လက်ခတ်တောင်စခန်းကုန်းကို ပြန်သိမ်းဖို့လာတဲ့ စစ်ကောင်စီတပ် အထိနာပြီးပြန်ဆုတ်သွားရ
မြဝတီ၊ သြဂုတ်(၂၆) လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ တစ်လအကြာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ ထိခိုက်သေဆုံးမှုများပြားစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်စိုးမိုးထားတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ မြေပြင်၊ ဝေဟင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် တစ်လပြည့်တဲ့အထိ သိမ်းပိုက်လို့မရဘဲ ပြန်ဆုတ်သွားခဲ့ရတာပါ။ ဆုံးရှုံးထားရတဲ့…
