နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားတဲ့ အဂတိမှု မနက်ဖြန် အပြီးသတ် အမိန့်ချမယ်
နေပြည်တော် – ဧပြီ(၂၆) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အဂတိအမှုကို မနက်ဖြန် နေပြည်တော်အထူးတရားရုံးမှာ အပြီးသတ် အမိန့်ချဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ အခေါက်ရွှေ (၇) ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်း ယူတယ်ဆိုတဲ့ စွပ်စွဲချက်အမှုကို ဒီကနေ့ အပြီးသတ်အမိန့်ချဖို့ ပြီးခဲ့တဲ့ ရုံးချိန်းက တည်းက…