အမျိုးသမီးပါတီ(မွန်) ဥက္ကဋ္ဌ မိသန်းရှင်နဲ့ ဆက်သွယ် မေးမြန်းချက်

0
5104

“ကျွန်မတို့ ရောက်ထားပြီးသားနေရာက နောက်ဆုတ်လိုက်မယ်ဆိုရင် အမျိုးသမီးတွေကအသုံးမကျဘူး နောက် ပြန်လှည့်တယ်ဆိုတဲ့ အဲဒီရာဇဝင်မယူဘူး၊ ကျွန်မတို့ အမျိုးသမီးတွေက ရှေ့ပဲဆက်မယ်။ အနောက်ကို မဆုတ်ပါဘူးဆိုတဲ့ သဘောကို ပြည်သူကို ပြောပြချင်ပါတယ်”

အရင်ဆုံးအနေနဲ့ အမျိုးသမီးပါတီ(မွန်)အနေနဲ့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ကျွန်မတို့အမျိုးသမီးပါတီက နိုင်ငံရေးထက် ကျွန်မတို့ မွန်လူမျိုးတွေ ဒေသမှာရှိနေတဲ့နေရာတွေကို သွားဖို့ပါ။ ရည်ရွယ်ချက်က ကျွန်မတို့လူမျိုးဆီ ကျွန်မတို့ရောက်အောင်သွားမယ်။ သူတို့နဲ့ ဆိုးတူကောင်းဖက်ပေါ့နော်။ ကိုယ့်လူမျိုးတူ ဒုက္ခရောက်တာလည်း အတူတူ စိတ်ချမ်းသာလည်း တူတူပေါ့။ ပျော်ရွှင်တာလည်း တူတူဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မတို့ လူမျိုးရှိတဲ့နေရာကို ကျွန်မတို့ အရောက်သွားမယ်။ သူတို့နဲ့အတူတူရင်ဆိုင်မယ်ပေါ့။ ဘဝတွေကို ရင်ဆိုင်မယ်ပေါ့။ ကျော်ဖြတ်မယ်လို့ အဲဒီ ရည်ရွယ်ချက်နဲ့ပါ။ ကျန်တာကျတော့လည်း ကျွန်မတို့ ဘာမှမထည့်ထားပါဘူး။ ဟုတ်ကဲ့။

ပြည်ထောင်စုတဝန်း စည်းရုံးမယ့်ပါတီဟာ ပါတီဝင် ၁ သိန်းနဲ့ မြို့နယ်ပေါင်း ၁၆၅ မြို့နယ်မှာ ရုံးခန်းဖွင့်လှစ်ရ မယ်ဆိုတော့ ဘယ်လို အခက်အခဲတွေ ရှိပါသလဲ။

လုပ်ငန်းပိုင်းမှာတော့ အခက်အခဲတော့ ရှိပါတယ်။ ဒါပေမယ့် မွန်တွေစုပြီးတော့ ဒီအခက်အခဲကို ကျော်ဖြတ် နိုင်မယ်လို့ ကျွန်မမြင်ပါတယ်။ ကျွန်မတို့ အရင်တုန်းကပေါ့။ ဒီဖွဲ့စည်းပုံအသစ်မထွက်ခင်က ကျွန်မတို့ရထားပြီး သား နေရာလောက်ကိုပဲ သွားမယ်။ ကျွန်မတို့ ရုံးဖွင့်ထားတဲ့နေရာတွေ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်က မွန်ရွာတွေ၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းရှိမယ်။ အဲဒါတွေပေါ့။ ကျွန်မတို့ သွားထားပြီးသား နေရာတွေပဲ ဆက်ပြီးသွားမှာပါ။ တခြားနေရာတွေတော့ မသွားဘူးလေ။ ရုံးကတော့ ၂၆၅ရုံး၊ အဲဒီ လောက် တော့ သွားမယ် ဟုတ်ကဲ့။

လာမယ့်ရွေးကောက်ပွဲအတွက် အမျိုးသမီးပါတီ(မွန်)အနေနဲ့ ဘာတွေ စဉ်းစားထားတာ ရှိလဲ။

လောလောဆယ်တော့လေ ကျွန်မတို့ ပါတီရပ်တည်ဖို့ ကျွန်မတို့ မွန်တွေရှိတဲ့နေရာကို အရောက်သွားနိုင်ဖို့လေ လူအင်အားတစ်သိန်းဖြည့်မယ်။ နောက်ရုံးကို ၁၆၅နေရာကို ဖြည့်မယ်။ လူအင်အား တစ်သိန်းကို ဖြည့်မယ် ဒါပဲ။စဉ်းစားထားသေးတယ်။ ကျန်တာကျတော့လည်း ဘယ်လိုပြောမလဲဆိုရင် အခြေအနေပေါ်မူတည်ပြီး မီးစင်ကြည့်ပြီးကရတာပေါ့။

အမျိုးသမီးပါတီ(မွန်)ရဲ့ ပါတီရုံးခန်းဖွင့်လှစ်မှုကရော ဘယ်လောက်အတိုင်းအတာအထိ ဆောင်ရွက်ထားပြီလဲ။

ကျွန်မတို့ တိုင်းလောက်ပဲ လုပ်ထားတာ။ တိုင်းတစ်တိုင်းကို တစ်နေရာမှာပဲ လုပ်ထားတယ်။  ဥပမာ-ဧရာဝတီ တိုင်းဆို ပုသိမ်ပေါ့။ ပဲခူးတိုင်းဆို ပဲခူး၊ ပဲခူးနာရီစင်မှာပေါ့။ အဲဒီလိုမျိုးပေါ့နော်။ မွန်ပြည်နယ်မှာဆိုရင် မော်လ မြိုင်ပေါ့။ တနင်္သာရီတိုင်းမှာလည်း ရေဖြူပေါ့။ အဲဒီလိုမျိုး ကျွန်မတို့လုပ်ထားတာ တစ်နေရာပဲ။ တစ်နေရာဆို တစ်တိုင်းလုံးသွားလို့ရတယ်ဆိုတော့လေ။ ကျွန်မတို့ ဘတ်ဂျတ်အနေအထားလည်း ချွေတာတဲ့အနေနဲ့ အလုပ်ပို လုပ်အောင် အလုပ်ကိုပဲ ပိုဦးစားပေးတယ်။ ရုံးကိုတော့ သိပ်မဖွင့်ဖြစ်ဘူး။ အခုဆို အားလုံးရုံးဖွင့်ရမယ်ဆိုတော့ ဒီလိုပဲ ဆက်လုပ်ရတာပေါ့။

ပါတီဝင် အင်အား ၁ သိန်းပြည့်ဖို့ စည်းရုံးဆောင်ရွက်ရာမှာ ဘယ်လို အခက်အခဲတွေ ရှိနေလဲ။ ပြီးတော့ ဘယ်ဒေသတွေကို အဓိက စည်းရုံးတာတွေ ရှိနေလဲ။

ကျွန်မတို့မွန်တွေလေ။ ကျွန်မတို့မွန်တွေဆီသွားပြီးတော့ သူတို့လာပေးတာ။ သူတို့လူတွေပေါ့ သူတို့လာပေး တာ။ ကျွန်မတို့စည်းရုံးစရာ မလိုဘဲနဲ့ သူတို့ပါ ကျွန်မတို့နဲ့တသားတည်းဖြစ်နေတာ။ အဲဒါက ထူးခြားချက်ပေါ့။ မွန်တွေက တကယ်ပဲသူတို့စိတ်ဓာတ်က မွန်တွေအချင်းချင်း အရမ်းကိုသူတို့က ဦးစားပေးတယ်။ သူတို့လိုချင် တဲ့ ဘဝမျိုး လိုချင်အောင်လုပ်ပေးနိုင်တဲ့ မွန်တွေကိုသူတို့လိုက်ရှာနေတာပေါ့။ ကျွန်မတို့လည်း သူတို့ရဲ့ဆန္ဒကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေး နိုင်မယ်လို့လည်း ကျွန်မတို့ ယုံကြည်တယ်။ နောက်ပြီးသူတို့နဲ့ တသားတည်းဖြစ် အောင် ကြိုးစားနေတယ်ဆိုတော့ သူတို့ဝိုင်းလုပ်ပေးတယ်။ ကျွန်မတို့ တစ်နေရာတည်းရောက်တာနဲ့ သူတို့စုပြီး လာပေးကြတယ်။

ကျွန်မတို့ တောင်းစရာမလိုဘူး။ လာပေးကြတယ်။ အဲဒီအနေအထားမှာရှိကြတယ်။ ကျွန်မနဲ့တသားတည်း ဖြစ်နေကြတယ်။ ဟုတ်ကဲ့ အဲဒါများပါတယ်။

နောက်ဆုံးအနေနဲ့ ပါတီမှတ်ပုံတင်ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေများ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

ကျွန်မတို့ အမျိုးသမီးပါတီက နောက်ဆုတ်ဖို့တော့ မရှိဘူး။ ကျွန်မတို့ ရှေ့ဆက်ဖို့ပဲ ရှိတယ်။ တကယ်လို့ ကျွန် မတို့ ရောက်ထားပြီးသား နေရာက နောက်ဆုတ်လိုက်မယ်ဆိုရင် အမျိုးသမီးတွေကအသုံးမကျဘူး နောက်ပြန် လှည့်တယ်ဆိုတဲ့ အဲ့ဒီရာဇဝင်မယူဘူး ကျွန်မတို့ အမျိုးသမီးတွေက ရှေ့ပဲဆက်မယ်။ အနောက်ကို မဆုတ်ပါ ဘူးဆိုတဲ့ သဘောကို ပြည်သူကို ပြောပြချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.