TLT Tv||- ၂၀၂၃ ခုနှစ် ဧပြီလ(၇) ရက် သောကြာနေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/XohL1NVW8WU
https://youtu.be/XohL1NVW8WU
ပုလဲ – ဧပြီ(၇) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ M-7 ကို စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် (၄) ဦးကျဆုံးခဲ့ရတယ်လို့ စခန်းတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၅) ရက်နေ့ မနက်ပိုင်းက Mi-35 ဂျက်ဖိုက်တာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် Mi-17 (၄) စီးနဲ့ အင်အားတိုးတိုက်ခိုက်ခဲ့တာကြောင့် (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့…
မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “NLD ပါတီအမှတ်တံဆိပ်များကို အသုံးပြုပါက ဖမ်းဆီးမည်”ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို မှိုင်းဝေတယ်လီဝရမ်အကောင့်ကနေ ဧပြီလ(၃)ရက်နေ့မှာ ဖြန့်ဝေတာကို…
လိပ်သို၊ ဧပြီ(၇) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂)နယ်မြေ လိပ်သိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာတဲ့ စစ် ကောင်စီတပ်က ဒေသခံ၁၆ ဦးကို ပေါ်တာအဖြစ် ဖမ်းဆီးသွားသလို ဒေသခံတစ်ဦးကိုလည်း သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၇)ရက်နေ့ကစပြီး တပ်မဟာ(၂)နယ်မြေဖြစ်တဲ့ လိပ်သိုမြို့နယ်ထဲက မြသာကုန်းကျေးရွာ အနောက်ဘက်ခြမ်းကျေးရွာတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးတာတွေ…
မော်လမြိုင်၊ ဧပြီ(၇) AAPP ရဲ့ ဧပြီ(၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၉၅)ရက်အတွင်း ပြည်သူ (၃၂၂၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၂၄၂ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…
မော်လမြိုင် ၊ ဧပြီ(၇)ကမ္ဘာ့ရွှေဈေးနှုန်း ပြန်လည်မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးဟာ အခုရက်ပိုင်းအတွင်း မီလင်းအခေါက် ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၃၀ နီးပါးအထိ ဈေးနှုန်းထပ်တက်လာတာကြောင့် ဈေး ကွက်အတွင်း အရောင်းအဝယ်အေးနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ အမေရိကန်က ဘဏ်တိုးနှုန်းတွေ မြှင့်တင်လိုက်တာကြောင့် ရွှေဈေးကွက်အပြင် စတော့ ရှယ်ယာ ဈေးကွက်တွေပါ ကမောက်ကမဖြစ်ပြီး ပြည်ပဘဏ်တွေက ရွှေဝယ်စုဆောင်းတာတွေ…
မော်လမြိုင် ၊ ဧပြီ (၇)မွန်လူငယ်မူဝါဒမှာပါဝင်တဲ့ ကဏ္ဍကြီး ၁၁ ခုထဲက ကဏ္ဍ ၅ ခုကို အကောင်အထည်ဖော်ဖို့အတွက် မဟာဗျူဟာနဲ့ နည်းဗျူဟာတွေကို ရေးဆွဲအတည်ပြုခဲ့တယ်လို့ မွန်လူငယ်ဆုံရပ်၊ ဦးဆောင်ကော်မတီ အတွင်းရေးမှူး နိုင်ဂျိကျွမ်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်လူငယ် မဟာဗျူဟာကို အတည်ပြုဖို့ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နဲ့ ၂၆ ရက်နေ့တို့မှာ မွန်ပြည်နယ်၊…
ပုလော၊ ဧပြီ(၇) စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဝက်တိုးကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပုလောကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ မနက် ၉ နာရီခွဲအချိန်လောက်မှာ ဝက်တိုးကျေးရွာထဲကို…
မြဝတီ၊ ဧပြီ(၇) ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်အနီး စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ တော်လှန် ရေး တပ်ပေါင်းစုတို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်သူ ၆၀၀၀ ကျော်အထိ တိုးလာတယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ စာရင်းအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ(၅)ရက်နေ့က ရွှေကုက္ကိုလ်မြို့သစ်အနီး ထိကော်ထောကျေးရွာနဲ့ ရွှေကုက္ကိုလ်-မြဝတီ ကားလမ်း ဟောင်းပေါ်ရှိ BGF ရဲ့…
ရန်ကုန် – ဧပြီ(၆) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံလေတပ်စခန်းအနီးမှာ ဒီနေ့ဧပြီလ(၆) ရက်နေ့ ည(၉) နာရီဝန်းကျင်မှာ ပေါက်ကွဲသံတွေဆက်တိုက်ထွက်ပေါ်လာပြီးနောက် ပစ်ခတ်သံတွေဆက်တိုက် ကြားနေရတယ် လို့ ဒေသခံ တွေကပြောပါတယ်။ ည(၉)နာရီ ကျော်လောက်ကစပြီး ပေါက်ကွဲသံ (၅) ချက်လောက်ထွက်ပေါ်လာပြီးနောက် ပစ်ခတ်သံတွေဆက်တိုက် ထွက်ပေါ်လာတာပါ။ ပေါက်ကွဲမှုကြောင့် မင်္ဂလာဒုံ၊မြောက်ဥက္ကလာပ၊မြောက်ဒဂုံမြို့နယ်အတွင်းမှာ အသံကျယ်လောင်စွာ ထွက်ပေါ် ခဲ့ပြီး ပေါက်ကွဲမှုအားပြင်းတယ်လို့လည်း သိရပါတယ်။ ဒီဖြစ်စဉ်နဲ့…