သတင်း

မြောက်ပိုင်းကို ရင်ဆိုင်ဖို့ နျူလက်နက်မလိုဘူးလို့ တောင်ကိုရီးယား ဝန်ကြီးချုပ်ကြုံးဝါး

ဆိုးလ် – မတ်(၁၀) ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာတဲ့ကြားက တောင်ကိုရီးယား နိုင်ငံအနေနဲ့ မြောက်ကိုရီယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီးဖို့ နျူကလီးယားလက်နက် မလို အပ်ဘူးလို့ ဝန်ကြီးချုပ် ဟန်ဒက်ခ်ဆို က CNN နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က မြောက်ကိုရီးယားဟာ လက်နက်အစီအစဉ်တွေပြန်လည်ဆောင်ရွက်ခဲ့ပြီး ပထမ ဦးဆုံးနိုင်ငံတကာကိုသတိပေးခဲ့တဲ့ ဂျပန်နိုင်ငံဖြတ်ကျော်သွားတဲ့ ပဲ့ထိန်းဒုံးပစ်ခတ်မှု…

စီအိုင်အေရဲ့ အနာဂတ် ကို တရုတ်-အမေရိကန် နည်းပညာပြိုင်ဆိုင်မှုနဲ့ ဆုံးဖြတ်မယ်

ဝါရှင်တန် – မတ်(၁၀) အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီရဲ့ အနာဂတ်ကို တရုတ်-အမေရိကန်တို့ရဲ့ နည်းပညာ ပြိုင်ဆိုင်မှုအပေါ်မှာ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ အေဂျင်စီ ဒါရိုက်တာ ဝီလျံဘန်းစမ် ကဆီးနိတ် ကြားနာပွဲမှာ ပြောပါတယ်။ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် တရုတ်နိုင်ငံကို ထောက်ပြထားတဲ့ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ခြိမ်းခြောက်မှု နှစ်ပတ်လည် အကဲဖြတ်ချက် ထုတ်ပြန် ပြီးနောက် အမေရိကန်နိုင်ငံသားတွေကို စောင့်ကြည့်ဖို့…

မကွေးတိုင်း မြိုင်ကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲ

မြိုင် – မတ်(၉) မကွေးတိုင်း၊ မြိုင်မြို့နယ် ထန်းပေါက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က MI-35 Jet Fighter နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြိုင်-ပ.က.ဖ တပ်ရင်း(၁) က ဗိုလ်လက်ျာက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ မတ်လ(၉) ရက်နေ့ မနက် (၁၁) နာရီဝန်းကျင်က Well-2 ရေနံမြေနားမှာရှိတဲ့ ထန်းပေါက် ကုန်းရွာကို စစ်ကောင်စီက…

KNU နယ်မြေမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရ

ညောင်လေးပင် – မတ်(၉) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ ကွင်းဒလက်ကြီးကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်က KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ် ဝိုင်းကျိုနဲ့…

စစ်ကောင်စီထံ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီ ၁၇ ပါတီအထိရှိလာ

နေပြည်တော်၊ မတ်(၉) စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၁၇ ပါတီအထိ ရှိလာတယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာမှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ ပါတီတည်ထောင်ခွင့် လျှောက် ထားတဲ့ နိုင်ငံရေးပါတီ ၆ ပါတီနဲ့ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင်ခွင့် လျှောက်ထားတဲ့…

စစ်အာဏာသိမ်း (၇၆၆) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၁၃ ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၉) AAPP ရဲ့ မတ်(၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၆၆)ရက်အတွင်း ပြည်သူ (၃၁၁၃)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၂၆၁ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၃၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

နိုင်ငံကျော် တေးသံရှင် တွံတေးစိုးအောင် ကွယ်လွန်

ရန်ကုန် – မတ်(၉) နိုင်ငံကျော်အဆိုတစ်ဦးဖြစ်သူ တေးသံရှင် တွံတေးစိုးအောင်ဟာ ဒီနေ့ မတ်လ(၉) ရက်နေ့ မနက်(၂) နာရီ ဝန်းကျင်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုက အသိပေးထားပါတယ်။ တေးသံရှင် တွံတေးစိုးအောင်ဟာ ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ကွယ်လွန်သွားတာဖြစ် တယ်လို့ သိရပါတယ်။ “ဒီမနက်။ ၂ နာရီ ၃ မိနစ်က ကျွန်တော့်ရဲ့ အဖေ နိုင်ငံကျော်တေးသံရှင်…

ပအိုဝ်းပြည်သူ့စစ်တွေကို တိုက်ပွဲတွေမှာအသုံးချဖို့ စစ်ကောင်စီကြိုးပမ်း

ကျောက်တလုံး၊ မတ် (၉) တပ်အင်အားနည်းပါးလာတဲ့ စစ်ကောင်စီတပ်ဟာ စစ်အာဏာရှင်စနစ် ရှင်သန်ရေးအတွက် ပအိုဝ်းပြည် သူ့စစ်တွေကို တိုက်ပွဲတွေမှာအသုံးချဖို့ ကြိုးပမ်းလာတယ်လို့ ပအိုဝ်းတော်လှန်ရေး အင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ မနက်ပိုင်းက ပအိုဝ်းပြည်သူ့စစ် PNO/ PNA အဖွဲ့ ခေါင်းဆောင် ဦးအောင်ခမ်းထီးကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျောက်တလုံးမြို့နယ်မှာ…