စစ်ကောင်စီ ဖလပ်ရေယာဉ်(၈) စီးမုံရွာမြို့အနီးရောက်ရှိနေ

0
810

မုံရွာ – စက်တင်ဘာ(၃၀)

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်းကို ဆင်ဖြူရှင်တံတားမှ အထက်သို့ ဆန်တက်လာတဲ့ စစ်ဖလပ်ရေယာဉ်(၈) စီးဟာ မုံရွာမြို့အနီးကို ဒီနေ့ စက်တင်ဘာလ(၃၀) ရက်နေ့ နေ့လည်ပိုင်း မှာရောက်ရှိနေတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ စစ်ရေယာဉ်ဟာလမ်းတစ်လျှောက်မှာလည်း လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်နေတဲ့အတွက် မြစ်ကမ်းဘေးမှာနေတဲ့ပြည်သူတွေသတိထားကြဖို့လည်း အသိပေးထားပါတယ်။

လက်တလော မြေပြင်အခြေအနေနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်အနေနဲ့ ဒေသခံတွေကို ဆက်သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်လို့တော့ မရသေးပါဘူး။

ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.