လောင်းကစားဝိုင်းနှင့် ပတ်သက်တဲ့ ရဲတွေကို သက်သေနှင့်တကွ တိုင်ကြားနိုင်
မော်လမြိုင် ၊ ဒီဇင်ဘာ (၂၉) လောင်းကစားဝိုင်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက ကာကွယ်ပေးနေရင် သက်သေနှင့်တိုင်ကြားပေးဖို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလ မကုန်ခင်အထိ လောင်းကစားအမှုပေါင်း( ၂၄၂)မှုကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။ အချို့လောင်းကစားဝိုင်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက အခကြေးငွေယူကာ အကာကွယ်ပေးနေတယ်ဆိုပြီး ပြည်သူအကြားမှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒီလိုလောင်းကစားဝိုင်းတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှုရှိနေပါက သက်သေနဲ့အတွက်…