တွေ့ဆုံဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ စစ်ကောင်စီပြော
နေပြည်တော်၊ သြဂုတ်(၂၃) အတိုက်ခံအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို လျှောက်လှမ်းစရာမရှိဘူးလို့ စစ်ကောင်စီသတင်းမှန်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဩဂုတ် ၂၂ ရက်နေ့မှာ ပြုလုပ်တဲ့ ၂၂ ကြိမ်မြောက် စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ အနာဂတ်ကာလ စစ်ကောင်စီအနေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းတွေ ပေါ်ပေါက်ကျင့်သုံးနိုင်မလားဆိုတဲ့ မေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုဖြေဆိုခဲ့တာပါ။ ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ နိုင်ငံတာဝန်မရယူခင်က မဲသမာမှုနဲ့ ပတ်သက်ပြီး…
