆိုင်းငံ့ဖို့ နှုတ်နဲ့ သတိပေးခဲ့တယ် လို့သိရပါတယ်။ 

၂၀၂၂ ခုနှစ်အတွင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက အထူးစုံစမ်းစစ်ဆေးရေးတစ်ခုနောက်မှာ စစ်တပ်အတွင်း အမျိုးသားနဲ့ အမျိုးသမီးအပါအဝင် အမှုထမ်းပေါင်း (၁၄၀၀) ကျော်ဟာ သူတို့ ကြုံတွေ့ခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေနဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို ဖွင့်ဟ ထားပါတယ်။ 

ဂျပန်ကာကွယ်ရေးဝန်ကြီးက ကျောင်းဆင်းပွဲမိန့်ခွန်းမှာ SDF  တပ်ဖွဲ့တွေအတွင်း ကျားမ မခွဲခြားဘဲ လူတိုင်းပါဝင်နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့ လိုအပါတယ်လို့ ပြောထားပါတယ်။ 

လက်ရှိမှာတော့ ဂျပန်တစ်နိုင်ငံလုံးမှာ အမျိုးသမီး SDF အဖွဲ့ဝင် (၁၉၀၀၀) ရှိပြီး စုစုပေါင်း တပ်သား (၂၃၀၀၀၀) ရှိတယ်လို့ သိရပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.