သတင်း

လောင်းလုံးမြို့နယ်ပညာရေးမှူး သေနတ်နဲ့ ပစ်ခတ်ခံရ

လောင်းလုံး၊ နိုဝင်ဘာ (၂၄) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပျဉ်စသီမော်ကျေးရွာနဲ့ပြင်ကြီးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၆ နာရီလောက်က စစ်ကောင်စီ မြို့နယ်ပညာရေးမှူး ဦးဇော်ဇော်စိုး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လောင်းလုံးကနေ ဆိုင်ကယ်နဲ့လာတဲ့ မြို့နယ်ပညာရေးမှူး ဦးဇော်ဇော်စိုးကို ပျဉ်စသီမော်ကျေးရွာသချိုင်းအနီးမှာ အမည်မသိ သေနတ်သမား ၂ ဦးက…

စစ်အာဏာသိမ်း (၆၆၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၃၃ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၂၄) AAPP ရဲ့ နိုဝင်ဘာလ (၂၃) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၆၁)ရက်အတွင်း ပြည်သူ (၂၅၃၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၄၀၃ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၀၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

အထိနာနေတဲ့ စစ်ကောင်စီတပ် KNU ညောင်လေးပင်ခရိုင်ကို အပြင်းအထန် စစ်ကြောင်းထိုးဖို့ ပြင်ဆင်လာ

ညောင်လေးပင်၊ နိုဝင်ဘာ (၂၄) နှစ်ဖက်တိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ထဲက KNLA တပ်ဖွဲ့ရှိရာ နေရာတွေကို အပြင်းအထန် စစ်ကြောင်းထိုးဖို့ စုဖွဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်လာတယ်လို့ KNU က နိုဝင်ဘာ (၂၃)ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေအတွင်းရှိတဲ့ စစ်ကောင်စီရဲ့ ဘောကထာ၊ သံဆိပ်နဲ့ တုံးတံတား တပ်စခန်းတွေကို ပြီးခဲ့တဲ့…

နိုင်ငံတဝန်းမှာ အာဏာသိမ်း ၂၂ လအတွင်း တိုက်ပွဲပေါင်း ၇၈၀၀ ကျော် ဖြစ်ပွားခဲ့

ရန်ကုန်၊ နိုဝင်ဘာ (၂၄) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့အထိ လက်နက်ကိုင် တိုက်ပွဲပေါင်း ၇၈၅၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ISP-Myanmar က နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်နဲ့…

စစ်ကောင်စီက နျူကလီးယားစွမ်းအင်သုံး လက်နက်ခဲယမ်းတွေကို ထုတ်လုပ်လာနိုင်

ရန်ကုန်၊ နိုဝင်ဘာ (၂၄) အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုရဲ့အားကိုးရာ တစ်ခုတည်းသော ရုရှားနိုင်ငံရဲ့ နည်းပညာကို အ သုံးပြုပြီး စစ်ကောင်စီအနေနဲ့ နျူကလီးယားစွမ်းအင်သုံး လက်နက်ခဲယမ်းတွေကို ထုတ်လုပ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေနဲ့ CDM ဗိုလ်ကြီးတွေက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ရှရုားနိုင်ငံ၊Sochi မြို့မှာပြုလုပ်တဲ့ ၁၂ ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံတဲ့ ဆန်းသစ်တီထွင်မှုဖိုရမ်ကို စစ်ကောင်စီလက်အောက်ခံ…

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် နေအိမ်ဖျက်ဆီးခံရသူတွေ အိမ်ငှားဖို့ အခက်ကြုံနေ

ရန်ကုန်၊ နိုဝင်ဘာ (၂၄) ရန်ကုန်မြို့ ၊ မရမ်းကုန်းနဲ့ မင်္ဂလာဒုံမြို့နယ်ရှိ ရပ်ကွက်အချို့ကို စစ်ကောင်စီက ကျူးကျော်လို့သတ်မှတ်ပြီး နေထိုင်သူတွေကို အတင်းအဓမ္မဖယ်ခိုင်းခဲ့ပြီးနောက် နေအိမ်ဖယ်ရှားခံရသူတွေဟာ အိမ်ပြန်ငှားဖို့ အခက်ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီက လတ်တလော ပြောင်းလဲချမှတ်ထားတဲ့ ရပ်ကွက်ထောက်ခံစာပါမှ အိမ်ငှားနေခွင့်ပြုမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် နေအိမ်ဖယ်ရှားခံရသူတွေဟာ အိမ်ပြန်ငှားဖို့ အခက်ကြုံနေကြရတာပါ။ နေအိမ်ဖယ်ရှားခံရသူတစ်ဦးကတော့ နေအိမ်ဖယ်ရှားခံရပြီးနောက် တချို့ရပ်ကွက်တွေမှာ အိမ်ငှားဖို့…

ဓာတ်ပုံဟောင်းတွေသုံးပြီး PDF တွေ ဓါးပြတိုက်သယောင် စစ်ကောင်စီဘက်သားတွေ ဝါဒဖြန့်အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “PDF ရန်ကိုကြောက်လို့ အိမ်ပြောင်းရွေ့သည့် မိသားစုများအား PDFများမှ လမ်းကြောင်းတွင် စောင့်ဆိုင်းဓားပြတိုက်” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ…

စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ မဝေးတော့ဘူးလို့ NUG ကာကွယ်ရေးဝန်ကြီးပြော

မော်လမြိုင် – နိုဝင်ဘာ(၂၃) ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးထိန်းချုပ်နိုင်စွမ်းတွေမြင့်မားလာတာနဲ့အတူ စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ မဝေးတော့ဘူးဆိုတာ သူတို့ နားလည်သဘောပေါက်နေပြီလို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဒီနေ့နိုဝင်ဘာလ(၂၃) နေ့မှာ PDF ရဲဘော်တွေကို အပတ်စဉ်ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။ “ ငါတို့ရဲဘော်တွေဘယ်လောက်စွမ်းခဲ့ကြတယ်၊ ရှေ့မှာဆက် ပြီး…

နည်းပြ ဂွါဒီယိုလာကို မန်စီးတီးအသင်း ၂၀၂၅ ခုနှစ်ထိ စာချုပ်သက်တမ်း ထပ်တိုး

မော်လမြိုင်၊ နိုဝင်ဘာ၊ (၂၃) ပရီးမီးယားလိဂ်ကလပ်အသင်း မန်စီးတီးအသင်းဟာ အသင်းရဲ့ နည်းပြဖြစ်သူ ဂွါဒီယိုလာကို ၂၀၂၅ ခုနှစ်ထိ သက်တမ်းရှိတဲ့ ၂ နှစ်စာချုပ် ထပ်မံချုပ်ဆိုလိုက်တယ်လို့ အတည်ပြုကြေညာလိုက်ပါတယ်။ အသက် ၅၁ နှစ်အရွယ် စပိန်နည်းပြ ပတ်ဂွါဒီယိုလာဟာ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့အတွက် မန်စီးတီးအသင်းက နောက်ထပ် ၂ နှစ် စာချုပ်သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။…