ဆိုင်ကလုန်းဂတ်ဘရီရယ်လ်ကြောင့် နယူးဇီလန်နိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာခဲ့ရ
ဝယ်လင်တန်၊ ဖေဖော်ဝါရီ(၁၅) နယူးဇီလန်နိုင်ငံဟာ ဆိုင်ကလုန်း ဂတ်ဘရီရယ်လ်ကြောင့် နေရာအနှံ့ ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့ မုန်တိုင်း ဒီရေ မြင့်တက်ခြင်းတွေ ဖြစ်ပေါ်ခဲ့ရပြီး လူတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းခဲ့ရပါတယ်။ အိမ်ခေါင်မိုးတွေပေါ်မှာ ရေဘေးသင့်သူတွေ သောင်တင်နေတာကြောင့် နိုင်ငံရဲ့သမိုင်းတစ်လျှောက် တတိ ယမြောက်နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေအဖြစ် ဖေဖော်ဝါရီ(၁၄)ရက်နေ့မှာ ကြေညာခဲ့ရပါတယ်။ လူပေါင်း (၂၂၅၀၀၀) ခန့်ဟာ လျှပ်စစ်မီးပြတ်တောက်ခြင်းဒဏ်ကို ခံစားခဲ့ကြရတာပါ။“နိုင်ငံတစ်ဝှမ်း နယူးဇီလန်နိုင်ငံသားတွေအတွက်…
