နွေကျောင်းပိတ်ရက်မှာ ကျောင်းအခြေပြုသင်တန်းတွေ မဖြစ်မနေဖွင့်ဖို့ စစ်ကောင်စီညွှန်ကြား
ရန်ကုန်၊ ဖေဖော်ဝါရီ(၁၆) ၂၀၂၃ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွေအတွင်း အခြေခံပညာကျောင်းတွေမှာ ကျောင်းအခြေပြု သင်တန်းတစ်ခု မဖြစ်မနေဖွင့်လှစ်ဖို့ စစ်ကောင်စီက ဖေဖော်ဝါရီဒုတိယအပတ်အတွင်း ညွှန်ကြားလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံ အခြေခံပညာဦးစီးဌာနကနေ စာသင်ကျောင်းတွေမှာ လာမယ့်နွေကျောင်း ပိတ်ရက် မတ်လအတွင်းမှာ သင်တန်းတစ်ခုခုကို မဖွင့်မနေရဖွင့်လှစ်ဖို့ ညွှန်ကြားလာတာပါ။ စစ်ကောင်စီရဲ့ ညွှန်ကြားချက်မှာ တိကျသေချာတဲ့ သင်ရိုးသတ်မှတ်ချက်မပါရှိဘဲ ဒေသအခြေအနေတွေအရ သင်တန်းတွေဖွင့်ရာမှာ ယဉ်ကျေးလိမ္မာသင်တန်း၊ ကြက်ခြေနီသင်တန်း၊…
