တွဲခိုရာ လွန်းကိုဖြတ် အဆုံးသတ်ကြဖို့ မလိုပါ
မြန်မာတစ်နိုင်ငံမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ နိုဝင်ဘာနောက်ဆုံးပတ်အထိ ၄ လအတွင်း မြို့နယ် ၃၄ မြို့နယ်မှာ မိမိကိုယ်ကို အဆုံးစီရင်သူသူ ၄၄ ဦးအထိ ရှိလာခဲ့ပါတယ်။ ဒါဟာ သတင်းတွေမှာ ဖော်ပြချက်တွေကိုသာ စုဆောင်းရမိခဲ့တာဖြစ်ပြီး တကယ့်လက်တွေ့မြေပြင် အခြေအနေမှာတော့ အရေအတွက်က ပိုမိုများနိုင်ပါတယ်။ ဒါဟာ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ကို နားလည်မှုအားနည်းနေတာကြောင့် ဖိအားတွေများလာတဲ့အခါမှာ မိမိစိတ်ကိုကောင်းမွန်စွာ မထိန်းချုပ်နိုင်တော့ဘဲ…
