စစ်ကိုင်းက မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေလှူဒါန်း

0
3633

ယင်းမာပင် – မေ(၁၉)

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်ထဲက မုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ကျေးရွာ(၂) ရွာက ပြည်သူတွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အခြေခံစားသောက်ကုန်တွေလှူဒါန်းခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ(၂) ရွာမှာရှိတဲ့ အိမ်ခြေ(၆၁၀) ကို လှူဒါန်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဒုက္ခသည်တွေအတွက် စားသောက်ဖို့အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ဒီလှူဒါန်းမှုကို အညာပစ်တိုင်းထောင်လေးများအဖွဲ့ Western Chindwin Association(WCA) နဲ့ Beyond The Chindwin Organization (BCO) တို့ပူးပေါင်းလှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.