တရုတ်ဗဟိုအစိုးရက ဒေသန္တရအစိုးရတွေရဲ့ ကြွေးမြီးတွေကို ကူညီဖြေရှင်းပေးမယ်လို့ပြော

0
1369
FILE PHOTO: Headquarters of the People's Bank of China (PBOC), the central bank, is pictured in Beijing, China September 28, 2018. REUTERS/Jason Lee

ပေကျင်း – ဩဂုတ်(၂၃) 

တရုတ်နိုင်ငံဒေသန္တရအစိုးရတွေရဲ့ ကြွေးမြီးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့တွေ ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့ ဗဟိုဘဏ်က ဩဂုတ်လ(၂၀) ရက် နေ့က ထုတ်ပြန်ထားပါတယ်။

People’s Bank of China (PBOC) တရုတ်ပြည်သူ့ဘဏ်ရဲ့ အစည်းအဝေးတစ်ရပ်အပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ အိမ်ခြံမြေအပေါ်မှီခိုနေရတဲ့ တရုတ်ရဲ့ အကျပ်အတည်းဟာ ဘဏ္ဍာရေး စနစ်ထဲကို စိမ့်ဝင်လာနေတဲ့အတွက် စိုးရိမ်မှုတွေမြင့်တက်လာတဲ့အချိန်မှာ နိုင်ငံရဲ့ အမြင့်ဆုံး ဘဏ္ဍာရေးဆိုင်ရာ ထိန်းညှိသူတွေနဲ့ ဘဏ္ဍာရေးလုံခြုံမှုဆိုင်ရာ ပုဂ္ဂိုလ်တွေ တွေ့ဆုံခဲ့ ကြတယ်လို့ သိရပါတယ်။ 

တရုတ်ဟာလွန်ခဲ့တဲ့ သီတင်းပတ်အစောပိုင်းက အထွေထွေသော အတိုးနှုန်းတွေကို လျှော့ချခဲ့ ကာ အဓိကချေးငွေဖြတ်တောက်မှုကို တနင်္လာနေ့မှာ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ မျှော်လင့်နေ တာပါ။ 

ဒါပေမယ့် နိုင်ငံ့စီးပွားရေးကျဆင်းနေတဲ့ အခြေအနေကို ဟန့်တားနိုင်မယ့် အတိုင်းအတားတွေကို ဖိမားပေးဆောင်ရွက်နိုင်ဖို့မလွယ်ကူဘူးလို့ အကဲဖြတ်တွေက ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးအပတ်မှာ အာဏာရ တရုတ်ကွန်မြူနစ်ပါတီရဲ့ အမြင့်ဆုံးဆုံးဖြတ် ချက်ချမှတ်နိုင်တဲ့ ပေါလစ်ဗျူရိုက ဒေသန္တရအဆင့်အစိုးရတွေရဲ့ကြွေးမြီးအန္တရာယ်ကိုကာကွယ် ဖို့ အတွက် ဆွေးနွေးခဲ့ကြပေမယ့် အစီအစဉ်အသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

ဒါ့အပြင် ဩဂုတ်လ(၁၁) ရက်နေ့ကသတင်းအစီရင်ခံမှုမှာတော့ တရုတ်ဟာ ဒေသအဆင့် အစိုးရ တွေက ဘဏ္ဍာရေးဆိုင်ရာ ပြန်လည်ဆောင်ရွက်မှုတွေအတွက် ငွေးချေးစာချုပ်တွေကို ကန် ဒေါ်လာ(၁၃၇) ဘီလျံအထိပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အခြေခံအဆောက်အအုံတွေမှာ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုတွေ၊ မြေယာရောင်းချမှုတွေ ပြန်လည်ကျဆင်းလာတာ၊ ကိုဗစ်ထိန်းချုပ်ဖို့ မြင်တက်လာတဲ့ ကုန်ကျစရိတ်တွေကတဆင့် ကြွေး မြီးတင်နေတဲ့ ဒေသအဆင့် မြူနီစပယ်တွေဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး တည်ငြိမ် မှုအတွက် အဓိက အန္တရာယ်ကို ကိုယ်စားပြုတယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။

တရုတ်အစိုးရဘဏ္ဍာရေးအဖွဲ့အစည်းတွေက ထိပ်တန်းအရာရှိတွေတက်ရောက်ခဲ့ကြတဲ့ အစည်း အဝေးမှာ ဘဏ်တွေကို ငွေထုတ်ချေးကြဖို့လည်း တောင်းဆိုထားပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.