ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်

0
5916

“ကျွန်တော်တို့ဘက်က ပြုစုထားတဲ့ ဖက်ဒရယ်လမ်းညွှန် အခြေခံမူတွေလည်းပါတယ်။ အရပ်သားများကို အကာအကွယ်ပေးရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေလည်း ဒါကျွန်တော် တို့ဘက်က တင်ပြတဲ့ ခေါင်းစဉ်တွေဖြစ်တယ်”

အရင်ဆုံး စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမှုမှာ အပစ်ရပ် ၇ ဖွဲ့အနေနဲ့ ဘာတွေ တင်ပြဖြစ်ပါသလဲ။

ပထမအကြိမ်အလွတ်သဘောဆွေးနွေးပွဲကတော့ အဆင်ပြေပြေနဲ့ ညှိနှိုင်းလုပ်နိုင်တဲ့ အခင်းအကျင်းတစ်ခုကို ကျွန်တော်တို့ ပြန်လည်ပြီးတော့ စတင်ဖော်ဆောင်နိုင်တာ ဖြစ်တယ်။သူ့ဘက်က တင်ပြတဲ့အကြောင်းအရာတွေ တစ်ခုတည်းမဟုတ်ဘဲ ကိုယ်ဘက်ကတင်ပြချင်တဲ့ အကြောင်းအရာတွေလည်း ပါဝင်သလို တဖက်ကပြောဆို ချင်တဲ့ အကြောင်းအရာတွေလည်း မျှမျှတတပေါ့လေ ညှိနှိုင်းပြီးဆွေးနွေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ဘက်က တင်ပြတဲ့အကြောင်းအရာက ယေဘုယျအားဖြင့် ၅ခုရှိတယ်။ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက် ဖို့၊EAO၇ဖွဲ့က ပြင်ဆင်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်းပါတယ်။ ကျွန်တော်တို့ဘက်က ပြုစုထားတဲ့ ဖက်ဒရယ်လမ်းညွှန် အခြေခံမူတွေလည်းပါတယ်။ အရပ်သားများကို အကာအကွယ်ပေးရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်တွေလည်း ဒါကျွန်တော်တို့ဘက်က တင်ပြတဲ့ ခေါင်းစဉ်တွေဖြစ် တယ်။ ပြီးခဲ့တဲ့အစည်းအဝေးမှာ တစ်ဖွဲ့ချင်းစီသွားရောက် တွေ့ဆုံပြီးတော့ ဆွေးနွေးထားခဲ့တဲ့ အချက်အ လက်တွေထဲက အားလုံးစုပေါင်းပြီးတော့ ဘုံသဘောတူချက်ရဖို့ လုပ်ဆောင်သင့်တဲ့ အချက်အလက်တွေလည်း ဆွေးနွေးဖြစ်တယ်။ ကျွန်တော်တို့ဘက်က တင်ပြဆွေးနွေးတဲ့ အချက်တွေဖြစ်ပါတယ်ခင်ဗျ။

သက်ဆိုင်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက်လည်း ဆွေးနွေးဖြစ်တယ်ဆိုတော့ ဘယ်လို သဘောတူညီမှုတွေ ရရှိခဲ့တာ ရှိလဲ။

ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုကတော့ သဘောသဘာဝအရတော့ နှစ်ဖက်စလုံး အကြေအလည်ညှိနှိုင်း ဆွေးနွေးတဲ့အဆင့်ကိုတော့ မလုပ်နိုင်သေးဘူး။ ကျွန်တော်တို့ရရှိထားတဲ့ နှစ်ရက်တာ အချိန်ကာလအရ ကျွန် တော်တို့ နဂိုရည်မှန်းထားတဲ့ ပြန်လည်ပြီးတော့ JOINT PROCESS ကို တည့်မတ်ဖို့ ရည်ရွယ်ချက်အရ ယေ ဘုယျအားဖြင့်တော့ သူ့ဘက်ကိုယ့်ဘက် တင်ပြချက်တွေ ကျွန်တော်တို့ အပြန်အလှန် ပြုလုပ်ကြတယ်။ တင် ပြချက်တွေပေါ်မှာ နားမလည်တဲ့အချက်ကို မေးမြန်းတယ်။ ဖြေကြားတယ်။ အဲဒီတင်ပြချက်တွေအပေါ် အ လွတ်သဘောနဲ့ ပေါ့ပေါ့ပါးပါးနဲ့ ပွင့်ပွင့်လင်းလင်း သူ့အမြင်ကိုယ့်အမြင် ဖလှယ်တာတော့ ရှိတယ်။ ဒီတစ် ကြိမ်ကျွန်တော်တို့ တင်ပြမှုကိုပဲ အသားပေးလုပ်ဆောင်နေတဲ့ အခင်းအကျင်းမှာတော့ အဲဒီလောက်အ ဆင့်အထိတော့ ကျွန်တော်တို့ အနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်သေးပါဘူးခင်ဗျာ။

စစ်ကောင်စီကလည်း ငြိမ်းချမ်းရေး ညီလာခံကျင်းပဖို့ တင်ပြတာတွေ ရှိနေတယ်ဆိုတော့ ဘယ်လိုပုံစံနဲ့ ငြိမ်းချမ်းရေးညီလာခံ ကျင်းပသွားမယ်လို့ သိရပါသလဲ။

ဆွေးနွေးတာထက် ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စဆိုတာတော့ NSPNC က တင်ပြတဲ့အချက်ဖြစ်တယ်။ အကြေအလည်ညှိနှိုင်းဆွေးနွေးနိုင်တဲ့ အဆင့်ကိုမရှိဘူး။ သူတို့ဘက်မှာ လုပ်ဆောင်လိုတဲ့ ငြိမ်းချမ်းရေး ညီ လာခံပေါ်မှာ ဘယ်လိုရည်ရွယ်ချက်တွေ ရှိတယ်။ ဘယ်လိုအခင်းအကျင်းနဲ့ လုပ်ချင်တယ်ဆိုတာကို ကျွန်တော် တို့က တဖက်ကတင်ပြတယ်။ ကျွန်တော်တို့ နားမလည်တာရှိလည်း ကျွန်တော်တို့ မေးမြန်းမှုတွေ လုပ်တယ်။ ဒီငြိမ်းချမ်းရေးညီလာခံဆိုတာက အရင် NCA မှာလုပ်ဆောင်ခဲ့တဲ့ NCA ယန္တရားအတိုင်း ပြည်ထောင်စုငြိမ်း ချမ်းရေး ၂၁ရာစုပင်လုံတို့အရတော့ အခင်းအကျင်းအရရော၊ အနှစ်သာရအရ ကွာခြားမှုတွေ ရှိလိမ့်မယ်လို့ အကြမ်းဖျဉ်း မှတ်ယူလို့ ရပါတယ်။

-နောက်ဆုံးအနေနဲ့ အပစ်ရပ် ၇ ဖွဲ့နဲ့ စစ်ကောင်စီတို့ နောက်ပိုင်း ဆက်တွေ့သွားဖို့ ရှိလား၊ ဘယ်လို အခင်းအ ကျင်းမျိုးနဲ့ ဆက်တွေ့သွားဖို့ ရှိလဲ။

တွေ့ဆုံတယ်ဆိုတာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့က သက်ဆိုင်သူများ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းဖြစ်မြောက်ဖို့ အတွက် အခုမှအစပျိုးပြီး နှစ်ဖက်အပြန်အလှန် ယုံကြည်လေးစားမှုနဲ့ JOINT PROCESSကို အခုမှအစပြုပြီး ပြန်လည်စတင်တာ ဖြစ် တယ်။ နောက်တစ်ကြိမ်တွေ့ဆုံမှုတော့ ရှိမှာသေချာတယ်။ သို့သော်လည်းပဲ နောက်တစ်ကြိမ် တွေ့ဆုံဆွေး နွေးမှုဆိုတာကလည်း ကျွန်တော်တို့ဘက်က ဖြစ်ချင်တဲ့အခြေအနေတစ်ခုမှာလည်း အဆင်မပြေဘူးလေ။

ကျွန်တော်တို့ နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့်အချိန် ၊နေရာအစီအစဉ်တွေနဲ့ အကြိုညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ပြီးမှ ကျွန်တော်တို့ ညှိနှိုင်းသဘောတူချက်အပေါ်မှာပဲ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ရှိတဲ့ အခြေအနေအ ရတော့ ဒါဘယ်နေ့ဘယ်ရက် ဘယ်အချိန်ပြောဖို့ကတော့ စောပါသေးတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.