ထိုင်ဝမ်စစ်တပ်ရဲ့ အရန်တပ်ဖွဲ့တွေမှာ အမျိုးသမီးတွေကို ပါဝင်ခွင့်ပြုမယ်
ထိုင်ပေ၊ ဇန်နဝါရီ(၁၉) ထိုင်ဝမ်စစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ခြိမ်းခြောက်မှုကို တွန်းလှန်ဖို့အတွက် အရန်တပ်လေ့ကျင့်ရေးမှာ အမျိုးသမီး တွေပါဝင်ဖို့ (ဇန်နဝါရီ ၁၇) မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ တပ်ဖွဲ့ဝင်အင်အားကိုပိုမိုတိုးတက်ကောင်းမွန်စေဖို့ ခွင့်ပြုပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ဒီမိုကရက်တစ်ထိုင်ဝမ်ဟာ တရုတ်ကျူးကျော်မှုနဲ့ အဆက်မပြတ်ခြိမ်းခြောက်မှု အောက်မှာရှိနေတာပါ။ တရုတ်သမ္မတရှီကျင့်ဖျင်လက်ထက် မကြာသေးမီနှစ်တွေအတွင်း တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ ပိုမိုပြင်းထန် လာခဲ့ပြီး ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်ခံရမှုနောက်မှာ…
