သတင်းဓါတ်ပုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နာယက သူရဦးတင်ဦးကို နေအိမ်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မှုမြင်ကွင်း (ဓာတ်ပုံသတင်း)

ရန်ကုန်၊ ဇွန် ၅ ဇွန်လ ၁ ရက်တုန်းက ကွယ်လွန်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယကလည်းဖြစ်တဲ့ သူရဦးတင်ဦးရဲ့ စျာပနကို ရန်ကုန်မြို့က ရေဝေးသုသာန်မှာ ဒီနေ့ နေ့လယ် ၂ နာရီမှာ ဂူသွင်း သင်္ဂြိုဟ်မှာဖြစ်ပါတယ်။ ရေဝေးသုသာန်ကိုသွားတဲ့ သူရဦးတင်ဦးစျာပန နာရေးယာဥ်တန်းဟာ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ် ၅၄ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အရှေ့ကနေ ဖြတ်သန်းခဲ့တာပါ။ ကွယ်လွန်ချိန်မှာ…

စစ်ကောင်စီ ဖလပ်ရေယာဉ်(၈) စီးမုံရွာမြို့အနီးရောက်ရှိနေ

မုံရွာ – စက်တင်ဘာ(၃၀) စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်းကို ဆင်ဖြူရှင်တံတားမှ အထက်သို့ ဆန်တက်လာတဲ့ စစ်ဖလပ်ရေယာဉ်(၈) စီးဟာ မုံရွာမြို့အနီးကို ဒီနေ့ စက်တင်ဘာလ(၃၀) ရက်နေ့ နေ့လည်ပိုင်း မှာရောက်ရှိနေတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီ စစ်ရေယာဉ်ဟာလမ်းတစ်လျှောက်မှာလည်း လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်နေတဲ့အတွက် မြစ်ကမ်းဘေးမှာနေတဲ့ပြည်သူတွေသတိထားကြဖို့လည်း အသိပေးထားပါတယ်။ လက်တလော မြေပြင်အခြေအနေနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်အနေနဲ့ ဒေသခံတွေကို ဆက်သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်လို့တော့…

ထိုင်း-မြန်မာ နယ်စပ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကရင်ရိုးရာချည်ဖြူပွဲ မင်္ဂလာအခမ်းအနား ပုံရိပ်များ

မဲဆောက် – ဩဂုတ် (၂၀) ကရင်လူမျိုးတွေရဲ့ ရိုးရာဓလေ့တခုအဖြစ် နှစ်စဉ်ဝါခေါင်လတိုင်း ကျင်းပပြုလုပ်လေ့ရှိတဲ့ ကရင်ရိုးရာချည်ဖြူပွဲ အခမ်းအနား (လက်ချည်ပွဲ) ကို ဒီကနေ့ ဩဂုတ်လ (၂၀) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ထိုင်း- မြန်မာ နယ်စပ်မှာ ရွေ့ပြောင်းအခြေချနေထိုင်ကြတဲ့ ကရင်လူမျိုးတွေက ဦးဆောင်ကြီးမှူး ကျင်းပခဲ့တာဖြစ်ပါတယ်။ လက်ချည်ပွဲအခမ်းအနားမှာ ကရင်လူငယ်တွေက ဒုံးယိမ်းအကများ၊ ကရင်ရိုးရာယဥ်ကျေးမှု တေးသီချင်း…

နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိ ကျောင်းဆောင် မီးလောင်မှုအပြီး မြင်ကွင်း ( ဓာတ်ပုံသတင်း)

မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိ ဦးသာညှင်းကျောင်းဆောင် မီးလောင်းအပြီး မြင်ကွင်းများဖြစ်ပါတယ်။ အဲဒီကျောင်းဆောင်ဟာ သြဂုတ်လ ၃ ရက်နေ့ ည (၁) နာရီခန့်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကိုတော့ သံလွင်တိုင်းမ်က စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဦးသာညှင်း ကျောင်းဆောင်ဟာ နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိပြီး…

ရက္ခိုင့်တပ်တော်က BPLA ကိုစနိုက်ပါသင်တန်းပို့ချ

စစ်တွေ – ဩဂုတ်(၁) ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ ပထမဆုံးစနိုက်ပါသင်တန်းဆင်းပွဲကို ဇူလိုင်လ (၂၄) ရက်နေ့က ကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီသတင်တန်းကို ရက္ခိုင့်တပ်တော်(AA) ကလေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းသား (၁၁) ဦးမှာ (၅) ဦးသာ သင်တန်းပြီးဆုံးအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ – BPLA

စစ်ကိုင်းက မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေလှူဒါန်း

ယင်းမာပင် – မေ(၁၉) စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်ထဲက မုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ကျေးရွာ(၂) ရွာက ပြည်သူတွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အခြေခံစားသောက်ကုန်တွေလှူဒါန်းခဲ့ပါတယ်။ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ(၂) ရွာမှာရှိတဲ့ အိမ်ခြေ(၆၁၀) ကို လှူဒါန်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဒုက္ခသည်တွေအတွက် စားသောက်ဖို့အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။ ဒီလှူဒါန်းမှုကို အညာပစ်တိုင်းထောင်လေးများအဖွဲ့ Western Chindwin Association(WCA) နဲ့ Beyond The Chindwin…

မွန်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို တော်လှန်ရေးနယ်မြေတစ်နေရာမှာ ကျင်းပ

မော်လမြိုင် – ဖေဖော်ဝါရီ(၅) (၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကို မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ တော်လှန်ရေးနယ်မြေတစ်နေရာမှာ ကျင်းပခဲ့ပါတယ်။ ဓာတ်ပုံ – MSDF

ပဲခူးမြို့အသံတိတ်သပိတ် မနက်ပိုင်း မြင်ကွင်း (ဓာတ်ပုံ)

ထားဝယ် – ဖေဖော်ဝါရီ(၁) ပဲခူးမြို့ရဲ့စစ်တပ်အာဏာသိမ်းယူခဲ့တဲ့ (၂) နှစ်ပြည့်ဖြစ်တဲ့ ဒီနေ့ ဖေဖော်ဝါရီလ(၁) ရက်နေ့ မနက်ပိုင်း မြင်ကွင်းပုံရိပ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံ – CJ

ထားဝယ်အသံတိတ်သပိတ် မနက်ပိုင်း မြင်ကွင်း (ဓာတ်ပုံ)

ထားဝယ် – ဖေဖော်ဝါရီ(၁) တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရဲ့ စစ်တပ်အာဏာသိမ်းယူခဲ့တဲ့ (၂) နှစ်ပြည့်ဖြစ်တဲ့ ဒီနေ့ ဖေဖော်ဝါရီလ(၁) ရက်နေ့ မနက်ပိုင်း မြင်ကွင်းပုံရိပ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဓာတ်ပုံ – CJ

ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မော်လမြိုင် – နိုဝင်ဘာ(၂၇) ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းအပတ်စဉ်သစ် သင်တန်းဖွင့်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၉) ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အခြေခံစစ်ပညာသင်တန်းအပတ်စဉ်သစ်ကို ကျောင်းသားလက်ရုံးတပ်တော် အခြေစိုက်တဲ့ ဒေသတစ်နေရာမှာ စတင်ခဲ့ပြီး သင်တန်းဖွင့်ပွဲကို တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဓာတ်ပုံ – ကျောင်းသားလက်ရုံးတပ်တော်