ဘီလူးစစ်ကြောင်းရဲ့ တိုက်ခိုက်ရေးဗျူဟာတွေနဲ့ ပတ်သက်ပြီး Myingyan Black Tiger အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲနဲ့ ဆက်သွယ်မေးမြန်းချက်

0
6097

“သူတို့ပြောတယ်။ သေရဲတဲ့ကောင်တက်ခဲ့၊ ကျွန်တော်တို့ သေရဲတယ်ထွက်ခဲ့တယ်။ အခုချိန်မှာ မင်းဘာ ကောင်လဲ ငါဘာကောင်လဲ မေးရတော့မယ့်အချိန်ဖြစ်သွားပြီ။ သူတို့သေရဲရင်တက်လာခဲ့ ။ကျွန်တော်တို့ အညာက ထိုင်စောင့်နေမယ်” “မင်းအောင်လှိုင်ကို လျှောက်လျှောက်ပြီး မလုပ်နဲ့။ သေချာလေးစနစ်တကျပေါ့ တိုက်မှာဆိုလည်း သေချာတိုက်။ ပြည်သူအိမ်မီးမရှို့နဲ့ ပြည်သူမိန်းခလေးကို မုဒိန်းမကျင့်နဲ့ ။ အဲဒီလိုလုပ်ရင် ကျွန်တော်တို့ဘက်က ခွင့်လွှတ်နိုင်စ ရာမရှိဘူး။ ကျပ်မပြည့်သလို ကျပ်ပြည့်သလိုနဲ့ ဦးနှောက်တစ်ခြမ်းပဲ့ပြီးလျှောက်မလုပ်ပါနဲ့”

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Myingyan Black Tiger တပ်ဖွဲ့ဟာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ရရာလက်နက် စွဲကိုင်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပြီး မကွေးနဲ့စစ်ကိုင်းတိုင်းတို့မှာ စစ်ရေး လှုပ်ရှားတာ ဖြစ်ပါတယ်။ Myingyan Black Tiger တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့ကလည်း နယ်တကာလှည့်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ခေါင်းဖြတ်သတ်နေတဲ့ စစ်ကောင်စီတပ်မ ၉၉ ဘီလူးစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားထားပါတယ်။ ဒါကြောင့် တပ်ဖွဲ့ရဲ့ လတ်တလော စစ်ရေး လှုပ်ရှားမှု၊ ဘီလူးစစ်ကြောင်း ထိတွေ့တိုက်ပွဲ အခြေအနေ၊ ဘီလူးကြောင်းရဲ့ တိုက်ခိုက်ရေးဗျူဟာတွေနဲ့ ပတ်သက်ပြီး Myingyan Black Tiger အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

အရင်ဆုံးအနေနဲ့ Myingyan Black Tiger တပ်ဖွဲ့ အကြောင်း မိတ်ဆက်ပေးပါဦး။

ကျွန်တော်တို့ Localအဖွဲ့အစည်းဖြစ်ပါတယ်။MODရဲ့ တပ်ရင်းတပ်ဖွဲ့မဟုတ်သေးပါဘူး။Localအနေနဲ့ လှုပ်ရှား နေတယ်။ အညာသားတွေပီပီ အညာဒေသမှာပဲ လှုပ်ရှားနေတယ်။ ရှိတဲ့ လက်လုပ်သေနတ်နဲ့ပဲ လှုပ်ရှားနေ တယ်။ အကောင်းဆုံးနည်းတွေနဲ့စစ်ကောင်စီကို ချေမှုန်းနေတယ်။ ကျွန်တော်တို့ စစ်ကောင်စီကို ထိတ်လန့် ခြောက်ခြားမှုတစ်ခုအနေနဲ့ ကျွန်တော်တို့ အပေးနိုင်ဆုံးလို့ ပြောလို့ရတဲ့အထိ ကြိုးစားထားပါတယ်ခင်ဗျ။

Myingyan Black Tiger တပ်ဖွဲ့ အခြေစိုက်တဲ့ ဒေသတွေမှာ စစ်ရေး အခြေအနေဘယ်လိုရှိလဲ။

စစ်ရေးအနေနဲ့ အခြေစိုက်တဲ့တိုင်းက မန္တလေးတိုင်းပါမယ်။ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းပါမယ်။ လက်ရှိလော လောဆယ် စစ်ရေးပစ်မှတ်အများဆုံးနဲ့ တိုက်ခိုက်မှုအများဆုံးက မကွေးတိုင်းပဲ။ မကွေးတိုင်းနဲ့ အခါသင့်ရင် သင့်သလို စစ်ကိုင်းတိုင်းထဲမှာလည်း လှုပ်ရှားတယ်။ လက်ရှိ အဲဒီတိုင်းနှစ်တိုင်းကို လှုပ်ရှားဖြစ်တယ်။ မန္တ လေးတိုင်းမှာကျတော့ မြင်းခြံ၊တောင်သာ၊ နွားထိုးကြီး အဲဒီမှာလှုပ်ရှားဖို့ကျတော့ မောင်းပြန်အနေအထား အခက်အခဲရယ်၊ လမ်းကြောအနေအထားရယ် စစ်ရေးလှုပ်ရှားဖို့အတွက် အခွင့်မသာသေးတဲ့ အတွက်ကြောင့် ကျွန်တော်တို့တွေ ခဏငြိမ်နေတာ ရှိတယ်။ ဒါပေမယ့် အခွင့်သာတဲ့အခါ အခွင့်သာသလို လှုပ်ရှားနေတာရှိ တယ်။ စစ်ကိုင်းတိုင်းထဲမှာဆို ချောင်းဦးပါမယ်။ မြောင်ရယ် အဲဒီနှစ်နေရာမှာတော့ အခြေစိုက်ပြီး စစ်ရေးလှုပ် ရှားမှု နည်းနည်းလုပ်တာရှိတယ်။ အဓိကကတော့ မကွေးတိုင်းထဲမှာ လုပ်ဖြစ်ပါတယ်။ -စစ်ကောင်စီ တပ်မ ၉၉ ဘီလူးစစ်ကြောင်းနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။ စစ်ကောင်စီ တပ်မ ၉၉ ဘီလူးစစ်ကြောင်းနဲ့ ဘယ်အချိန်မှာ ထိပ်တိုက်တွေ့ခဲ့လဲဆိုရင် ၁၆၊၁၇၊၁၈ရက်နေ့အထိ ကျွန်တော်တို့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျွန်တော်တို့ Myingyan Black Tiger အနေနဲ့ တိုက်ပွဲပေါင်းများစွာ တိုက်ခဲ့တယ်။ တိုက်ဖူးခဲ့တယ်။ တိုက်ခဲ့တယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့ နည်းဗျူဟာထဲက တပ်မ ၉၉အနေနဲ့ က တော်တော်လေး ကောင်းတယ်ပြောရမယ်။ ဘာကြောင့်လဲဆို ဒီကောင်တွေသုံးသွားတဲ့ ဗျူဟာမှာ တြိဂံဗျူ ဟာနဲ့ ဝလုံးပုံစံဗျူဟာကို ပေါင်းစပ်သုံးသွားတာရှိတယ်။ နောက်ပိုင်း ဝလုံးကို သီးသန့်သုံးတာလည်း ရှိတယ်။

စစ်ကောင်စီ တိုင်းရင်းသားဒေသတွေကို တအားထိုးတာများတဲ့ ရေလှိုင်းစစ်ဆင်ရေးကို သုံးတာများတယ်။ အဲဒီသုံးခုကို ဒီကောင်တွေထိုးတာက ကျွန်တော်တို့ ပုံမှန်စစ်ရေးအရဆို သုံးနာရီ၊ငါးနာရီ ဒီကြားမှာပဲ စစ် ကောင်စီတပ်အနေနဲ့ စစ်ကြောင်းထိုးတာများတယ်။ ကျွန်တော်တို့အနေနဲ့ တိုက်မယ်ဆိုလည်း ဒီအချိန်တွေ တိုက်တာများတယ်။ ဒါပေမယ့် ဒီကောင်တွေက ဘာဖြစ်လဲဆိုရင် နေ့လည်ခင်းလည်း စစ်ကြောင်းထိုးတယ်။ မထင်ရင်မထင်သလိုပေါ့။ ကျွန်တော်တို့ လုံးဝမခန့်မှန်းထားတဲ့ အခြေအနေအထိကို ဒီကောင်တွေ စစ်ကြောင်း ထိုးတာဆိုတော့ ကျွန်တော်တို့ ရင်ဆိုင်တိုက်ရတာ နည်းနည်းလေးအခက်အခဲဖြစ်တယ်။ သူတို့ဘယ်လိုဗျူဟာ သုံးနေလဲဆိုတာ ကျွန်တော်တို့ သိတယ်။ သူတို့ဗျူဟာကို ကျွန်တော်တို့ ဘယ်လိုအကောင်းဆုံး တိုက်ထုတ်ရမ လဲ။ ကျွန်တော်တို့ ဘယ်လိုတန်ပြန်ဗျူဟာသုံးပြီး တိုက်ထုတ်ရမလဲဆိုတာ ကျွန်တော်တို့သိတယ်။ ဒါပေမယ့် လက်နက်ပိုင်းဆိုင်ရာ စက်ကလေး၊ စက်ကြီး၊ ပြောင်းတို ၆၀ကွန်မန်ဒိုတွေကအစ အာပီဂျီတွေလည်း ၁၀လက် လောက်ပါတယ်။ အဲဒီလိုအနေအထားမှာ လက်လုပ်နဲ့ကျ ကျွန်တော်တို့ ဘယ်လိုမှ တောင့်ခံလို့ မရဘူး။ ကျွန်တော်တို့မှာ အခက်အခဲအများကြီးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကျေးရွာတွေကိုတော့ မီးရှို့လို့မရဘူး။ သူတို့ကျေးရွာကို မီးရှို့တယ်ဆိုတာ အညာသားတွေရဲ့သတ္တိကို ဒီကောင်တွေနှိုးဆွလိုက်တယ်လို့ ကျွန်တော်တို့ ခံယူတယ်။ ဒီကောင်တွေ ဦးနှောက်ရှိရှိနဲ့ တိုက်တက်မယ်ဆိုရင် ပုံမှန်ပဲတိုက်ပါ။ ကျွန်တော်PDF၊ ကျွန်တော့်ကို မိရင်သတ်သွားလိုက် ကျွန်တော်လက်ခံတယ်။ ဒါပေမယ့် အပြစ်မဲ့တဲ့ ပြည်သူမိန်းခလေးကို မုဒိန်းကျင့်တာမျိုး ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်ကို မီးရှို့တာမျိုးဆို ကျွန်တော်တို့အနေနဲ့ လုံးဝလက်ခံနိုင်စရာမရှိဘူး။ လုံးဝခွင့်လွှတ်နိုင်စရာ မရှိဘူး။ အခုမီးရှို့ရင် အခုတိုက်လိုက်။ ဒါကကျွန်တော်တို့ ရိုးရှင်းတယ်ကျွန်တော်တို့က ။ ကျွန်တော်တို့စခန်းကို သိမ်းနိုင်ရင် မီးရှို့ လက်ခံတယ်။ ဒါ PDF စခန်း၊ ကျွန်တော်တို့လည်း သူတို့စခန်းကို သိမ်းနိုင်ရင် မီးရှို့တယ်။ ပြည်သူအမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ ပြည်သူ့အိမ်တွေကို မီးရှို့တယ်။ ဒါမျိုးကိုတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ၁၆၊၁၇အထိ ကျွန်တော်တို့ တောင့်ခံခဲ့တယ်။ ၁၈ရက်နေ့မှာ သူတို့ဘက်က ပြည်သူအိမ်ကိုမီးရှို့တဲ့အတွက် ကျွန်တော်တို့ဘက်ကပဲ သွားတိုက်ခဲ့တယ်။သူတို့ဘက်က အရာရှိတစ်ဦးအပါအဝင် ခုနှစ်ယောက်သေပြီးတော့ သူတို့အလောင်းတွေကို သူတို့မြှုပ်ခဲ့တယ်။ ဘီလူးကွန် မန်ဒိုက တိုက်ခိုက်မှုကောင်းတယ်။ ဒါပေမယ့် အညာသားတွေကို လျော့တွက်လိုက်မယ်ဆိုရင် အညာသားက နွားမဟုတ်ပါဘူး ကျားဖြစ်တဲ့အတွက် လာပြီး အမြှီးမဆွဲနဲ့ ကျွန်တော်တို့ရဲ့ဇကို စမ်းလိုက်တဲ့ပုံစံမျိုး ဖြစ်တယ်။

ဘီလူးစစ်ကြောင်းမှာ တပ်အင်အား ဘယ်လောက်လောက်ပါသလဲ။

ကျွန်တော်တို့သိထားသလောက် ဒီကောင်တွေက အရာတော်ဘက်ကနေဆင်းလာတယ်။ စစ်ကိုင်းတိုင်းကနေ မကွေးတိုင်းအထိပါ သူတို့ရောက်လာတယ်။ ခန့်မှန်းမိသလောက်ဆို သူတို့အင်အားက နှစ်ရာကျော်ပါမယ်။ အသက်ကြီးပိုင်းအနေနဲ့ဆို သုံးလေးယောက်ပါမယ်။ အားလုံးကအရပ်ဝတ်တွေဝတ်ထားကြတယ်။ စစ်ဝတ်စုံ ဝတ်တာဆို သူတို့ထဲမှာ အနည်းအကျဉ်းလောက်ပဲရှိမယ်။ -ဘီလူးစစ်ကြောင်းနဲ့ တိုက်ပွဲမှာ ဆုံးရှုံးမှုနဲ့ ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရလဲ။ ဆုံးရှုံးမှုအနေနဲ့ကတော့ ကျွန်တော်တို့ဘက်က အများကြီးမရှိပါဘူး။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ယောက် တော့ ထိခိုက်ဒဏ်ရာရတယ်ပေါ့။ သူတို့ဘက်က ၇ယောက်သေတယ်။ ကျွန်တော်တို့ဘက် ဒဏ်ရာရတယ်ပေါ့ နှစ်ယောက်ပေါ့။ တစ်ယောက်က အခြေအနေတော်တော်လေးဆိုးတယ်။ အခုတော့သက်သာနေပါပြီ။ တပ်မ ၉၉ရဲ့ ဘီလူးစစ်ကြောင်းကို ကျွန်တော်တို့ တိုက်ခိုက်နေရချိန်မှာ ကျွန်တော်တို့ လက်ခွဲချထားတဲ့ စစ်ရေးလှုပ် ရှားမှု အစွမ်းပြနေတဲ့ အမှတ်(၁)စစ်ဆင်ရေးစခန်းက သိမ်းခံရတယ်။ ပုံမှန်လိုဆို စစ်ကြောင်းထိုးရင် ကျွန်တော် တို့ ဌာနချုပ်ကနေ လက်နက်အင်အားနဲ့ ဖောက်ခွဲရေး ပစ္စည်းများစွာနဲ့သွားတိုက်ခိုက်တယ်။ အခုတော့ မတိုက် ခိုက်နိုင်တော့ဘူး။ ဘာလို့လဲဆို တဖက်မှာလည်း ဘီလူးစစ်ကြောင်းကို ထိန်းထားရတယ်။ တဖက်မှာလည်း တိုက်ခံရတယ်ဆိုတော့ ကျွန်တော်တို့ အမှတ်(၁)စစ်ဆင်ရေးစခန်းက ဖောက်ခွဲရေးပစ္စည်းတွေ အများဆုံးအသုံး ပြုနေရတဲ့ လက်လုပ်အာပီဂျီတွေ၊ လက်လုပ်ပခုံးထမ်းတွေ၊ ကျည်တွေ ကျွန်တော်တို့ အများကြီးဆုံးရှုံးခဲ့ပါ တယ်။

ဘီလူးစစ်ကြောင်းက ဘယ်လို ဗျူဟာတွေနဲ့ ထိုးစစ်ဆင်တာရှိလဲ။

တခြားစစ်ကြောင်းတွေနဲ့ ဘာကွားခြားချက် တွေ ရှိလဲ။ ရှေ့မှာ ကျွန်တော်ပြောခဲ့သလိုပဲ ဘီလူးစစ်ကြောင်းမှာ အားသာချက်တစ်ခုရှိတယ်။ အခြားသော စစ်ကြောင်း တွေက သိမ်းပိုက်မယ်ဆိုရင် ပစ်ဝင်တာ၊ သူတို့မတိုက်ခင် မီတာ၁၀၀လောက်ကနေ ပစ်ဝင်တာ တိုက်ခိုက်တဲ့အ ချိန်မှာ ပြင်ဆင်ချိန်ရှိတယ်။ တိုက်ခိုက်ချိန်မှာ ပြင်ဆင်ချိန်ရှိတယ်။ ပြန်ဆုတ်ချိန်ရှိတယ်။ ဘီလူးစစ်ကြောင်းကျ ပစ်မဝင်ဘူး။ တြိဂံပုံစံအတိုင်းအယောင်ပြ တက်လာတယ်။ နောက်မှတြိဂံပုံစံအတိုင်း ဖြတ်လာပြီး ဝလုံးပုံစံဝိုင်း ပြီးမှ စခန်းကို ဝိုင်းပစ်တာပေါ့။ အဲဒီအချိန် ကျွန်တော်တို့ PDFတွေအနေနဲ့ ရွေးချယ်စရာ နှစ်လမ်းပဲရှိတော့ တယ်။ ရှောင်လို့ မရတော့ဘူး။ အပြတ်တိုက်မယ် ။ သူတိုကို ပြန်ပြီးတော့ တိုက်မယ်။ ပြန်တိုက်မလား၊ တိုက်ဆုတ်ဆုတ်မလားပေါ့။ တိုက်ခိုက်ရတဲ့အချိန်မှာ ဘီလူးစစ်ကြောင်းကျတော့ ကျွန်တော်တို့ အနေနဲ့ အတော်လေးဆိုးဆိုးဝါးဝါးတော့ ဖြစ်မယ်ဗျ။

လတ်တလော အညာဒေသရဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပါဦး။

အညာဒေသနဲ့ စစ်ကောင်စီတိုက်ခိုက်ရတဲ့အချိန် ကွာခြားမှုက အတော်လေးကွာခြားတယ်။ အညာဒေသမှာက လက်နက်အစစ်နည်းပါးတယ်။ ကျွန်တော်တို့ အဖွဲ့တွေပေါ့ လူအင်အားနည်းပါးတယ်။ လက်နက်အစစ်မရှိဘူး။ သူတို့က အညာကို အထင်သေးမိတယ်။ တိုင်းရင်းသားဘက်တွေမှာ မောင်းပြန်ကိုင်ဆောင်တဲ့ဘက်တွေမှာ သူတို့နဲ့ တိုက်ရတဲ့အချိန်မှာ သူတို့ဘက်က အားနည်းမှုတွေ အများကြီးရှိတယ်။သူတို့ဘက်က ကျဆုံးတာတွေ အများကြီးရှိတယ်။ PDFတွေဘက်မှာက အားသာတယ်။ အညာဒေသမှာတော့ လက်နက်အစစ်မရှိဘူး။ ကျွန်တော်တို့ ထုတ်လုပ်ထားတဲ့ လက်လုပ်သေနတ်တွေရှိတယ်။ ဒါတွေက သူတို့ကို သေစေနိုင်တာပဲ ဟိုအရင်က ဂွတွေ၊ မီးပုလင်းတွေနဲ့ ပစ်ခဲ့သေးတာပဲ။ အခုချိန်မှာ ကိုယ့် လက်ထဲမှာလည်း သူတို့ကို သေစေနိုင်တဲ့လက်နက်ရှိသွားပြီ။ သူတို့ကို ဘာမှဂရုစိုက်စရာမလိုဘူး။ သူတို့ပြောတယ်။ သေရဲတဲ့ကောင်တက်ခဲ့၊ ကျွန်တော်တို့ သေရဲတယ်ထွက်ခဲ့တယ်။ အခုချိန်မှာ မင်းဘာ ကောင်လဲ ငါဘာကောင်လဲ မေးရတော့မယ့်အချိန်ဖြစ်သွားပြီ။ သူတို့သေရဲရင်တက်လာခဲ့ ။ကျွန်တော်တို့ အညာက ထိုင်စောင့်နေမယ်။ ကျွန်တော်တို့ အညာမြေကို ကာကွယ်နေတယ် ။ အညာသားစစ်စစ်တွေ အညာမြေမှာ အများကြီးရှိတယ်။ အညာကိုတော့ လုံးဝအထင်သေးမမိလိုက်စေနဲ့ ။မင်းအောင်လှိုင်အနေနဲ့ စစ်ပွဲကြာချိန် ၅မိနစ်တောင် သူတို့ ကလေယာဉ်ခေါ်တယ်။ တချို့ဆို ကျည်ကုန်လို့ ဂွနဲ့ပစ်နေတဲ့ PDF ကိုတောင် သူတို့က လေယာဉ်ခေါ်တယ်ဆိုတော့ သူတို့ရဲ့တိုက်ခိုက်မှုစွမ်းရည် ဘယ်လောက်ပျက်ပြားနေပြီလဲ သူတို့ရဲ့စစ်ဆင်ရေးစွမ်းရည် ဘယ်လောက်ပျက်ပြားနေပြီလဲ အားလုံးအသိပဲပေါ့နော်။

နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

မင်းအောင်လှိုင်ကို လျှောက်လျှောက်ပြီး မလုပ်နဲ့။ သေချာလေးစနစ်တကျပေါ့ တိုက်မှာဆိုလည်း သေချာတိုက်။ ပြည်သူအိမ်မီးမရှို့နဲ့ ပြည်သူမိန်းခလေးကို မုဒိန်းမကျင့်နဲ့ ။ အဲ့လိုလုပ်ရင် ကျွန်တော်တို့ဘက်က ခွင့်လွှတ်နိုင်စ ရာမရှိဘူး။ ကျပ်မပြည့်သလို ကျပ်ပြည့်သလိုနဲ့ ဦးနှောက်တစ်ခြမ်းပဲ့ပြီးလျှောက်မလုပ်ပါနဲ့။ စနစ်တကျနဲ့ တိုက်မှာဆိုလည်း တိုက်ပါ။ ဘယ်မှမပြေးဘူး ။ မင်းတို့လာမှာဆိုရင် ငါတို့ကောင်တွေ ထိုင်စောင့်ပြီးတိုက်မယ်။ မင်းတို့မလာရင် ငါတို့လာတိုက်မယ်။ အဖြေကရှင်းရှင်းလေး။ မနိုင်ဘူးထင်ရင်လည်း တော်လှန်ရေး အရှုံးပေး လိုက်တော့။ ရှုံးမဲမဲပြီး မကောက်ကျစ်ပါနဲ့ မရက်စက်ပါနဲ့ မယုတ်မာပါနဲ့ ကျွန်တော်ကတော့ ဒီလောက်ပဲ သတိပေးချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.