လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ Quad အစည်းအဝေးကို ဂျပန်က အိမ်ရှင်အဖြစ် ကျင်းပ
တိုကျို – မေ(၂၅) တရုတ်ရဲ့ ဒေသတွင်း စစ်ရေးနဲ့ စီးပွားရေးလွှမ်းမိုးမှုတွေချဲ့ထွင်လာတာနဲ့ ပတ်သက်ပြီး သတိထား ဆောင်ရွက်ဖို့ ဂျပန်၊အိန္ဒိယ၊ဩစတြေးလျနဲ့ အမေရိကန် ခေါင်းဆောင်တွေ တိုကျိုမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ Quad လို့ လူသိများတဲ့ အစုအဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲ မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထိုင်ဝမ်ကို အကာအကွယ်ပေးဖို့ စစ်ရေးအရ ဝင်ရောက် စွက်ဖက်ဖို့အဆင်သင့်ရှိနေတယ်လို့…