Thanlwintimes

စစ်အာဏာသိမ်း ရက် (၅၇၇) အတွင်း သတ်ဖြတ်ခံရသူ ၂၂၅၉ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁ AAPP ၏ ဩဂုတ်လ (၃၁) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၇၇)အတွင်း ပြည်သူ (၂၂၅၉)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၂၉၄ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

မြဝတီ-ဝေါ်လေလမ်းပိုင်း သိမ်းပိုက်မယ့် စစ်ကောင်စီ စစ်ဆင်ရေး ၂ လနီးပါးကြာတဲ့ထိ အောင်မြင်မှု မရသေး

မြဝတီ ၊ စက်တင်ဘာ (၁) စစ်ကောင်စီတပ်က ကြည်ကြောင်း၊လေကြောင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေထဲက မြဝတီ-ဝေါ်လေလမ်းပိုင်း သိမ်းပိုက်မယ့် စစ်ဆင်ရေးဟာ ၂ လနီးပါးကြာတဲ့ထိ အောင်မြင်မှု မရသေးပါဘူး။ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ ပြီးခဲတဲ့ ဇူလိုင် ၇ ရက်နေ့ကစပြီး မြဝတီ-ဝေါ်လေလမ်းပိုင်းကို သိမ်းပိုက်ဖို့အတွက် မြေပြင်နဲ့ ဝေဟင်ကနေ…

ပြည်ပရောက်နိုင်ငံသားများရဲ့ နိုင်ငံခြားဝင်ငွေတွေကို တရားဝင် ပြန်လွှဲပြီး စိတ်ကြိုက်သုံးစွဲနိုင်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ် ကြေညာ

ရန်ကုန် ၊ စက်တင်ဘာ (၁) ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ လုပ်ခဝင်ငွေတွေကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားနေတဲ့ (AD) လိုင်စင်ရ ဘဏ်တွေကနေ တရားဝင် ပြန်လွှဲပြီး စိတ်ကြိုက်သုံးစွဲနိုင်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ ပြောင်းလဲ ခန့်အပ်ထားတဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်း‌ဆွေက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ…

အမှန်/အမှား

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “တမူးမြို့နယ်မှာ အကြမ်းဖက် NUG လက်ပါးစေများက ခရီးသွားပြည်သူများအား ဓားပြတိုက်နေ”ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို သြဂုတ်လ ၃၀ရက်မှာ Myanmar News…

မြိတ်ဒေသခံ နှစ်ဦးကို စစ်ကောင်စီဖမ်းဆီး

မြိတ် ၊ သြဂုတ် (၃၁) တနင်္သာရီတိုင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှ ဒေသခံနှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဩဂုတ်လ ၃၀ ရက်မှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ကျွန်းစုမြို့နယ်နေ ကိုတင်ထွန်းဝင်းနဲ့ မြိတ်တောင်ကျေးရွာအုပ်စုနေ ကိုမင်းငယ်ဆိုသူတွေဖြစ်တယ်လို့ဆိုပါတယ်။ ကိုတင်ထွန်းဝင်းဟာ မြိတ်မြို့ ကန်ခေါင်းရပ်ကွက်က တည်းခိုခန်းတစ်ခုမှာ တည်းခိုနေစဉ် အဖမ်းခံရတာဖြစ်ပြီး ကိုမင်းငယ်ကတော့ ကိုတင်ထွန်းဝင်းရဲ့…

ရေးမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရ

ရေး ၊ သြဂုတ် (၃၁) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အေးကမ္ဘာနဲ့ဘေးလမိုင်းကျေးရွာအကြားမှာ သြဂုတ် ၃၁ ရက်နေ့ မနက် ၆ နာရီလောက်က ကား ၁၃ စီးပါ စစ်ကောင်စီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံခဲ့ရတယ်လို့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ သံဖြူဇရပ်မြို့နယ်ဘက်ကနေ ရေးဘက်ကို မောင်းနှင်းလာတဲ့ ကား ၁၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို မွန်ပြည်နယ်တောင်ညိုပြည်သူ့ပြောက်ကျားတပ်နဲ့ပူးပေါင်းအဖွဲ့တွေက ခြုံခိုက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။…

အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယမ်တန်ဖိုးရှိ လက်နက်ရောင်းချမှုကို ကွန်ဂရက်လွှတ်တော်မှ အတည်ပြုပေးရန် ဘိုင်ဒန်တောင်းဆိုမည်

ဝါရှင်တန် ၊ သြဂုတ် (၃၁) တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ထိုင်ဝမ်နိုင်ငံအတွက် သင်္ဘောဖျက်ဒုံးပျံ ၆၀ နှင့် ဝေဟင်ပစ်ဒုံးကျည် ၁၀၀ အပါအဝင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံခန့် လက်နက်ရောင်းချမှုအတွက် အမေရိကန်ကွန်ဂရက်လွှတ်တော်ထံ တောင်းဆိုဖို့ ဂျိုးဘိုင်ဒင်အစိုးရက စီစဉ်နေကြောင်း Politico (ပေါ်လီတီကို) မီဒီယာမှ ဩဂုတ်လ ၂၉ ရက်နေ့မှာ အစီရင်ခံခဲ့ပါတယ်။…

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးအဖွဲ့ RCEP အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ အင်ဒိုနီးရှားပါလီမန် အတည်ပြု

ဂျာကာတာ – ဩဂုတ်(၃၁) ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP) အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ဖို့ ဥပဒေကို အင်ဒိုနီးရှားပါလီမန်က ဩဂုတ်လ(၃၀) ရက်နေ့မှာ အတည်ပြုထား ပါတယ်။ လျှပ်စစ်ကားနဲ့ ဘက်ထရီစက်ရုံလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်နိုင်ဖို့ တောင်ကိုရီးယားနဲ့ နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူစာချုပ်ကိုလည်း လွှတ်တော် ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး က RCEP ဟာ ကုန်သွယ်မှု၊တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှဒကို အားကောင်းစေပြီး နိုင်ငံရဲ့ GDP…

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းရဲ့ မိန့်ခွန်းတွေရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ခွင့်ပိတ်ပင်ခံရ

အစ္စလာမာဘတ် – ဩဂုတ်(၃၁) ပါကစ္စတန်နိုင်ငံ မီဒီယာကွပ်ကဲမှုအဖွဲ့က ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ကန်ရဲ့ မိန့်ခွန်းတွေ ဟာ အခွင့်အာဏာကို ကျော်လွန်နေပြီလို့ဆိုပြီး ရုပ်သံလိုင်းတွေမှာ တိုက်ရိုက်ထုတ်လွှင့်ခွင့် ဆိုင်းငံ့ လိုက်တဲ့ အမိန့်ကို တရားရုံးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ တရားသူကြီးချုပ်ဟာ အမိန့်မချမှတ်ခင် ပါကစ္စတန်အီလက်ထရွန်းနစ်မီဒီယာ နည်းဥပဒေ အာဏာပိုင် Pakistan Electronic Media Regulatory Authority (PEMRA) မှာ…