ဘာလီမှာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲမှုကို အစ္စရေးကန့်ကွက်နေတာကြောင့် ရွှေ့ဆိုင်း

0
2785

ဘာလီ – မတ်(၂၈) 

အင်ဒိုနီးရှားမှာ လာမယ့် သီသတင်းပတ်အတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲမှာ ဘာလီအုပ်ချုပ်ရေးမှူးက အစ္စရေးအသင်းကို လက်ခံကျင်းပဖို့ ငြင်းဆိုပြီးနောက် ရွေ့ဆိုင်လိုက်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ရိုက်တာကိုပြောပါတယ်။ 

မတ်လ(၂၄) ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ မဲခွဲပွဲကို ဖျက်သိမ်းလိုက်တယ်လို့ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် (PPSI) ကဆိုခဲ့ပြီး ဖီဖာကတော့ ပြိုင်ပွဲပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ 

အသင်း (၂၄) သင်းပါတဲ့ အဲဒီပြိုင်ပွဲကို မြို့ကြီး (၆) မြို့မှာ မေလ(၂၀) ရက်နေ့ကနေ ဇွန်လ (၁၁) ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပြီး အစ္စရေး ကသူတို့ဆီမှာ ပွဲဦးထွက်ပြိုင်ပွဲကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ 

ပါလက်စတိုင်းနဲ့ ပဋိပက္ခကြောင့် အစ္စရေးအသင်းကို ဘာလီမှာ ယှဉ်ပြိုင်ခွင့်မရအောင် တားမြစ်ထားတဲ့ မူဝါဒ ချမှတ်ဖို့ ဘာလီအုပ်ချုပ်ရေးမှူး ကိုစတာက လူငယ်နဲ့ အာကစား ဝန်ကြီးဌာနကို စာရေးသားပေးပို့ထားတယ်လို့ ဂျာကာတာ သတင်းစာက ဖော်ပြထားပါတယ်။ 

ဘာလီအုပ်ချုပ်ရေးမှူးက အဲဒီစာကို PSSI သို့ပေးပို့ထားကာ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာက အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်ချိတ်ဆက်လို့မရဘူးလို့ ဆိုထားပါတယ်။ 

“အရင်တုန်းက ဘာလီအုပ်ချုပ်ရေးမှူးက ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစ္စရေးအသင်း ပါဝင်တာကို ပယ်ချခဲ့ပါတယ်၊ ဒါက ဖီဖာ U-20 ကမ္ဘာ့ဖလားမဲခွဲမှုကို ဖျက်သိမ်းရခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်” လို့ PSSI ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။ 

ဒါ့အပြင် ဖီဖာအတွက် အုပ်ချုပ်ရေးမှူးရဲ့ ငြင်းဆိုချက်ဟာ ဘာလီပြည်နယ်အစိုးရက ထုတ်ပြန်ထားတဲ့ ကျင်းပရေး အာမခံချက်ကို ပယ်ဖျက်တာနဲ့ အတူတူပဲဖြစ်တယ်လို့ ဆိုပါသေးတယ်။ 

ဒီလအစောပိုင်းက ဂျာကာတာမြို့တော်မှာ ဆန္ဒပြသူတွေက အစ္စရေးအသင်းကို ပါဝင်ခွင့် မပြုဖို့ အင်ဒိုနီးရှားနဲ့ ပါလက်စတိုင်းအလံတွေ ဝှေ့ယမ်းကာ ချီတက်ဆန္ဒပြခဲ့ကြပါသေးတယ်။ 

ပြီးခဲ့တဲ့နှစ်အတွင်းက အစ္စရေးတပ်ဖွဲ့တွေဟာ အနောက်ဘက်ကမ်းမှာ ထောင်နဲ့ချီတဲ့ ဖမ်းဆီး မှုတွေ ပြုလုပ်ခဲ့ပြီး တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သားတွေအပါအဝင် ပါလက်စတိုင်းသား (၂၀၀) ကျော်သေဆုံးထားကာ ဒီအတောအတွင်း ပါလက်စတိုင်း တိုက်ခိုက်မှုဟာ အစ္စရေးနဲ့ ယူကရိန်းနိုင်ငံသား (၄၀) ကျော်သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။ 

အင်ဒိုနီးရှားအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ဆုံးရှုံးပါက ဖီဖာရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဟာအင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ကို ကမ္ဘာနဲ့ ခွဲထုတ်လိုက်မှာကို စိုးရိမ်တယ်လို့ PSSI အမှုဆောင်ကော်မတီဝင် အာရာ စီနူးလင်ကာက ပြောခဲ့ပါတယ်။ 

PSSI ဟာ နိုင်ငံရေးကနေ အားကစားကိုခွဲထွက်နိုင်မယ့် အဖြေကို မျှော်လင့်ထားသလို့ သူတို့ရဲ့ ဥက္ကဋ္ဌ အီရစ်ခ်က နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ လူငယ်နဲ့ အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ဆုံးရှုံးတာဟာ အနာဂတ်မှာ တခြားသော ဖီဖာပြိုင်ပွဲတွေမှာ ပါဝင်ဖို့ အင်ဒိုနီးရှားဘောလုံးအသင်းတွေရဲ့ အခွင့်အလမ်းကို ထိခိုက်စေမှာဖြစ်တယ်လို့ PSSI ကဆိုထားပြီး စီးပွားရေးအရ ဆုံးရှုံးမှုမှာလည်း ရူပီယာ ထရီလီယံပေါင်းများစွာအထိ ရှိလာနိုင် တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း အရှေ့ဂျာဗားရှိ အားကစားရုံတစ်ခုမှာ လူအုပ်ပြိုကျမှုကြောင့် ပရိသတ် (၁၃၅) ဦးသေဆုံးခဲ့ရပြီး ဒီဖြစ်ရပ်နောက်ပိုင်း နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ 

အဲဒီဖြစ်စဉ်ဟာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ လူစုလူဝေးကို ပစ်ခတ်ပြီးနောက် ထွက်ပေါက် တွေဆီကို ထွက်ပြေးခဲ့ကြရာ အများအပြားပျက်စီးကြေမွသွားခဲ့တာလည်းဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.