စစ်ကောင်စီလက်ထက် လုပ်ခလစာခေါင်းပုံဖြတ်ခံရမှု အဆိုးဝါးဆုံးဖြစ်လာ
ရန်ကုန်၊ မတ်(၁၂) စစ်ကောင်စီလက်ထက်မှာ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်တွေက အလုပ်သမားဆီကနေ လုပ်ခလစာ ခေါင်းပုံ ဖြတ်တာအပြင် အတင်းအဓမ္မအလုပ်ခိုင်းစေမှုတွေကို ဆက်တိုက်ကျူးလွန်လာတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်တွေဟာ စစ်ကောင်စီလက်ထက် ဥပဒေအကာအကွယ်ပေးမှု နည်းပါးမှုကို အခွင့်ကောင်းယူပြီး အလုပ်သမားတွေကို နေ့စဉ်အလုပ်ချိန် ၁၂ နာရီအထိ အလုပ်လုပ်ခိုင်းတာ၊ တနင်္ဂ နွေနေ့တွေမှာပါ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းတာတွေ လုပ်ဆောင်နေပါတယ်။…
