အမေရိကန်ပေးထားတဲ့ တာဝေးပစ်လက်နက်တွေ ယူကရိန်း စတင်အသုံးပြုနေ

0
30

ဝါရှင်တန်၊ဧပြီ ၂၆

ရုရှားတပ်တွေကို တားဆီးဖို့အတွက် ယူကရိန်းက အမေရိကန်ပေးထားတဲ့ တာဝေးပစ်လက်နက် တွေကို စတင်အသုံးပြုနေပြီဖြစ်တယ်လို့ ကန်အရာရှိတွေက အတည်ပြုပါတယ်။

အဲဒီလက်နက်တွေဟာ မတ်လက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ခွင့်ပြုခဲ့တဲ့ ဒေါ်လာသန်း ၃၀၀ တန် စစ်ရေးအကူအညီမှာ ပါဝင်ခဲ့တာဖြစ်ပြီး ဒီလအတွင်း ယူကရိန်းကိုရောက်ရှိလာတာပါ။

အမေရိကန်မီဒီယာတွေက အဲဒီလက်နက်တွေနဲ့ ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသက ပစ်မှတ်တွေကို အနည်းဆုံးတစ်ကြိမ် အသုံးပြုတိုက်ခိုက်ပြီးပြီလို့ ဖော်ပြထားပါတယ်။

ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလျံကူညီမယ့် အစီအစဉ်ကို မကြာသေးခင်က သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးအတည်ပြုထားတယ်လို့ သိရပါတယ်။

အမေရိကန်ဟာ အရင်က ယူကရိန်းကို ATCMS လို့ခေါ်တဲ့ တာဝေးလက်ပစ်လက်နက်တွေပဲ ပေးပို့ကူညီခဲ့ပေမယ့် အမေရိကန်စစ်တပ်အတွက် အဆင်သင့်ရှိမှု အားနည်းသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ပိုအားကောင်းတဲ့ လက်နက်တွေ ပေးပို့ကူညီရေး စဉ်းစားနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ၁၈၆ မိုင်လောက်အထိပစ်ခတ်နိုင်တဲ့ တာဝေးပစ်လက်နက်တွေကို ယူကရိန်းသို့ တိတ်တဆိတ်ပေးပို့ဖို့အတွက် ဖေဖော်ဝါရီလထဲက သမ္မတဘိုင်ဒန်က ခွင့်ပြုခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ဗဒန့် ပတဲလ်က သမ္မတရဲ့ တိုက်ရိုက်ညွှန်ကြား ချက်နဲ့ ယူကရိန်းကို တာဝေးပစ်လက်နက်တွေ ထောက်ပံ့ကူညီထားတယ်လို့ အတည်ပြုထားပါ တယ်။

တာဝေးပစ်လက်နက်ပေးပို့မှုကို မကြေညာခဲ့ဘဲ အရေအတွက်ဘယ်လောက်ပေးပို့ထားတယ်ဆို တာကိုတော့ မသိရသေးပါဘူး။

အမေရိကန်အနေနဲ့ နောက်ထပ်ပေးပို့ဖို့ စီစဉ်ထားတယ်လို့ အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန်က ပြောပါတယ်။

သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသရှိ ရုရှားလေယာဉ်ကွင်းကို ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ခိုက်ရာမှာ ယူကရိန်းက တာဝေးပစ်လက်နက်တွေ ပထမဆုံး အသုံးပြုခဲ့တယ်လို့ အမည် မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးက ရိုက်တာကို ပြောပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.