ဗင်နီဇွဲလားမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် (၂၅) ဦးသေဆုံး
ကရာကတ်စ် – အောက်တိုဘာ(၁၁) ဗင်နီဇွဲလားနိုင်ငံအလယ်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ငါးစင်းရေလျှံမှုကြောင့် အနည်းဆုံးလူ(၂၅) ဦးသေဆုံးပြီး (၅၂) ဦးပျောက်ဆုံးနေတယ်လို့ အမျိုးသားလုံခြုံရေး ဒုဥက္ကဋ္ဌ ရီမီဂီယိုက ရုပ်မြင်သံကြားမိန့်ခွန်းတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၈) ရက်နေ့ညက မိုးရွာသွန်းမှုကြောင့် အနီးပတ်ဝန်းကျင်တောင်တန်း တွေက သစ်ပင်ကြီးတွေနဲ့ အပျက်အစီးတွေဟာ ကရာကတ်စ် အနောက်တောင်ဘက် မိုင်(၄၀) အကွာကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေနဲ့ လယ်ယာမြေတွေ…
