Radio Than Lwin Times(11/3)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/cMlKNbbmJQc
တွံတေး၊ မတ်(၁၃) ပြီးခဲ့တဲ့၂၀၂၁ မတ် ၁၃ရက်နေ့က တွံတေးသပိတ်ဖြိုခွင်းခံရစဥ် ကျဆုံးခဲ့တဲ့ ပြည်သူလေးယောက်အတွက် အမှတ်တရအထိမ်းအမှတ်တစ်ခုကို တွံတေးမြို့သူ၊ မြို့သားတွေစုပေါင်းပြီး ဒီကနေ့ မတ်လ (၁၃)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ကျဆုံးခဲ့တဲ့ပြည်သူတွေအတွက် အထိမ်းအမှတ်တစ်ခုကို တွံတေးတံတားပေါ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကျဆုံးခဲ့သူတွေအပါအဝင် ဖမ်းဆီးခံထားရတဲ့ တွံတေးသူ၊ တွံတေးသားတွေအားလုံးအတွက် အမှတ်တရစီစဉ်ဖြစ်တာလို့ တွံတေးမြို့ခံတစ်ဦးကပြောပါတယ်။ “ကျွန်တော်တို့မြို့မှ မဟုတ်ပါဘူး၊ တစ်နိုင်ငံလုံး လက်ရှိအပြင်းအထန်ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေကနေ…
မော်လမြိုင် – မတ်(၁၃) ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ မျိုးစေ့ချပေးခဲ့တဲ့ တိုက်ပွဲဝင်စိတ်ဓာတ်အမွေကို အလေးအနက်ထား ခံယူပြီး မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး သမိုင်း တလျှောက် ကျဆုံးခဲ့ကြရတဲ့ အာဇာနည်အပေါင်းကိုဦးညွှတ်ဂုဏ်ပြုတယ်လို့ NUG အစိုးရက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခြင်း(၃၅) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စား ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နှမြောသတအောက်မေ့ သတိတရရှိနေပါကြောင်းနဲ့ အထိမ်းအမှတ်သဝဏ်လွှာပေးပို့ခွင့်ရတဲ့အတွက်…
မော်လမြိုင် – မတ်(၁၃) မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်(၁၁) ခုမှာ (၃) ရက်ကနေ (၅) ရက်အထိ မိုးရွာသွန်းနိုင်တယ် လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။ မတ်လ(၁၃) ရက်ကစပြီး အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကာ တိုင်းနဲ့ ပြည်နယ်(၁၁) ခုမှာ ရွာသွန်းမြဲ ထက်ပိုမိုရွာသွန်းနိုင်တယ်လို့ ဆိုထားတာပါ။ မွန်ပြည်နယ်၊…
ပင်လောင်း – မတ်(၁၃) ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်ပြောင်းဒေသ နမ်းနိန်းကျေးရွာဘုန်းကြီး ကျောင်းမှာ ခိုလှုံနေတဲ့ ပြည်သူတွေအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့နေရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိထားတယ်လို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(ခမ်းကောင်) က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက် မှုကြောင့် စစ်ရာဇဝတ်မှုမြောက်တဲ့ တွေ့ရှိချက်တွေကို ပအိုဝ်းပြည်သူတွေအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးနဲ့ နိုင်ငံတကာမိသားစု…
ဒီးမော့ဆို၊ မတ်(၁၂) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်း(၃)ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့အတွက် စစ်ရှောင်ဒေသခံ ၅၀၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်းတိုင်းမ်ကို ပြောပါတယ်။ ဘော်လခဲအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ- ၄၂၉ နဲ့ တပ်မ-၇၇ တို့က ဘောလခဲဘက်ကနေ စစ်ကြောင်း (၂) ကြောင်း၊ လွိုင်ကော်ဘက်ကနေ စစ်ကြောင်းတစ်ကြောင်းနဲ့ ဒီးမော့ဆိုမြို့နယ်…
တနင်္သာရီ၊ မတ်(၁၂) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကမ်းတိုကျေးရွာအနီးမှာ မတ် ၁၀ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင် စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၁၀ နာရီလောက်မှာ မြိတ်ဘက်ကနေ တနင်္သာရီမြို့ဘက်ကို မောင်းနှင်းလာတဲ့ တပ်အင်အား ၆၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို…
https://youtu.be/y27ZSV0RIPc
မော်လမြိုင်၊ မတ်(၁၂) ပြည်ပကနေ တင်သွင်းနေရတဲ့ စက်သုံးဆီသုံးစွဲမှုလျှော့ချဖို့ စစ်ကောင်စီရဲ့ကြိုးပမ်းမှုကြောင့် မှောင်ခို ဈေးကွက် ကြီးထွားလာနိုင်ပြီး ကုန်ဈေးနှုန်းတွေလည်း ပိုမိုကြီးမြင့်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချဖို့နဲ့ အသုံးစရိတ်မြင့်မားမှုကို ရှောင်ရှားနိုင်ရေးအတွက် ပြည်ပကနေတင်သွင်းတဲ့ စက်သုံးဆီသုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချမယ်လို့ ပြောဆိုလာတာပါ။ စက်သုံးဆီသုံးစွဲမှု လျှော့ချရာမှာ…