“ကိုကိုးကျွန်း စစ်စခန်းတည်ဆောက်မှု တရုတ်ပါဝင်နေသလား”
ကိုကိုးကျွန်း ၊ ဧပြီ (၆) မြန်မာပိုင်နက်ဖြစ်တဲ့ ကိုကိုးကျွန်းမှာ လေယာဉ်ပြေးလမ်းတိုးချဲ့တာတွေ၊ သိုလှောင်ရုံနဲ့ ရေဒါစခန်းအပါအဝင် စစ်ရေးဆိုင်ရာ အဆောက်အအုံသစ်တွေ တည်ဆောက်မှုတွေမှာ တရုတ်ပါဝင်နိုင်တယ်ဆိုတဲ့ သံသယတွေ ထွက်ပေါ်လာနေတယ်လို့ နိုင်ငံတကာသတင်းဌာနတချို့က ဖော်ပြပါတယ်။ နည်းပညာကုမ္ပဏီ Maxar Technologies ကနေ ဇန်နဝါရီမှာ ထုတ်ပြန်တဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ ကိုကိုးကျွန်းပေါ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးမြှင့်တည်ဆောက်နေတဲ့ပုံတွေကို ပြသနေတာ ဖြစ်ပါတယ်။ လန်ဒန်အခြေစိုက်…
