ထိုင်း-မြန်မာ နယ်စပ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကရင်ရိုးရာချည်ဖြူပွဲ မင်္ဂလာအခမ်းအနား ပုံရိပ်များ

0
1109

မဲဆောက် – ဩဂုတ် (၂၀)

ကရင်လူမျိုးတွေရဲ့ ရိုးရာဓလေ့တခုအဖြစ် နှစ်စဉ်ဝါခေါင်လတိုင်း ကျင်းပပြုလုပ်လေ့ရှိတဲ့ ကရင်ရိုးရာချည်ဖြူပွဲ အခမ်းအနား (လက်ချည်ပွဲ) ကို ဒီကနေ့ ဩဂုတ်လ (၂၀) ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ထိုင်း- မြန်မာ နယ်စပ်မှာ ရွေ့ပြောင်းအခြေချနေထိုင်ကြတဲ့ ကရင်လူမျိုးတွေက ဦးဆောင်ကြီးမှူး ကျင်းပခဲ့တာဖြစ်ပါတယ်။

လက်ချည်ပွဲအခမ်းအနားမှာ ကရင်လူငယ်တွေက ဒုံးယိမ်းအကများ၊ ကရင်ရိုးရာယဥ်ကျေးမှု တေးသီချင်း သီဆိုဖျော်ဖြေမှုတွေလည်း ပါဝင်ခဲ့ပါတယ်။

မဲဆောက်မြို့လေးဟာ ရွှေ့ပြောင်းလုပ်သားတွေအပြင် မြန်မာနိုင်ငံက အကြောင်းအမျိုးမျိုးနဲ့ ရွှေ့ ပြောင်းနေထိုင်သူအများစုရှိတဲ့ မြို့လည်းဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.