သတင်း

ယူကရိန်းက နေတိုးမျှော်လင့်ချက်ကို စွန့်လွှတ်ရင်တောင် ရုရှားက စစ်ပွဲရပ်မှာ မဟုတ်

မော်စကို – ဩဂုတ်(၂၈) ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ထိပ်တန်းမဟာမိတ်တစ်ဦးက ယူကရိန်းက နေတိုးရဲ့ မျှော်လင့် ချက်ကို စွန့်လွှတ်ရင်တောင် ရုရှားက ယူကရိန်းကို စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်မှာ မဟုတ်ဘူး လို့ ဩဂုတ်လ(၂၆) ရက်နေ့မှာ ပြောပါတယ်။ ယူကရိန်းသမ္မတဇယ်လန်းစကီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ ရုရှားလုံခြုံရေးကောင် စီရဲ့ လက်ထောက်ဥက္ကဌဖြစ်သူ ဒီမီထရီမက်ဗီဒက်က ပြင်သစ်ရုပ်မြင်သံကြား အင်တာဗျူး တစ်…

မြောက်ကိုရီးယားရဲ့ ကိုဗစ်အောင်ပွဲကိုကြေငြာပြီးနှစ်ပတ်အကြာတရုတ်နယ်စပ်မှာ သံသယ လူနာတွေ့ရှိခဲ့

ပြုံယမ်း – ဩဂုတ်(၂၈) ကိုဗစ်ကို အောင်နိုင်ပြီလို့ ကြေငြာပြီး နှစ်ပတ်အကြာမှာ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံ နယ်နိမိတ်အနီးက ပြည်နယ်တစ်ခုမှာ ကိုဗစ်သံသယရှိသူလေးဦး တွေ့ခဲ့တယ်လို့ KCNA မှာဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာတော့ သံသယလူနာတွေကို တွေ့ရှိထားတဲ့နေရာကို အသွားအလာကန့်သတ်ထား တယ်လို့ ဆိုထားပါတယ်။ “ဩဂုတ်လ ၂၄ ရက်နေ့တွင် ရယန်ဂန် ပြည်နယ်ရှိယူနစ်တစ်ခုတွင် ပြင်းထန်သောကူးစက်ရောဂါ သံသရလူနာ လေး ဦးအထိ…

ရွှေ့ပြောင်းအလုပ်သမားတွေကို လုပ်အားခ တိုးပေးမယ်လို့ ထိုင်းအစိုးရ တရားဝင်ကြေညာ

မော်လမြိုင် ၊ သြဂုတ် (၂၈) ထိုင်းနိုင်ငံထဲက ရွှေ့ပြောင်းမြန်မာအလုပ်သမားအပါအဝင် အလုပ်သမားအားလုံးကို အခြေခံလုပ်အားခ တိုးမြှင့်ပေးမယ်လို့ သြဂုတ် ၂၆ ရက်နေ့မှာ ထိုင်းအစိုးက တရားဝင် ကြေညာလိုက်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်းနိုင်ငံထဲမှာ ကုန်းဈေးနှုန်းမြင့်တက်နေတာကြောင့် လက်ရှိ အလုပ်သမားတွေရရှိနေတဲ့ လုပ်အားခတွေနဲ့ မလုံလောက်တော့တဲ့အတွက် အလုပ်သမားတွေရဲ့လုပ်အားခကို တိုးမြှင့်သတ်မှတ်ပေးဖို့ ထိုင်းအလုပ်သမားသမဂ္ဂနဲ့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ပြီး…

သံဖြူဇရပ်မြို့မရဲစခန်း ပစ်ခတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး လူငယ် ၆ ဦး ဖမ်းဆီးခံရ

သံဖြူဇရပ် ၊ သြဂုတ် (၂၈) မွန်ပြည်နယ်၊သံဖြူဇရပ်မြို့ရှိ စစ်ကောင်စီ မြို့မရဲစခန်းအား လာရောက် ပစ်ခတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက လူငယ် ၆ ဦးကို ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သံဖြူဇရပ်မြို့မရဲစခန်းကို ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့မှာ သံဖြူဇရပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးက…

ဒီမော့ဆို စစ်ရှောင်စခန်းတွေမှာကလေးငယ်တွေ အရေပြားရောဂါ ကူးစက်ခံနေရ

ဒီမော့ဆို ၊ ဩဂုတ်(၂၈ ) ကရင်နီပြည်နယ် ဒီမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်စခန်း(၂)ခုမှာနေထိုင်တဲ့ ကလေးငယ်တွေမှာ အရေပြားရောဂါ ခံစားနေရတယ်လို့ စစ်ရှောင်တွေကို ကုသပေးနေတဲ့ ဆရာဝန်က သံလွင်တိုင်းမ်ကိုပြောပါတယ်။ စစ်ရှောင်စခန်းတွေမှာ ရေမသန့်ရှင်းတာနဲ့ အမိုးအကာတွေ လုံလုံလောက်လောက်မရှိတာတွေ ကြောင့် ကလေးသူငယ်တွေတင်မကပဲ လူကြီးတချို့မှာလည်း အရေပြားရောဂါတွေ ဖြစ်ပွားနေတာပါ။ “အခုတလောကတော့ ဗိုင်းရပ်စ်ပိုးပေါ့နော်။အရေးပြားမှာဖြစ်တာ ဗိုင်းရပ်စ်ရှိတယ်၊ ဘက်တီးရီး ယားရှိတယ်၊ မှိုရောဂါတွေရှိတယ်ပေါ့နော်။ အခုဖြစ်တာကတော့…

တော်လှန်ရေးအမည်ခံ ခြိမ်းခြောက်ငွေကြေးတောင်းယူမှုကို ပြင်းထန်စွာအရေးယူမယ်လို့ KNU သထုံခရိုင် မိတ်ဖက်ကော်မတီ ကြေညာ

သထုံ ၊ သြဂုတ် (၂၈) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း တော်လှန်ရေးအဖွဲ့အစည်း အမည်ခံပြီး ပြည်သူတွေထံ ခြိမ်းခြောက်ငွေကြေး တောင်းယူပါက ပြင်းထန်စွာအရေးယူသွားမယ်လို့ KNUသထုံခရိုင်၊ တပ်မဟာ(၁)မိတ်ဖက်ရေးရာ ကြီးကြပ်မှုကော်မတီက သြဂုတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ KNU သထုံခရိုင်အတွင်းက ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွေမှာ တော်လှန်ရေးအဖွဲ့အမည်ခံပြီး လုပ်ငန်းရှင်တွေထံကနေ ခြိမ်းခြောက်ငွေးတောင်ခံတာတွေ…

ထားဝယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ နေအိမ်တွေ ထိခိုက်ပျက်စီး

ထားဝယ် ၊ သြဂုတ် (၂၈) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းတလျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့ တပ်အင်အား ၃၀၀ လောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို သင်္ကန်းတုန်းနဲ့ဝကုန်းကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။…

စစ်ကောင်စီက ပြည်သူတွေရဲ့ နေအိမ် (၂၈၀၀၀) ကျော် မီးရှို့ဖျက်ဆီးခဲ့

မော်လမြိုင် – ဩဂုတ်(၂၇) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေက နေအိမ်လုံးပေါင်း (၂၈၀၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့တယ်လို့ Data for Myanmar အဖွဲ့က ဒီနေ့ ဩဂုတ်လ (၂၇) ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ Data for Myanmar ကပြုစုထားတဲ့ စာရင်းဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ…

“စနေနေ့တိုင်း ထောင်တွင်းလူသတ်မှု ကျူးလွန်နေကြသည်”

ရန်ကုန် – ဩဂုတ်(၂၇) ဒီနေ့ ဩဂုတ်လ(၂၇) ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခုမှာ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းက ဦးဆောင်ပြီး “စနေနေ့တိုင်း ထောင်တွင်းလူသတ်မှု ကျူးလွန်နေကြသည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာက သတိထားမိစေဖို့ လှုံဆော်မှု တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ အာဏာသိမ်းစစ်ကောင်စီကပြီးခဲ့တဲ့ ဇူလိုင်လ(၂၅) ရက်နေ့မှာ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုသူရဇော်တို့ကို သတ်ဖြတ်ထားတယ်လို့ ထုတ်ပြန်ထားသလို…