ရင်းနှီးမြှုပ်နှံမှုအသစ်တွေရှာဖွေဖို့ တရုတ်တာဝန်ရှိသူတွေ နိုင်ငံခြားခရီးသွားလာမှု မြှင့်တင်ခဲ့

0
4817

ပေကျင်း – ဧပြီ(၈) 

တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ စီးပွားရေးအရာရှိတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အရှိန်မြှင့်ဖို့ ဒီဇင်ဘာလက စတင်ပြီး အာရှနဲ့ ဥရောပကို ရာနဲ့ချီတဲ့ ခရီးထွက်မှုတွေ ပြုလုပ်ခဲ့ ကြတယ်လို့ သိရပါတယ်။ 

ခရိုင်တာဝန်ရှိသူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာနဲ့ တချို့သော သတင်းရင်းမြစ်တွေရဲ့အဆိုအရ နယ်စပ်ဖြတ်ကျော်မှုမှာ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ အတူ မြို့တော်နဲ့ ပြည်နယ်အဆင့် ရှိ ကြီးကြပ်ရေးမှုတွေ ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုထားတာပါ။ 

တရုတ်ဟာ သူတို့ရဲ့ စီးပွားရေးအတွက် ထိခိုက်စေတဲ့ ကိုဗစ်အစီအမံတွေကြောင့် (၃) နှစ်ကြာ ပိတ်ထားတဲ့ ကန့်သတ်ချက်တွေကို အာဏာပိုင်တွေက ဖြေလျှော့ပေးပြီးနောက် ရက်ပိုင်း အတွင်း တာဝန်ရှိသူတွေက ဟောင်ကောင်နဲ့ပါရီအထိစီးပွားရေးခရီးစဉ်တွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အခုလိုအလောတကြီး လုပ်ဆောင်မှုဟာ တစတစတိုးပွားလာတဲ့ ကြွေးမြီ ဒေါ်လာ(၉) ထရီလီယံနဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေချိန် ဖွံ့ဖြိုးမှု မြှင့်တင်ရာမှာ ရင်ဆိုင်နေရတဲ့ ဖိအားတွေကို မီးမောင်းထိုးပြ တာဖြစ်တယ်လို့ တရုတ်အရာရှိတွေနဲ့တွေ့ဆုံခဲ့တဲ့ ဟောင်ကောင်သတင်းရင်းမြစ်တွေကဆိုပါ တယ်။ 

“မြင့်မားတဲ့ ပစ်မှတ်တွေကို ရောက်ရှိဖို့ အစိုးရရဲ့အဆင့်တိုင်းတွင် သိသာထင်ရှားသောဖိအား များရှိနေပါတယ်” လို့အာရှဘဏ္ဍာရေးဗဟိုမှ တရုတ်စီးပွားရေးလုပ်ငန်းတွေကို ကိုယ်စားပြုတဲ့ ဥပဒေပြုလွှတ်တော်အမတ် အန်ရစ်ယင်းမ် ကပြောခဲ့ပါတယ်။ 

အမေရိကန်နဲ့ ကုန်သွယ်ရေးတင်းမာမှုတွေကြောင့် ကိုယ်စားလှယ်အဖွဲ့တွေကို ကျန်ကမ္ဘာ့နိုင်ငံ တွေအပေါ် ပိုမိုအာရုံစိုက်လာစေဖို့ တွန်းအားပေးနေတာဖြစ်တယ်လို့ သူကပြောပါသေးတယ်။ 

ကမ္ဘာ့အဆင့်(၂) စီးပွားရေးနိုင်ငံအနေနဲ့ စီးပွားရေးအတွက် လမ်းဖွင့်ထားတယ်လို့ ဝန်ကြီးချုပ်လီ ကပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်မှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးတစ်ခုမှာ ပြောခဲ့ပြီး တရုတ်ဟာ အာရှရဲ့ အဖြေအဖြစ် မကြာခဏ အမွှမ်းတင်ပြောကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အပေါ် အနိုင်ယူကာ ပုဂ္ဂလိကလုပ်ငန်းတွေကို ပံ့ပိုးပေးမယ်လို့ ကတိပြုထားပါတယ်။ 

 ဟောင်ကောင်က အမည်မဖော်လိုတဲ့ အမှုဆောင်အရာရှိနှစ်ဦးက သူတို့တွေ့ဆုံခဲ့တဲ့ တရုတ် တာဝန်ရှိသူတွေအနေဟာ ဆိပ်ကမ်းတွေနဲ့ ဇီဝနည်းပညာမှ အနုပညာနဲ့ အားကစားအထိ ပရောဂျက်တွေအတွက် ရင်းနှီးမှုတွေ သေချာစေဖို့ အရင်ကထက် ပိုမိုစိတ်ပိုင်းဖြတ်ထားတယ် လို့ပြောပါတယ်။ 

 “တရုတ်နိုင်ငံဟာ သူ့ရဲ့စီးပွားရေးကို မြှင့်တင်ဖို့အတွက် နိုင်ငံခြားအရင်းအနှီးလိုတယ်၊ ဒီလိုအ ချိန်တိုလေးအတွင်းမှာ ဒီလောက်လူတွေအများကြီးနဲ့ ငါ့မှာ ဒီလိုမျိုး နယ်ပယ်အဆင့်က လူတွေ ထိ မရောက်ဖူးသေးဘူး” လို့ ဟောင်ကောင်အမှုဆောင်အရာရှိ တစ်ဦးကပြောပါတယ်။ 

တခြားအမှဒဆောင်နဲ့ ယင်းမ် တို့ကလည်း တစ်ရက်ကို တရုတ်အရာရှိတွေနဲ့ တွေ့ဆုံမှု (၈) ကြိမ်မှ (၁၀) ကြိမ်အထိ မကြာခဏတက်ရောက်နေကြတယ်လို့ ပြောပါသေးတယ်။ 

ကိုဗစ်ကန့်သတ်ချက်တွေ ရုတ်တရက်ဖြေလျှော့ပြီး နောက်တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ ဥရောပမှာ စီးပွားရေး အစည်းအဝေးပေါင်း (၂၃၀) ကျော် ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါ တယ်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကလည်း နိုင်ငံခြားကုမ္ပဏီတွေအတွက် မညီမျှတဲ့ ကစားကွက်၊ ဉာဏပစ္စည်းခိုးယူမှုနဲ့ ခန့်မှန်းမရတဲ့ စည်းမျဉ်းတွေကြောင့် ကာလရှည်ကြာ မကျေနပ်ချက် တွေကို ပြန်လည်တုံ့ပြန်ကြပေမယ့် မြို့နယ်တော်တော်များများကတော့ အရောင်းအဝယ် ပြုလုပ်ရာမှာ အောင်မြင်ဖို့ အရှိန်မြှင့်တင်နေကြတာဖြစ်ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.