မြန်မာဒုက္ခသည်တွေအတွက် အမေရိကန်က ဒေါ်လာသန်း(၅၀) ထောက်ပံ့
ရန်ကုန် – ဖေဖော်ဝါရီ(၁၆) မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အရေးပေါ်စားနပ်ရိက္ခာနဲ့ အဟာရအထောက်အပံ့တွေမှာ အသုံးပြုဖို့ ဒေါ်လာသန်း(၅၀) ထောက်ပံ့သွားမှာဖြစ်တယ်လို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID) ကတဆင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နဲ့အတူ ပဋိပက္ခဖြစ်ပွားနေတဲ့ ပြည်နယ်တွေက လူပေါင်း(၇၅၀၀၀၀) ကျော်အတွက် အဟာရချို့တဲ့မှုကို ကုစားဖို့နဲ့ ကာကွယ်ဖို့ ကူညီနိုင်မှာဖြစ်တယ်လို့ဆိုထားပါတယ်။ ဒီထောက်ပံ့မှုမှာ လစဉ်စားနပ်ရိက္ခာခွဲတမ်းတွေပေးအပ်တာနဲ့အတူ အသက်(၅) နှစ်အောက်…
