သတင်း

တနင်္သာရီမြို့နယ်မှာ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

တနင်္သာရီ၊ မတ်(၁၁) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီမဟာမိတ် တပ် ပေါင်းစု တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မတ် ၁၀ ရက်နေ့ မနက် ၈ နာရီလောက်က တနင်္သာရီမြို့နယ်၊ ဆန်းသစ်ရွာ ဘုန်းကြီးကျောင်းတောင်ပေါ်မှာ…

ကရင်လက်နက်ကိုင် လေးဖွဲ့ လူထုနဲ့ တွေဆုံ

ကော့ကရိတ် – မတ်(၁၀) ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူလူထုတွေ့ဆုံဆွေးနွေးပွဲကို ကရင်ပြည်နယ် ကော့ရိတ်မြို့ နဘူးတံခွန်တိုင်ဒေသမှာ ဒီနေ့ မတ်လ(၁၀) ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူလူထုနဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့စည်းလုံးညီညွတ်ရေး ကော်မတီတွေ့ဆုံပွဲကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျာ်နီနဲ့ တာဝန်ရှိသူတွေ၊ KNU/KNLA PC…

မြိုင်က စစ်ကောင်စီစခန်းတိုက်ခိုက်ချိန်မှာ တော်လှန်ရေး ရဲဘော်တစ်ဦးကျဆုံး

မြိုင် – မတ်(၁၀) မကွေးတိုင်း၊ မြိုင်မြို့နယ် က စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့(၃၀) ကျော်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၉) ရက်နေ့က ကျောက်ခွက်ရေနံမြေ Well-2 အတွင်းမှာရှိတဲ့ စစ်ကောင်စီ စခန်း ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတာပါ။…

နီပေါလေယာဉ်တစ်စင်း အင်ဂျင်တစ်လုံးမီးလောင်လို့ အရေးပေါ်ဆင်းသက်ခဲ့ရ

နီပေါ၊ မတ်(၁၁) နီပေါနိုင်ငံမှာ Shree လေကြောင်းလိုင်းရဲ့ Dash 8 turboprop (တာဘိုပရော့) အမျိုးအစား လေယာဉ် တစ်စင်းဟာ ပျံသန်းနေစဉ် အင်ဂျင်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်ဟာ အရေးပေါ်ဆင်းသက်ခဲ့ရပေမယ့် အားလုံးဘေးကင်းစွာနဲ့ ဆင်းသက်နိုင်ခဲ့ပြီး ဇန်နဝါရီ လက ATR 72 ပျက်ကျပြီးနောက် လေကြောင်းအန္တရာယ်ကင်းရှင်းရေးအတွက် သတိပေးချက်ကို နိုင်ငံတဝန်းလုံးမှာ တိုးမြှင့်ထားကြောင်း တာဝန်ရှိသူတွေက…

မြန်မာနိုင်ငံမှာရှိတဲ့ စင်္ကာပူပိုင် ဆီဒိုးနားဟိုတယ်ကို ဒေါ်လာ ၅၇ သန်းနဲ့ ရောင်းချဖို့ ကြေညာ

ရန်ကုန် – မတ်(၁၁) မြန်မာနိုင်ငံရဲ့ ဟိုတယ်လုပ်ငန်းဟာ ကိုဗစ်နဲ့ စစ်တပ်အာဏာသိမ်းမှုတွေနဲ့ ရုန်းကန်နေရတာ ကြောင့် စင်္ကာပူပိုင် ကပ်ပယ်(Keppel) ကော်ပိုရေးရှင်းက ရန်ကုန်အခြေစိုက်ဆီဒိုးနားဟိုတယ် ကိုအမေရိကန်ဒေါ်လာ (၅၇.၄) သန်းနဲ့ ရောင်းချဖို့ ကြေညာခဲ့ပါတယ်။ စင်္ကာပူနိုင်ငံပိုင် လုပ်ငန်းစုဟာ လုပ်ငန်းရေရှည်တည်တံ့မှုအားကောင်းစေဖို့ အတွက် ပိုင်ဆိုင်မှု ရုပ်သိမ်းတာတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အကြီးစားပိုင်ဆိုင်မှုဖြစ်တဲ့ ဆီဒိုးနားဟိုတယ်ကို ရောင်းချတာဟာ တိုးတက်မှုအခွင့်အလမ်းသစ်တွေဆီကို ပို့ဆောင်နိုင်မယ့်…

တရုတ်ကို သမ္မတရှီ တတိယသက်တမ်း ထပ်မံအုပ်ချုပ်ခွင့်ရ

ပေကျင်း- မတ်(၁၁) တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ တတိယ(၅) နှစ်သက်တမ်းကို မတ်လ(၁၀) ရက်နေ့ကစပြီး ပေးအပ်ခံရတဲ့အတွက် တိုင်းပြည်မျိုးဆက်တွေထဲမှာ အာဏာအရှိဆုံး ခေါင်းဆောင်ဖြစ် လာခဲ့ပါတယ်။ သမ္မတယှဉ်ပြိုင်ရွေးချယ်မယ့်သူမရှိတဲ့ ရွေးကောက်ပွဲနဲ့အတူ တရုတ်ပါလီမန်အဖွဲ့ဝင် (၃၀၀၀) ကျော်ဟာ လက်ရှိသမ္မတကိုသာ ဆက်လက်တင်မြှောက်ဖို့ အမျိုးသားပြည်သူ့ကွန်ဂရက်မှာ ဆုံးဖြတ်ခဲ့ကြတာပါ။ အသက်(၆၉) အရွယ်ရှိပြီဖြစ်တဲ့ သမ္မတရှီကျင့်ဖျင်ကို နိုင်ငံရဲ့ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တခဲနက် ဆန္ဒမဲပေးခဲ့ကြတာဖြစ်ပါတယ်။ “ကျွန်ုပ်သည်တရုတ်ပြည်သူ့သမ္မတနိုင်ငံ…

ရန်ကုန်မှာ ဆေးခြောက်နဲ့ မုန့်လုပ်ရောင်းသူတွေကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီထုတ်ပြန်

ရန်ကုန် – မတ်(၁၀) ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်မှာ ဆေးခြောက်ထည့်သွင်းပြီး ကွတ်ကီးမုန့်တွေ ထုတ်လုပ်ရောင်း ချသူ(၂) ဦးကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၈) ရက်နေ့က လမ်းမတော်မြို့အမှတ်(၇) ရပ်ကွက်(၁၆) လမ်းမှာနေထိုင်တဲ့ အသက် (၂၄) နှစ်အရွယ် မထက်ရတနာဦးနဲ့ လမ်းမတော်မြို့နယ် အမှတ်(၁) ရပ်ကွက် ဗဟိုစည်အိမ်ယာမှာ နေထိုင်တဲ့ အသက်(၂၁)…

ကတိုင်တိ ရဲစခန်းနဲ့ BGF တပ်ရင်း တိုက်ခိုက်ခံရပြီး စခန်းမှူး အပါအဝင် ၅ ဦး သေဆုံး

ဖာပွန်၊ မတ်(၁၀) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် ကတိုင်တိကျေးရွာထဲမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ BGF တပ်ရင်းနဲ့ ရဲစခန်းကို KNLA တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေက တစ်ရက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူးနဲ့ ရဲမေတွေအပါအဝင် (၅)ဦးသေဆုံးသွားခဲ့တယ်လို့ တပ်မဟာ(၅)က မတ် ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်(၅)ရက်နေ့ မနက် ၂ နာရီအချိန်လောက်မှာ KNU တပ်မဟာ(၅)နယ်မြေ ကတိုင်တိကျေးရွာအခြေစိုက်…