အစိုးရကိုဝေဖန်ခဲ့တဲ့ သီချင်းကြောင့် အီရန်အဆိုတော်တစ်ဦး သေဒဏ်ချမှတ်ခံရ

0
25

တီဟီရန်၊ဧပြီ ၂၆

အစိုးရကို ဝေဖန်ထားတဲ့ သီချင်းတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရပြီးနောက် ရက်ပ်အဆိုတော် Toomaj Salehiကို အီရန်တရားရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။

အခြေခံတရားရုံးက Toomaj Salehi ကို အပြင်းထန်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ် လိုက်တယ်လို့ သူ့ရဲ့ရှေ့နေ အေမာရေစီယမ်က အီရန်သတင်းဌာန Shargh Daily နဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာပြောခဲ့တာပါ။

အစ်ဖာဟန်မြို့အခြေစိုက် အီရန်တရားရုံးက ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ဟာ အီရန်နိုင်ငံတော်တရားရုံ းရဲ့ ဆုံးဖြတ်ချက်နဲ့ ပြောင်းပြန်ဖြစ်နေတယ်လို့ အေမာ ရေစီယမ်က ပြောခဲ့ပြီး အမှုဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်အတွက် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်လို့ နိုင်ငံတော်တရားရုံးက ဆုံးဖြတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

တော်လှန်ရေးတရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဥပဒေဆိုင်ရာ ပဋိပက္ခတွေရှိနေတာ ရှင်းလင်းနေ တာကြောင့် မိမိတို့ လုံးဝအယူခံဝင်သွားမှာဖြစ်တယ်လို့ ရှေ့နေက ပြောပါသေးတယ်။

အီရန်တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာ အကြိမ်ပေါင်းများစွာ ခံရဖူးတဲ့ Toomaj Salehi ဟာ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုကို မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိပြီး သူဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ် အတွင်း ကိုယ့်အလုပ်ကိုလုပ်ပြီး အစိုးရရဲ့ ဖမ်းဆီးခံရတဲ့ အထင်ရှားဆုံးအနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်ခဲ့တာပါ။

သူ့ရဲ့လူကြိုက်များတဲ့ သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ ကြွက်တွင်းသီချင်းမှာ အစ္စလာမ်မစ် ပြည်ထောင်စုနဲ့ ပူးပေါင်းလုပ်ကိုင်သူတွေအနေနဲ့ သူတို့ရဲ့မှားယွင်းတဲ့ လုပ်ရပ်တွေအတွက် မကြာခင် အပြစ်ပေးခံရတော့မှာဖြစ်လို့ ပုန်းစရာနေရာရှာထားတာ ပိုကောင်းမယ်ဆိုတဲ့ စာသား ပါဝင်နေပါတယ်။

အစိုးရကို ပြစ်တင်ရှုတ်ချတဲ့သီချင်းတွေ သီဆိုထုတ်ဝေမှုကြောင့် ဖမ်းဆီးခံရပြီး ၂၀၂၁ ခုနှစ်က ပြန်လွတ်လာပေမယ့် သူဟာအစိုးရဆန့်ကျင်ရေး သီချင်းတွေကို အွန်လိုင်းမှာ ထပ်မံဖော်ပြနေခဲ့ တယ်လို့ သိရပါတယ်။

အမျိုးသမီးခေါင်းဆောင် အဝတ် မဝတ်လို့ ဖမ်းဆီးခံရပြီးနောက် ရဲတပ်ဖွဲ့လက်ထဲသေဆုံးခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် မာရှာ အမီနီသေဆုံးမှုအတွက် အီရန်နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကိုလည်း Toomaj Salehi က ထောက်ခံခဲ့သူပါ။

Toomaj Salehi အပေါ် သေဒဏ်ချမှတ်ပြီနောက် သူ့ကိုထောက်ခံတဲ့ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ပေါ် ပေါက်လာတယ်လို့ သိရပါတယ်။

Ref:ABCNews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.