နိုင်ငံတကာ

ဂရိကျွန်းမှာ အကြီးမားဆုံးတောမီးလောင်မှုဖြစ်ပွားလို့ ကမ္ဘာလှည့်ခရီးသည်ထောင်ချီ ထွက်ပြေးခဲ့ရ

အေသင်၊ ဇူလိုင်(၂၅) ပြီးခဲ့တဲ့ ဇူလိုင်လ (၂၃) ရက်နေ့က ဂရိနိုင်ငံရိုစ်ကျွန်းမှာ တောမီးလောင်ကျွမ်းမှုကြောင့် ခရီးသွားဧည့်သည်တွေ ကြောက်လန့်တကြားအိမ်ပြန်ဖို့ ပြေးလွှားခဲ့ရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။ တနင်္ဂနွေနေ့နှောင်းပိုင်းက ရေကြောင်းကနေ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုပြုလုပ်လျက်ရှိနေတဲ့ နောက်ထပ် နာမည်ကြီး ဂရိကျွန်းဖြစ်တဲ့ ကော်ဖူးမှာလည်း တောမီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းတွေ ထွက်ပေါ်လျက်ရှိနေတာလည်း ဖြစ်ပါတယ်။ ရို့စ်ဒ်ကျွန်းရဲ့ ခရီးသွားရာသီမှာ…

နိုင်ငံအတွင်း ရုပ်ရှင်ရိုက်ကူးမယ့် ပြည်ပထုတ်လုပ်ရေးတွေကို အခွန်နှုန်းထားလျှော့ချပေးမယ် လို့ ထိုင်းအစိုးရ မက်လုံးပေး

ဘန်ကောက် – ဇူလိုင်(၂၅) Thai Fever လို့အမည်ရတဲ့ ကိုရီးယားဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံအတွင်း ရိုက်ကူးရေးစတင်ခဲ့ရာ ကနေ အစိုးရဟာ ပြည်ပနိုင်ငံက ရုပ်ရှင်ထုတ်လုပ်သူတွေကို အခွန်ဖြေလျှော့မှုတွေနဲ့ တခြားအစီ အစဉ်တွေကို မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ အစိုးရအဖွဲ့ ဒုတိယပြောခွင့်ရ မစ္စထရီဆူလီက ပြောခဲ့ပါတယ်။ နိုင်ငံခြားသား အနုပညာရှင်တွေအတွက် အခွန်ဖြေလျှော့မှုနဲ့ ပတ်သက်တဲ့ အသစ်ထုတ်ပြန်မှုတွေ ဟာ လာမယ့် ဩဂုတ်လ(၂) ရက်နေ့ကစပြီး…

ရုရှားသိမ်းယူထားတဲ့ နယ်မြေ(၅၀) ရာခိုင်နှုန်းကို ယူကရိန်ပြန်လည်သိမ်းပိုက်နိုင်ပြီလို့ ဆို

ဝါရှင်တန် – ဇူလိုင်(၂၅) ရုရှားနိုင်ငံက ကျူးကျော်သိမ်းပိုက်ထားတဲ့ နယ်မြေတစ်ဝက်ကို ယူကရိန်းက ပြန်လည်သိမ်းယူ နိုင်ခဲ့ပြီး ကိဗ်ယက်ဟာအောင်မြင်မှုတွေပြန်ရဖို့ အလွန်ခက်ခဲတဲ့တိုက်ပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက CNN ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းချိန်မှာ ကနဦးအနေနဲ့ (၅၀) ရာခိုင်နှုန်းလောက် ကိုပြန်လည်သိမ်းယူနေပါပြီလို့ ပြောခဲ့တာပါ။ “ဒါဟာ တန်ပြန်ထိုးစစ်ရဲ့ အစောပိုင်းကာလတွေပဲ…

တရားမဝင် ကိုယ်တွင်းအင်္ဂါရောင်းချဖို့ လူကုန်ကူးသူ ၁၂ ဦးကို အင်ဒိုနီးရှားဖမ်းဆီး

ဂျာကာတာ၊ ဇူလိုင်(၂၃) ကျောက်ကပ်တွေရောင်းချဖို့ ကမ္ဘောဒီးယားနိုင်ငံကို လူပေါင်း ၁၂၂ ဦးကို လူကုန်ကူးခဲ့တဲ့ ရဲနဲ့လဝက အရာရှိ အပါအဝင်လူ ၁၂ ဦးကို အင်ဒိုနီးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း ဇူလိုင်(၂၁)ရက်နေ့က ပြောကြားခဲ့ ပါတယ်။ အဲဒီသံသယတရားခံတွေကို အင်ဒိုနီးရှားရဲ့ လူကုန်ကူးမှုကားကွယ်တားဆီးရေး ဥပဒေကို ချိုးဖောက်မှုဖြင့် စွဲချက်တင် စစ်ဆေးသွားမှာဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်နဲ့…

ဘီလာရုစ်နိုင်ငံအပေါ် ပိုလန်ရဲ့ ရန်လိုမှုတွေဟာ ရုရှားကိုတိုက်ခိုက်တာဖြစ်တယ်လို့ ပူတင်ပြော

မော်စကို – ဇူလိုင်(၂၃) နေတိုးမဟာမိတ်အဖွဲ့ဝင် ပိုလန်နိုင်ငံဟာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ရည်မှန်းထားချက်တွေ ရှိနေ တယ်လို့ ပူတင်က စွပ်စွဲခဲ့ပြီး ရုရှားအနီးကပ်မဟာမိတ်ဖြစ်တဲ့ ဘီလာရုစ်ကို ရန်စမှုမှန်သမျှဟာ ရုရှားကိုတိုက်ခိုက်တာဖြစ်တယ်လို့ ယူဆတယ်လို့လည်း ပြောခဲ့ပါတယ်။ ရုရှားအနေနဲ့ ဘီဘာရုစ်အပေါ် ရန်လိုမှုမှန်သမျှကို တက်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ တုံ့ပြန်သွား မှာဖြစ်တယ်လို့ ပူတင်က လုံခြုံရေးကောင်စီ အစည်းအဝေး ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောခဲ့တာ ပါ။…

အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံကိုဖြတ်ကျော်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကို လျှပ်စစ်ရောင်းချ ဖို့ ပြင်ဆင်နေ

နယူးဒေလီ – ဇူလိုင်(၂၃) အိန္ဒိယနိုင်ငံဟာ မြန်မာနဲ့ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကို လျှပ်စစ် ဓာတ်အား ကူးသန်းရောင်ချဖို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောခဲ့ပြီး နယူးဒေလီ အစိုးရဟာ ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို အသုံးချကာ ဒေသတွင်း သံသမန်ဆက်ဆံရေးမြှင့်တင်ဖို့ နည်းလမ်းရှာနေတာဖြစ်ပါတယ်။ စက်မှုလုပ်ငန်းအာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ အဲဒီချိတ်ဆက်မှုတွေကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့ (၄)နှစ်အထိ အချိန်ယူဖို့ရှိနေပြီး UAE…

ဆိုးလ်မြေအောက်ရထားဘူတာရုံတစ်ခုအနီး ဓားဖြင့်ထိုးမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိ

ဆိုးလ်၊ ဇူလိုင်(၂၂) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ မြေအောက်ရထားဘူတာရုံတစ်ခုအနီးမှာ ဇူလိုင်လ (၂၁) ရက်နေ့က အမျိုးသားတစ်ဦး ဓားဖြင့်ရမ်းကားမှုကြောင့် လူတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ဆိုးလ်အနောက်တောင်ပိုင်းရှိ ဆယ်လင်မ်မြေအောက်ရထားဘူတာရုံအနီးမှာ ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး သံသယရှိသူကို အခင်းဖြစ်နေရာမှာပဲ ရဲတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းနိုင်ခဲ့ ကြောင်း သိရပါတယ်။ “သံသယရှိသူဟာ အသက် (၃၀)…

မလေးရှားမှာ အီလွန်မက်စ်ရဲ့ Stralink အင်တာနက်ဖြန့်ဝေဖို့ အစိုးရသဘောတူ

ကွာလာလမ်ပူ – ဇူလိုင်(၂၂) မလေးရှားနိုင်ငံအတွင်း အင်တာနက်ဝန်ဆောင်မှုကို ပံ့ပိုးပေးနိုင်ဖို့အတွက် အီလွန်မက်စ်ရဲ့ ဂြိုလ်တုဆက်သွယ်ရေးဖြစ်တဲ့ Starlink ကိုခွင့်ပြုပေးခဲ့တယ်လို့ ဆက်သွယ်ရေးဝန်ကြီးက ဇူလိုင်လ(၂၀) ရက်နေ့မှာ ပြောခဲ့ပါတယ်။ ဆက်သွယ်ရေးဝန်ကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အီလွန်မက်စ်ရဲ့ SpaceX ကလုပ်ဆောင် ထားတဲ့ Starlink ကိုနိုင်ငံအတွင်းမှာရှိတဲ့ ကျောင်းတွေနဲ့ အထက်တန်းပညာရေးအဖွဲ့အစည်း တွေကို ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ ဆိုထားတာပါ။ နိုင်ငံအတွင်းက လူသိများရေပန်းစားတဲ့ ဧရိယာတွေမှာ…

တရုတ်မောင်းသူမဲ့ မော်တော်ယာဉ်နည်းပညာကြောင့် စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့ ကန်သယ်ယူပို့ဆောင်ရေးအကြီးအကဲဆို

ဝါရှင်တန် – ဇူလိုင်(၂၂) အမေရိကန်စျေးကွက်မှာ တရုတ်ရဲ့မောင်းသူမဲ့ မော်တော်ယာဉ်နည်းပညာကြောင့် အေဂျင်စီ အနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်လာစေတယ်လို့ အမေရိကန်သယ်ယူပို့ဆောင်ရေး အကြီးအကဲ ကဇူလိုင်(၂၀) ရက်နေ့မှာ ပြောခဲ့ပါတယ်။ “ကျွန်တော်တို့ဟာ ဟာ့ဒ်ဝဲ ဒါမှမဟုတ် ဆော့ဖ်ဝဲလ်အကြောင်းတွေကိုဘဲ ပြောနေချိန်မှာ တယ်လီ ကွန်း ဒါမှမဟုတ် TikTok နဲ့ သယ်ယူပို့ဆောင်ရေးနည်းပညာနှင့်ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ရှိပါတယ်” လို့ ပို့ဆောင်ရေးအကြီးအကဲ…