ဝန်ကြီးချုပ်ကို ဝေဖန်တဲ့ အကောင့်တွေ မဖယ်ရှားပေးရင် တွစ်တာကို ပိတ်ပစ်မယ်လို့ အိန္ဒိယ ခြိမ်းခြောက်

0
2276

နယူးဒေလီ – ဇွန်(၁၅) 

အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ဝေဖန်နေတဲ့ တွစ်တာအကောင့်တွေကို မဖယ်ရှားပေးရင် နိုင်ငံအတွင်း တွစ်တာအသုံးပြုမှုကို ပိတ်ပင်သွားမှာ ဖြစ်တဲ့အပြင် ဝန်ထမ်းတွေရဲ့ နေအိမ်တွေကိုပါ ဝင်ရောက် စီးနင်းသွားမှာဖြစ်တယ်လို့ အစိုးရက ခြိမ်းခြောက်ထားပါတယ်။ 

တွစ်တာဟာ အိန္ဒိယ အာဏာပိုင်တွေရဲ့ တောင်းဆိုမှုအရ မိုဒီကို ဝေဖန်နေတဲ့ အကောင့်တွေကို ပုံမှန်ဖယ်ရှားတာ ဒါမှမဟုတ် ပိတ်ဆို့တာတွေကို ပြုလုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။ 

အိန္ဒိယအာဏာပိုင်တွေဟာ တွစ်တာ စတင်တည်ထောင်ခဲ့တဲ့ အမှုဆောင်ဟောင်း ဂျက်ဒိုဆီ ကလည်း သူတာဝန်ယူဆောင်ရွက်တဲ့ ကာလအတွင်း ဖိအားပေးမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ရဖူးတယ်လို့ ပြောပါတယ်။ 

အာဏာပိုင်တွေဟာ အိန္ဒိယနိုင်ငံအတွင်း တွစ်တာကို ပိတ်ပစ်မှာဖြစ်သလို သူတို့လိုလားချက် အတိုင်း ဆောင်ရွက်တာ မရှိရင် ဝန်ထမ်းတွေရဲ့ နေအိမ်တွေအထိ ဝင်ရောက်စီးနင်းသွားမှာ ဖြစ်တယ်လို့ ဒိုဆီ Youtube Chat Show မှာ ခြိမ်းခြောက်ခဲ့တာပါ။ 

အိန္ဒိယ သတင်းအချက်အလက်ဝန်ကြီးက ဒိုဆီရဲ့ ပြောဆိုချက်ဟာ အလိမ်အညာသာ ဖြစ်ပြီး တွစ်တာဟာ ဒေသန္တရ ဥပဒေတွေကို ထပ်ခါတလဲ ချိုးဖောက်နေတာဖြစ်တယ်လို့ စွပ်စွဲထား ပါတယ်။ 

တွစ်တာပေါ်က အကြောင်းအရာတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယ ဟာ စတုတ္ထမြောက်နိုင်ငံဖြစ်ပြီး သူ့ရှေ့မှာ ဂျပန်၊ ရုရှားနဲ့ တူရကီနိုင်ငံတို့ ဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ မတ်လကလည်း အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မြောက်ပိုင်းက အစွန်းရောက် ဆစ်ခ် တရားဟော ဆရာကို လက်လံရှာဖွေမှုနဲ့ ပတ်သက်ပြီး တွစ်တာက ဂျာနယ်လစ်တွေရဲ့ အကောင့် တွေကို ပိတ်ဆို့ခဲ့တယ်လို့ သိရ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကလည်း ကိုဗစ်ကူးစက်မှုတွေ မြင့်တက်ချိန်မှာ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်း မှုအပေါ် ဝေဖန်တဲ့ ပိုစ့်တွေကို ဖယ်ရှားဖို့ တွစ်တာနဲ့ Facebook တို့ကို အိန္ဒိယအစိုးရက အမိန့်ပေး ထားထားပါသေးတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.