Thanlwintimes

ကမာရွတ်မြို့နယ်စာရင်းစစ်ရုံးမှာ ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဒီဇင်ဘာလ ၂၃ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် (၁)ရပ်ကွက် ဆီစက်လမ်းမှာရှိတဲ့ ကမာရွတ်မြို့နယ် စာရင်းစစ်ရုံးမှာ ဒီနေ့ နေ့လည် ၁၂နာရီ ၄၅မိနစ်ခန့်က လက်ပစ်ဗုံးတစ်လုံးနဲ့ ပစ်ခတ်ခံရပြီး လူသေဆုံးမှုတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေထံမှ သိရပါတယ်။ ကမာရွတ်မြို့နယ်စာရင်းစစ်ရုံးဝင်းထဲကို ဗုံးပစ်ခံရပြီး နာရီဝက်ခန့်အကြာမှာ စစ်သားနဲ့ ရဲ စုစုပေါင်း ၁၅ယောက်ခန့် ကားနှစ်စီးနဲ့လာရောက်ပြီး အနီးဝန်းကျင်တစ်ဝိုက်ကို လမ်းပိတ်စစ်ဆေးခဲ့တယ်လို့…

ကျဆုံးခဲ့ရတဲ့ YSO PDF ရဲဘော်ရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ပေးမယ်လို့ဆို

ရေစကြို – ဒီဇင်ဘာ(၂၃) မကွေးတိုင်း ရေစကြိုမြို့နယ် အခြေစိုက် Southern YSO PDF အဖွဲ့က ကျဆုံးသွားတဲ့ ရဲဘော်ရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့တာတွေလုပ်ဆောင်ပေးမယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၉) ရက်နေ့က သဲတောကျေးရွာတိုက်ပွဲမှာ CDM ရဲဖြစ်သူ ရဲဘော်ရဲထွဋ် ကျဆုံးခဲ့ရတာဖြစ်ပြီး သူ့မှာ…

“ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်မြို့က Bar နဲ့ Club တွေမှာလှုပ်ရှားမှု ပြုလုပ်

ရန်ကုန် – ဒီဇင်ဘာ(၂၃) ရန်ကုန်မြို့က လူအများသွားရောက်လေ့ရှိတဲ့ Bar နဲ့ Club တွေမှာ ငါတို့နိုင်ရင် ဒီ့ထက်ပို ပျော်ရမှာကွာ ဆိုတဲ့ စာတန်းပါ စတစ်ကာတွေကပ်ပြီး Yangon Revolution Force – YRF ( Soft Strike Community ) က ရဲဘော်တွေဟာ လူထုကို လှုံ့ဆော်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။…

ယူကရိန်းစစ်ပွဲကို အဆုံးသတ်လိုကြောင်း ရုရှားသမ္မတဗလာဒီမာပူတင် ပြောကြား

မော်စကို၊ ဒီဇင်ဘာ(၂၄) ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်လိုပြီး ဒီလိုအဆုံးသတ်ရာမှာလည်း သံတမန် နည်းလမ်းအရ ဖြေရှင်းမှုတွေ မလွဲမသေပါဝင်လာမှာဖြစ်တယ်လို့ ဒီဇင်ဘာ(၂၂)ရက်နေ့က ပြောကြားလိုက် ပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကို အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်ခံတွေ့ဆုံပြီး တစ်ရက်အကြာမှာပဲ ပူတင်က ဒီလိုပြောဆိုလာတာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ စစ်ရေးပဋိပက္ခတွေကို လှည့်စားဖို့မဟုတ်ပဲ ဆန့်ကျင်ဘက်အနေနဲ့ ဒီစစ်ပွဲတွေကို…

တရုတ်အစိုးရက အမေရိကန်အရာရှိနှစ်ဦးကို ပိတ်ဆို့အရေးယူမှုတွေပြုလုပ်

ပေကျင်း – ဒီဇင်ဘာ(၂၄) တိဗက်က လူ့အခွင့်အရေးဆိုင်ရာ တရုတ်အရာရှိနှစ်ဦးကို အမေရိကန်ဘက်က ပိတ်ဆို့ အရေးယူ ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားနှစ်ဦးကို ဒဏ်ခတ်အရေးယူလိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်ကွန်ဂရက်လွှတ်တော် အမှုဆောင်ကော်မရှင်ရဲ့ လက်ထောက် ဒါရိုက်တာ မိုင်လ်ယူနဲ့ တွတ်စတိန်တို့အပေါ် ပိတ်ဆို့အရေးယူတဲ့အစီအစဉ်ဟာ ဒီဇင်ဘာလ(၂၃) ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ကလက်မှတ် ရေးထိုးခဲ့ပြီး…

ထိုင်းခရီးသွားလုပ်ငန်း ရည်မှန်းထားတာထက် (၁၅)ရာခိုင်နှုန်းကျော်လွန်ခဲ့

ဘန်ကောက် – ဒီဇင်ဘာ(၂၄) ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ နှစ်ကုန်ပိုင်းမှာ ဥရောပနဲ့ အမေရိက တို့က ခရီးသွားဧည့်သည် တွေလာရောက်လည်ပတ်မှုတွေကြောင့် ရည်မှန်းထားတာထက် (၁၅) ရာခိုင်နှုန်း ကျော်လွန်ခဲ့ တယ်လို့ အစိုးရခရီးသွား အေဂျင်စီက ပြောပါတယ်။ ဒီနှစ်အတွင်း နိုင်ငံတကာ ခရီးသွားဦးရေ (၁၁.၅) သန်းထက်မနည်းလာရောက်ဖို့ ရည်မှန်းထားပြီး ၂၀၂၂ ခုနှစ်နောက်ဆုံးလတွေမှာ လူအများအပြားလာရောက်လည်ပတ်မှုကြောင့် (၁၀.၉) သန်း…

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကြား အမေရိကန်နဲ့ တောင်ကိုရီးယားတို့ အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်ဖို့ စဉ်းစားနေ

ဆိုးလ်၊ ဒီဇင်ဘာ(၂၃) မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ တိုးပွားလာနေချိန်မှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ် အကြီးစားပူးတွဲစစ်ရေးလေ့ကျင့် စမ်းသပ်ပစ်ခတ်မှုတွေလုပ်ဖို့ စဉ်းစားနေ ပြီလို့ ဆိုးလ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ လာမယ့်နှစ်မှာ မဟာမိတ်ဖွဲ့ခြင်း နှစ် ၇၀ ပြည့်အခမ်းအနား ပြင်ဆင် ရေးအတွက် ဆွေးနွေးနေကြကြောင်း ဌာနပြောရေး ဆိုခွင့်ရှိသူ ဂျီအွန်ဟန်ဂျူက ဆိုပါတယ်။ “နှစ်…

တောင်တရုတ်ပင်လယ်က နယ်မြေတွေ သိမ်းယူနေတဲ့ တရုတ်စစ်တပ်ကြောင့် ဖိလစ်ပိုင် စစ် အင်အားတိုးချဲ့နေ

မနီလာ – ဒီဇင်ဘာ(၂၃) တရုတ်ရဲ့ နယ်မြေသိမ်းယူတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ပြီးနောက်မှာတော့ အငြင်းပွားနေတဲ့ ရေ လမ်းကြောင်းက မြို့စောင့်တပ်ကို ခြိမ်းခြောက်ခံနေရတဲ့အတွက်ဆိုပြီး တောင်တရုတ်ပင်လယ် မှာ ဖိလစ်ပိုင်က သူတို့ရဲ့ စစ်အင်အားကို တိုးချဲ့သွားမှာဖြစ်တယ်လို့ သိရပါတယ်။ တောင်တရုတ်ပင်လယ်က အဓိက ကျွန်းစုဖြစ်တဲ့ စပရက်တလီကျွန်းစုမှာ တရုတ်စစ်တပ်က နယ်မြေအများအပြားကို ပြန်လည်သိမ်းယူနေတယ်လို့ မီဒီယာတွေက ဖော်ပြပြီးနောက် နှစ်ရက် အကြာမှာ…

အိန္ဒိယကမ်းရိုးတန်းမှာ ရိုဟင်ဂျာ (၁၀၀) ကျော်သောင်တင်နေ

ဒေလီ – ဒီဇင်ဘာ(၂၃) အိန္ဒိယ ကမ်းလွန်မှာ လှေစီးဒုက္ခသည် ရိုဟင်ဂျာ (၁၀၀) ကျော်သောင်တင်နေပြီး သူတို့တွေထဲ က စားနပ်ရိက္ခာ အခက်အခဲနဲ့ ရေနစ်တာတွေကြောင့် လူဦးရေ (၂၀) လောက်သေဆုံး ထားတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၀) ရက်နေ့ နှောင်းပိုင်းက အိန္ဒိယနိုင်ငံပိုင် သင်္ဘော (၅) စင်းက သောင်တင် နေတဲ့လှေငယ်ကို…